Connect with us

Myanmar

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၃၃ ကြိမ်မြောက်ဆီးဂိမ်းပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာအသင်း ရွှေတံဆိပ်ဆုရရှိမည်ဟု မျှော်မှန်းထား

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲအမျိုးအစား လေးမျိုး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ရွှေတံဆိပ်ဆု ၂ ဆု ရရှိမည်ဟု မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဇော်လင်းက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။

“၄ ယောက်တွဲ ယောက်ျားလေးအသင်းအတွက် ရွှေတံဆိပ်ရမယ်လို့ မှန်းထားပါတယ်။ မိန်းကလေး ၂ ယောက်၊ ယောက်ျားလေး ၂ ယောက် ပေါင်းပြီး ကစားရတဲ့ Mix Quadrant လို့ခေါ်တဲ့ ပွဲအတွက်လည်း ရွှေတံဆိပ်ရဖို့ မျှော်မှန်းထားပါတယ်” ဟု ဦးဇော်လင်းက ပြောသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အမျိုးသားသုံးယောက်တွဲ (Men Team Regu) ပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်းက အုပ်စု(A)တွင် မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းများနှင့် ကျရောက်လျက်ရှိပြီး အမျိုးသမီးသုံးယောက်တွဲ (Women Team Regu) ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းက အုပ်စု (B) မှာ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားအသင်း တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“စခန်းသွင်းလေ့ကျင့်မှုကို ကျွန်တော်တို့ က ၁ လပိုင်းကတည်းက camp သွင်းပြီး ဆောင်ရွက်နေတာပါ။ သိပ်မကြာခင်ကလည်း ထိုင်းဘုရင့်ဖလားပြိုင်ပွဲကို ကျွန်တော်တို့ သွားပြိုင်ထားပါတယ်။ ဒီဇင်ဘာလ ၇ ရက်မှာ ကျွန်တော်တို့ ပြိုင်ပွဲဝင်ဖို့အတွက် ထိုင်းနိုင်ငံကို ထွက်ခွာမှာပါ” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။
အမျိုးသားလေးယောက်တွဲ (Men Quadrant) ပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်းက အုပ်စု(A) တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမော၊ ထိုင်းအသင်းများနှင့် ကျရောက်လျက်ရှိပြီး အမျိုးသမီးလေးယောက်တွဲ(Women Quadrant) ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းက အုပ်စု(B) အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းအသင်းတို့နှင့် ကျရောက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အမျိုးသား၊ အမျိုးသမီးလေးယောက်တွဲ (Mix Quadrant) ပြိုင်ပွဲတွင် မြန်မာအသင်းက အုပ်စု(B) ဗီယက်နမ်၊ မလေးရှား၊ လာအိုအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်လျက်ရှိကြောင်း သိရသည်။ ကွင်းသွင်းခြင်းခတ် (Men Hoop) ပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်းက ထိုင်း၊ တီမော၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်လျက်ရှိပြီး မြန်မာအမျိုးသမီးအသင်းက ထိုင်း၊ ကမ္ဘော ဒီးယား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နှင့် ကျရောက်လျက်ရှိကြောင်း သိရသည်။
“ဆီးဂိမ်းပြိုင်ပွဲကို လူဦးရေက အုပ်ချုပ်နည်းပြ ကစားသမား ၄၄ ယောက်နဲ့ အဖွဲ့ခေါင်းဆောင် ၁ ယောက် စုစုပေါင်း ၄၅ ယောက်သွားကြမှာပါ။ ကျွန်တော်တို့ အနေနဲ့ ၃၃ ကြိမ်မောက် ဆီးဂိမ်းမှာ ရွှေတံဆိပ်ရရှိရေးကိုမှန်းထားသလို တခြားပွဲစဉ်တွေအတွက်အတွက်လည်း ဆုတံဆိပ်တွေရရှိအောင် ကြိုးစားနေပါတယ်” ဟု ၎င်းကပြောသည်။
ဆီးဂိမ်းပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ (၉) ရက်ကနေ (၂၀) ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့နဲ့ ဆောင်ခလာမြို့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117