Connect with us

China

လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲမှုအပေါ် တရုတ်နိုင်ငံ၏ သဘောထားအား ဝမ်ရိ ပြောကြား

ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ၁၀ နိုင်ငံ နိုင်ငံ့ခေါင်းဆောင်များ အာဖရိကသမဂ္ဂကော်မတီ (C10) နှင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်၍ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲမှုအပေါ် တရုတ်နိုင်ငံ၏ သဘောထားအား ရှင်းလင်းပြောကြားနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၆ ရက်က ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ၁၀ နိုင်ငံ နိုင်ငံ့ခေါင်းဆောင်များ အာဖရိကသမဂ္ဂကော်မတီ (C10)နှင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်၍ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲမှုအပေါ် တရုတ်နိုင်ငံ၏ သဘောထားအား ရှင်းလင်းပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်-အာဖရိက ဆက်ဆံရေးသည် သမိုင်း၏ အကောင်းဆုံး အချိန်အခါတွင် ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပခဲ့ရာ သမ္မတ ရှီကျင့်ဖိန်က ခေတ်မီအသွင်ပြောင်းရေး တရုတ်-အာဖရိက အတူလက်တွဲ တွန်းအားပေးရန် အတွက် ခံယူချက် ၆ ရပ်ကို အဆိုပြုပြီး၊ ကဏ္ဍ ၁၀ ရပ် မိတ်ဖက် လှုပ်ရှားမှုကို ကြေညာခဲ့သည်မှာ “ကမ္ဘာ့ တောင်ဘက်ခြမ်း” ခေတ်မီအသွင်ပြောင်းရေး အရှိန်မြှင့်တင်မှု၊ ကမ္ဘာ့ ခေတ်မီအသွင်ပြောင်းရေး တွန်းအားပေးမှုအပေါ် ကြီးမားလေးနက်သည့် သက်ရောက်မှုရှိခဲ့ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြုပြင် ပြောင်းလဲမှုတွင် တရုတ်နိုင်ငံသည် အာဖရိက ညီအစ်ကိုများနှင့်အတူ အစဉ်ရပ်တည်လျက်ရှိရာ အာဖရိက၏ သမိုင်းတွင် မမျှတမှုကို ပြုပြင်ရန်အတွက် အခိုင်အမာ ထောက်ခံပြီး အာဖရိက၏ တောင်းဆိုချက်များကို ဦးစားပေး အထူးစီစဉ်ပေးရန် ဦးစွာ အဆိုပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ သဘောထားများအား အောက်ပါအတိုင်း အဆိုပြုလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပထမအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ကို ခိုင်မာစွာ မြှင့်တင်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ “ကမ္ဘာ့ တောင်ဘက်ခြမ်း” နိုင်ငံများ၏ ကိုယ်စားပြုမှုကို လက်တွေ့မြှင့်တင်မည်ဖြစ်ရာ အာဖရိက နိုင်ငံများအပါအဝင် ပို၍များပြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အသေးစားနှင့် အလတ်စားနိုင်ငံများ၏ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွင် ပါဝင်စေခြင်း၊ လုံခြုံရေးကောင်စီ၏ ဩဇာအရှိန်အဝါနှင့် ထိရောက်မှုနှုန်းကို မြှင့်တင်ခြင်းဖြင့် နိုင်ငံတကာ စနစ် ပို၍ တရားမျှတ၊ တရားနည်းလမ်းကျသည့် ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီသည် နိုင်ငံကြီးများ သို့မဟုတ် ချမ်းသာကြွယ်ဝသောနိုင်ငံများ၏ ကလပ်မဟုတ်သလို နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှုများပြုလုပ်သည့် အပြိုင်အဆိုင် သတ်ပုတ်ကွင်း ပို၍ပင် မဟုတ်ကြောင်း၊ လုံခြုံရေးကောင်စီ၌ တောင်-မြောက် ဟန်ချက်မညီမှု၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကိုယ်စားပြုမှု တစ်ဖက်စောင်းနင်း ဖြစ်နေသည့် အခြေအနေကို လက်တွေ့ ပြောင်းလဲရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် အာဖရိက ဦးစားပေး အထူးအစီအစဉ်၏ ပြုပြင်ပြောင်းလဲမှု လမ်းစဉ်ကို အခိုင်အမာ ထားရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အာဖရိက ဦးစားပေးမှု မပြည့်စုံသည့် လုံခြုံရေးကောင်စီ၏ဖွဲ့စည်းမှုမှာ ဆီလျော်သည်ဟု ဆိုနိုင်ရန် ခဲယဉ်းရာ ဤမမျှတမှုကို ပြုပြင်ရန် ဆန်းသစ်ဖန်တီးမှုရှိရမည် ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်က သမ္မတ ရှီကျင့်ဖိန်သည် အာဖရိက တောင်းဆိုချက် ဖြေရှင်းရေးကို ဦးစားပေး အထူးစီစဉ်ပေးရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း ဦးစွာ ကြေညာပြီး အာဖရိက တောင်းဆိုချက်၏ တရားမျှတမှုကို ထောက်ခံသည့်အသံအား ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အာဖရိကနှင့်တကွ ဘက်ပေါင်းစုံနှင့်အတူ အာဖရိက အရေး ဦးစားပေး အထူးစီစဉ်ပေးသည့် ဖော်ဆောင်ရေး လမ်းစဉ်ကို အတူတကွ ကြိုးပမ်းရှာဖွေသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး အစိုးရချင်းဆွေးနွေးပွဲ၏ အဓိကကဏ္ဍကို ထောက်ခံရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး အစိုးရချင်း ဆွေးနွေးပွဲသည် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တရားဝင်ခွင့်ပြုမှု၊ အဖွဲ့ဝင်နိုင်ငံများ၏ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုကို ရရှိထားသည့် တစ်ခုတည်းသော ပလက်ဖောင်း ဖြစ်ပါကြောင်း၊ အစိုးရချင်း ဆွေးနွေးပွဲကဲ့သို့သော အားလုံးအတူ ထိုင်၍ ဆွေးနွေးနိုင်သည့် ပလက်ဖောင်းကို အတူတကွ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်း၏ ဘုံသဘောထားကို စဉ်ဆက်မပြတ် တိုးချဲ့ စုစည်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


…………………………………
(Chinese Version)
王毅谈中方对安理会改革的看法
新华社联合国9月26日电 当地时间9月26日,中共中央政治局委员、外交部长王毅在纽约联合国总部出席非盟安改十国元首委员会(C10)同安理会五常外长对话会,阐述了中方对安理会改革的看法。
王毅表示,中非关系正处于历史最好时期。中非合作论坛北京峰会成功举行,习近平主席就中非携手推进现代化提出六大主张、宣布十大伙伴行动,将对引领“全球南方”加快现代化、推动世界现代化产生重大深远影响。在安理会改革问题上,中方同样始终与非洲兄弟站在一起,坚定支持纠正非洲历史不公,率先提出就优先解决非洲诉求作出特殊安排。中方愿提出几点看法:
一要坚持提升发展中国家代表性和发言权。切实提高“全球南方”国家代表性,让包括非洲国家在内更多发展中国家特别是中小国家参与安理会决策,提升安理会权威和效率,推动国际秩序朝着更加公正合理方向发展。安理会不能成为大国或富国俱乐部,更不能成为搞政治对抗的角斗场。要切实改变安理会组成南北失衡、发达国家代表性过剩的局面。
二要锚定对非洲作出优先特殊安排的改革路径。非洲代表性不足的安理会架构难言合理,纠正这一不公须具有创造性。习近平主席去年率先宣布中方支持就优先解决非洲诉求作出特殊安排,带动了支持非洲诉求的正义呼声。中方愿同非方和各方一道,共同探讨对非优先特殊安排的落实路径。
三要支持联大安改政府间谈判的主渠道地位。安改政府间谈判是唯一得到联大授权、获得会员国广泛认可的平台。要共同维护好政府间谈判这个大家都能坐下来谈的平台,不断积累扩大国际社会的共识。
1. 当地时间9月26日,中共中央政治局委员、外交部长王毅在纽约联合国总部出席非盟安改十国元首委员会(C10)同安理会五常外长对话会,阐述了中方对安理会改革的看法。 新华社发(廖攀摄)