Connect with us

Latin America

လိုအပ်မှုရော ဆန့်ကျင်မှုပါတွေ့ကြုံနေရသော ရွှေ့ပြောင်းနေထိုင်သူများက နောက်ဆုံးတွင် ဓားစာခံများသာဖြစ်ခဲ့ရ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Eagle Pass အနီးရှိ အမေရိကန်-မက္ကဆီကိုနယ်စပ်မြစ် Rio Grande တွင် ကလေးငယ်များအား ကုန်းပိုး၍ မြစ်ကူးလာသော ရွှေ့ပြောင်းနေထိုင်သူ ၃ ဦးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် သမိုင်းတွင် ရွှေ့ပြောင်းနေထိုင်သူ အများအပြားဝင်ရောက်လာမှုကြောင့် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သို့သော် ယနေ့ခေတ်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများပြဿနာသည် အမေရိကန်နိုင်ငံတွင် ဆက်တိုက်ကြီးထွားလာရာ အမေရိကန်နိုင်ငံ၌ လူမျိုးရေးခွဲခြားခြင်းနှင့် ဂုဏ်သိက္ခာ အသိအမှတ်ပြုခြင်း ခွာပြဲမှု အသစ်များကို ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန်နိုင်ငံ၏ ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်သည် မတူညီသော လူတန်းစားများရှိ မဲဆန္ဒရှင်များ၏ တောင်းဆိုမှုကို ဖြည့်ဆည်းရန် “လူဝင်မှုကြီးကြပ်ရေး မူဝါဒ ဖဲကတ်” များကို အကြီးအကျယ် အသုံးချကစားခဲ့ကြရာ ၎င်းတို့အဆိုပြုသော မူဝါဒ အဆိုပြုချက်များသည် နိုင်ငံရေး ကြံစည်မှုများနှင့် ပြည့်နှက်နေပြီး လက်တွေ့တွင် အကောင်အထည်ဖော်ရန် ခက်ခဲလှသည်။ ရွှေ့ပြောင်းနေထိုင်သူများပြဿနာသည် လူမှုရေးပဋိပက္ခများကို ပိုမိုပြင်းထန်လာစေသည့် အကြောင်းရင်းတစ်ခုမှာ နိုင်ငံရေး အစွန်းရောက်အသွင် ပြောင်းလဲလာမှုနှင့် ဆင်းရဲချမ်းသာကွာဟမှု ပြင်းထန်လာခြင်း နောက်ခံအခြေအနေတွင် သာမာန်ပြည်သူများ၏ဘဝသည် ပို၍ ခဲယဉ်းလာပြီး “တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများက အမေရိကန်လူ့အဖွဲ့အစည်းကို ရိုက်ခတ်နေသည်” ဟူသော အဆိုကို ပုံကြီးချဲ့ပြောဆိုလာကြရာ အသစ်ရွှေ့ပြောင်းနေထိုင်သူများသည် အမေရိကန်ပြည်တွင်းရေးပဋိပက္ခများ၏ “ဓားစာခံများ” ဖြစ်လာခဲ့ကြရသည်။

အငြင်းပွားမှုများ၏ ဆုံချက်ဖြစ်လာ

ရွှေ့ပြောင်းနေထိုင်သူများပြဿနာသည် ယခုအကြိမ် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ ကာလအတွင်း လူအများ ဂရုစိုက်ခြင်းခံရဆုံး အကြောင်းအရာများထဲမှတစ်ခုဖြစ်သည်။ အမေရိကန် Pew Research Center ၏ စက်တင်ဘာ စစ်တမ်းတစ်ခုတွင် စစ်တမ်းကောက်ယူခဲ့သည့် မဲဆန္ဒရှင် ၆၁ ရာခိုင်နှုန်းသည် ဤပြဿနာက အလွန်အရေးကြီးသည်ဟု ယူဆကြပြီး ဤအချိုးအစားက ၂၀၂၂ ခုနှစ် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းပွိုင့်အထိ တိုးလာကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ ရီပက်ဘလီကန်နှင့် ဒီမိုကရက်တစ် ပါတီနှစ်ရပ်၏ မဲဆန္ဒရှင်များသည် ရွှေ့ပြောင်းနေထိုင်သူများပြဿနာအပေါ် အလေးထားမှု အတိုင်းအတာ မတူညီကြသော်လည်း ယေဘုယျအားဖြင့် မြင့်တက်သည့်အနေအထားတွင် ရှိသည်။ ရီပက်ဘလစ်ကန်ပါတီ မဲဆန္ဒရှင်များ၏ ၈၂ ရာခိုင်နှုန်းက “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများပြဿနာ” သည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းတို့၏ မဲပေးရွေးချယ်မှုများအတွက် အလွန်အရေးကြီးသည်ဟု ပြောကြားခဲ့ရာ ၂၀၂၀ ပြည့်နှစ်ထက် ၂၁ ရာခိုင်နှုန်းပွိုင့် တိုးလာကြောင်း၊ သို့သော် ဒီမိုကရက်တစ်ပါတီ မဲဆန္ဒရှင်များအကြား ဤအချိုးအစားသည် ၃၉ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၂ ခုနှစ်ကထက် ၈ ရာခိုင်နှုန်းပွိုင့် ပိုများကြောင်း စစ်တမ်းများတွင် ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ အောက်လွှတ်တော် ပညာရေးနှင့် လုပ်သားအင်အား ကော်မတီ၏ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ကြားနာပွဲ အစည်းအဝေးမှတ်တမ်းများတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် မေလအထိ “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ” ဦးရေ ၂.၄ သန်း တစ်ဟုန်တိုး မြင့်တက်လာရာ စုစုပေါင်း ၁၂.၆ သန်းအထိ ရှိလာခဲ့ပြီး ၎င်းတို့အနက် လူဦးရေ ၉ သန်းခန့်မှာ လုပ်သားအင်အားဖြစ်ကြောင်း ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်-မက္ကဆီကိုနယ်စပ်ရှိ “တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ” အရေအတွက်သည် ၂၂၅,၀၀၀ ကျော်လွန်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း လစဉ် အမြင့်ဆုံးစံချိန်သို့ရောက်ရှိခဲ့ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ “တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု” လူဦးရေ တစ်ဟုန်တိုး မြင့်တက်လာမှုမှာ စံချိန်တင်ခဲ့ရာ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် လူ ၂ သန်းရှိကြောင်း《The Washington Post》 ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ဤရွှေ့ပြောင်းနေထိုင်သူများကို မည်သို့ကိုင်တွယ်မည်နည်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအတွင်းတွင် သဘောထားကွဲလွဲမှုများ ပို၍ ကြီးမားလာ

ယခုနှစ် ဇန်နဝါရီလတွင် တက္ကဆက်ပြည်နယ်အစိုးရသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေစိုးမိုးခွင့် ကိစ္စနှင့်ပတ်သက်၍ ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ တက္ကဆက်ပြည်နယ် အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့က အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်သူများ တရားမဝင် ဝင်ရောက်မှုကို ဟန့်တားရန် သံဆူးကြိုးများစသည့် အတားအဆီးများ တပ်ဆင်ခဲ့သည့်အပြင် ဖက်ဒရယ် တရားဥပဒေစိုးမိုးရေး ဝန်ထမ်းများက အချင်းနေရာ၌ ဥပဒေစိုးမိုးရေးလုပ်ငန်း လုပ်ဆောင်ခြင်းကို ငြင်းဆိုခဲ့သည့်အတွက် နှစ်ဖက် တပ်ဖွဲ့ဝင်များသည် လက်နက်ကိုင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ပါတီနှင့် ဒေသဆိုင်ရာ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားသည့်အနေဖြင့် တက္ကဆက်နှင့် ဖလော်ရီဒါစသည့် ရီပက်ဘလစ်ကန်ပါတီ အဓိက အုပ်ချုပ်သောပြည်နယ်များက “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ”ကို ဘတ်စ်ကား၊ လေယာဉ် စသည့် သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် နယူးယောက်၊ ချီကာဂိုနှင့် မြို့တော် ဝါရှင်တန် အပါအဝင် ဒီမိုကရက်တစ်ပါတီဝင်များ အဓိကအုပ်ချုပ်သည့်မြို့များသို့ အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့သည်။

“တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ” စုပြုံဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်နိုင်ငံ ဒေသန္တရအစိုးရအချို့၏ ဘဏ္ဍာရေးမှာ ခံနိုင်ရည် မရှိတော့ဘဲ လုံခြုံရေးဌာနများ၏လူအင်အားမှာလည်း မနိုင်မနင်းဖြစ်ခဲ့ကြောင်း အမေရိကန်မီဒီယာအချို့က ဆိုခဲ့သည်။ အမေရိကန် Think Tank ပညာရှင်အချို့က ပြင်ပအလုပ်သမားများ ဝင်လာခြင်းသည် အမေရိကန်နိုင်ငံသားအချို့ကို အလုပ်အကိုင် ဈေးကွက်မှ တွန်းထုတ်ပြီး လုပ်အားခနှုန်းကိုလည်း အောက်သို့ ဆွဲချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ စီးပွားရေးသည် ပြင်ပမှ ဝင်ရောက်လာသော ရွှေ့ပြောင်းနေထိုင်သူများအပေါ် လိုအပ်မှု ကြီးမားကြောင်း၊ “နယ်စပ်ကို ပိတ်လိုက်လို့ အကျပ်အတည်းတွေ ဖြစ်လာတာ၊ နယ်စပ်ဖွင့်ပေးလိုက်လို့ အကျပ်အတည်းတွေ ဖြစ်လာတာ မဟုတ်ဘူး၊ လူတွေမှာ တရားဝင် ပြည်ဝင်ခွင့် နည်းလမ်းတွေ မရှိတဲ့အခါ တရားမဝင် ဝင်ရောက်ဖို့ပဲ ကြိုးပမ်းကြတော့မှာ” ဟူ၍လည်း အမေရိကန် Think Tank ပညာရှင်အချို့က ပြောကြားခဲ့သည်။

“လူဝင်မှုကြီးကြပ်ရေး မူဝါဒ ဖဲကတ်” များကို အကြီးအကျယ် အသုံးချကစား

မဲဆန္ဒအရေအတွက်သာလျှင် အရေးကြီးဆုံးဖြစ်သည့် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲစနစ်တွင် ရွှေ့ပြောင်းနေထိုင်သူများပြဿနာကို မဲဆန္ဒရှင်များ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်လာကြသည်နှင့်အမျှ ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်သည် မဲဆွယ်စည်းရုံးရန် “လူဝင်မှုကြီးကြပ်ရေး မူဝါဒ ဖဲကတ်” များကို အကြီးအကျယ် အသုံးချကစားခဲ့သည်။

ဒီမိုကရက်တစ်ပါတီသည် ၎င်းထိန်းချုပ်မှုအောက်ရှိ ဒေသတွင် ရွှေ့ပြောင်းနေထိုင်သူများ စသည့် လုပ်အားခနည်းပါးသည့် လုပ်သားအင်အားများအပေါ် ကြီးမားသော လိုအပ်မှုကို အခြေခံ၍ လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ပိုမို ဖြေလျှော့ရန် အားသန်လျက်ရှိရာ အမေရိကန်တွင် ကာလကြာမြင့်စွာနေထိုင်ခဲ့သော သို့မဟုတ် ငယ်ရွယ်စဉ်ကတည်းက အမေရိကန်သို့ ခေါ်ဆောင်လာသော ရွှေ့ပြောင်းနေထိုင်သူများကို တရားဝင် အထောက်အထားရရှိရေး အခွင့်အလမ်း ပံ့ပိုးပေးနိုင်ရန် ထောက်ခံခဲ့သည်။ ဤ ရွှေ့ပြောင်းနေထိုင်သူများမှ နိုင်ငံသားအဖြစ်ခံယူထားသည့်လူအုပ်စုသည် အနာဂတ်တွင် ဒီမိုကရက်တစ်ပါတီအတွက် ခိုင်မာသောဆန္ဒမဲဂိုဒေါင် ဖြစ်လာမည်ဖြစ်သည်။

သို့သော် လက်ရှိတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အမြောက်အမြားကို ပြည်နှင်ရန် ထောက်ခံသော အမေရိကန် မဲဆန္ဒရှင် အချိုးအစား သိသိသာသာမြင့်တက်လာသည်နှင့် အမျှ ဒီမိုကရက်တစ်ပါတီသည် ၎င်း၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒကို အလိုက်သင့်ပြုပြင်ခဲ့သည်။ ယခုနှစ် ဇွန်လတွင် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က ဒီမိုကရက်တစ်ပါတီရွေးကောက်ပွဲ အခြေအနေကို ပြန်လည်အားကောင်းလာစေရန် အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် လက်ခံနိုင်သော ခိုလှုံခွင့်လျှောက်ထားသူ အရေအတွက်ကို သိသိသာသာ ကန့်သတ်ရန် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအား တရားဝင်ဖြစ်စေရန် အခွင့်အလမ်းများပေးဆောင်ရမည့်အပြင် နယ်စပ်ဒေသ လုံခြုံရေး စီမံအုပ်ချုပ်မှုကိုလည်း အားဖြည့်တင်းရမည်ဟု အမေရိကန် ဒီမိုကရက်တစ်သမ္မတလောင်း၊ လက်ရှိ ဒုတိယသမ္မတ ဟားရစ်ကလည်း တရားဝင် ပြောကြားခဲ့သည်။
ရီပက်ဘလစ်ကန်ပါတီ ထိန်းချုပ်ထားသည့် မဲဆန္ဒနယ်အများစုမှာ ဝင်ငွေနည်းပါးသော လူဖြူများ အဓိကတည်ရှိရာ ၎င်းတို့အနေဖြင့် အသစ်ရွှေ့ပြောင်းနေထိုင်သူများက ၎င်းတို့၏ အလုပ်အကိုင်ဈေးကွက်အပေါ် ရိုက်ခတ်မည်ကို ပို၍ ဆန့်ကျင်ကြသည်။ ထို့ကြောင့် ရွှေ့ပြောင်းနေထိုင်သူ ပြည်ဝင်ခွင့် ကန့်သတ်မှု ပို၍ စည်းကြပ်ရန် လိုလားကြသည်။ ၎င်းတို့က “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ” ကို ကန့်သတ်ရန်၊ “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ” တရားဝင်ခွင့်ပြုခြင်းကို ဆန့်ကျင်ရန် အလေးထားကြသည်။ ယခုအကြိမ် ရွေးကောက်ပွဲတွင် ထရမ့်အဖွဲ့က ယခင် ပြုပြင်တည်ဆောက်ထားသော နယ်စပ်တံတိုင်းကို အခြေခံပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပမာဏအများအပြားနှင်ထုတ်ရန် အဆိုပြုကြပေသည်။ အထူးသဖြင့် ထရမ့်အဖွဲ့က အသစ်ရွှေ့ပြောင်းနေထိုင်သူများမှာ အာဖရိကနွယ်ဖွား၊ လက်တင်အမေရိကနွယ်ဖွား အမေရိကန်နိုင်ငံသားများနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၏ အလုပ်အကိုင်နေရာများကို လုယူသွားမည်ဟု အလေးပေးပြောကြားကြသည်။ အမေရိကန်အိမ်ခြံမြေဈေးမြင့်တက်မှုနှင့် ငွေကြေးဖောင်းပွမှု စသည့် ပြဿနာများသည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ၏အပြစ်အဖြစ် ဆိုကြသည်။ ဤနည်းလမ်းမှာ ဒီမိုကရက်တစ်ပါတီ ဆန္ဒမဲဂိုဒေါင်ထဲမှ လူဖြူမဟုတ်သောသူများနှင့် အလုပ်သမားသမဂ္ဂက လူများကို ထိရောက်စွာ ခွဲထုတ်စည်းရုံးလိုက်နိုင်ကောင်း လိုက်နိုင်ပေမည်။

သုံးသပ်သူများက အမေရိကန် ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာမှာ ကာလကြာရှည် ရှိနေပြီးဖြစ်သော်လည်း ပါတီနှစ်ရပ်၏ နိုင်ငံရေးအသွင်ပြောင်းမှုခံရသည့်အတွက် မလွဲမသွေ အဖြေရှာမရသည့် အခက်အခဲဖြစ်လာခဲ့ပါသည်။
ကယ်လီဖိုးနီးယားတက္ကသိုလ် ဆန်ဒီယေဂိုကျောင်းခွဲ မြို့ပြရေးရာ သုတေသနနှင့် စီမံကိန်းရေးရာ ပါမောက္ခ Abigail Andrews က ရွှေ့ပြောင်းနေထိုင်သူများနှင့် အကောက်ခွန် ဥပဒေစိုးမိုးရေးဌာနများ၏ လက်ရှိ အင်အားလေးဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာကို ခြေရာခံလိုက်၍မရနိုင်ကြောင်း ပြောကြားခဲ့သည်။ George W. Bush Institute မှ လူဝင်မှုကြီးကြပ်ရေးမူဝါဒရေးရာ ကျွမ်းကျင်သူ Laura Collins က စီးပွားရေးရှုထောင့်မှ ကြည့်လျှင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ခြင်းသည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများက အမေရိကန်၏ အနိမ့်ဆုံးသော လုပ်သားအင်အားဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက အမေရိကန်တွင် ဝယ်ယူသုံးစွဲမှုရှိပြီး စီးပွားရေးတိုးတက်အောင် လှုံ့ဆော်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

“ဓားစာခံ” ဖြစ်ရသည့် အခြေခံအရင်းအမြစ်မှာ အဘယ်နည်း

အမေရိကန်နိုင်ငံသည် “ရွှေ့ပြောင်းနေထိုင်သူများ၏ နိုင်ငံ” တစ်ခု ဖြစ်သည်။ အမေရိကန်အနေဖြင့် ၎င်း၏ စည်ပင်ဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုက ရွှေ့ပြောင်းနေထိုင်သူများ၏ အကျိုးဆောင်မှုနှင့် ကင်းကွာ၍မရဟု အစဉ်တစ်စိုက် ယူဆခဲ့သည်။ သို့သော် အမေရိကန်၏လူဝင်မှုကြီးကြပ်ရေးဥပဒေတွင် လူမျိုးရေးခွဲခြားမှု အရောင်အသွးများ ကာလကြာရှည တည်ရှိခဲ့ရာ ဥရောပ လူဖြူများအတွက် သတ်မှတ်ချက်နိမ့်သော်လည်း အာရှနှင့် လက်တင်အမေရိက ရွှေ့ပြောင်းနေထိုင်သူများအတွက် အကန့်အသတ် အများအပြား ရှိပေသည်။ တရားမဝင် လမ်းကြောင်းမှ အမေရိကန်သို့ ဝင်ရောက်လာသူ အများအပြားမှာ အနိမ့်ဆုံး လုပ်အားတွင် လုပ်ကိုင်ကြခြင်းဖြစ်ပြီး အမေရိကန် လူမှုအသိုက်အဝန်းက ဤတန်ဖိုးနိမ့်လုပ်သားအင်အားမှ ဆောင်ကြဉ်းပေးသည့် စီးပွားရေးကို စံစားနေခဲ့သည်။

အမေရိကန်၏ ပြယုဂ်တစ်ခုဖြစ်သည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများသမိုင်းကို ဒုတိယ ကမ္ဘာစစ်ကာလသို့ ပြန်ပြောင်းကြည့်နိုင်ပေသည်။ အမေရိကန်နှင့် မက္ကဆီကို နှစ်နိုင်ငံသည် စစ်မက်ကာလ အမေရိကန်နိုင်ငံ၏ လုပ်သားအင်အား လိုအပ်မှု ပြဿနာကို ဖြေရှင်းရန်အတွက်လည်းကောင်း၊ မက္ကဆီကို လုပ်သားများ အမေရိကန်သို့ တရားဝင် ဝင်ရောက်နိုင်ရေးလမ်းကြောင်း ပံ့ပိုးရန်အတွက်လည်းကောင်း ၁၉၄၂ ခုနှစ်တွင် “ရာသီအလိုက် လုပ်သား စီမံကိန်း” ကို ဖော်ဆောင်ခဲ့သည်။ သို့သော် ယင်းစီမံကိန်းအား လျှောက်ထားသူ၏ အရေအတွက်မှာ အမေရိကန်နိုင်ငံမှ ပေးသော ဗီဇာအရေအတွက်ထက် များစွာ များပြားနေခြင်းကြောင့် မက္ကဆီကိုနိုင်ငံသား အများအပြားက အမေရိကန်သို့ တရားမဝင် ဝင်ရောက်ခဲ့ကြသည်။

Pew Research Center ၏ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်သည့် စစ်တမ်း အစီအရင်ခံအရ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ အဓိက အလုပ်အကိုင်များမှာ အိမ်ခေါင်မိုးပြင်၊ ဆေးသုတ်၊ လယ်ယာလုပ်သား၊ ဆောက်လုပ်ရေးလုပ်သား၊ စားပွဲထိုး၊ သန့်ရှင်းရေး စသည့် အလုပ်များ ဖြစ်ကြကြောင်း သိရသည်။
အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွင် လယ်ယာလုပ်သားများသည် ၃၂ ဒီဂရီစင်တီဂရိတ် အပူချိန်မြင့်မားသည့် လယ်ယာလုပ်ငန်းခွင်တွင် နာရီပေါင်းများစွာ ဆက်တိုက်အလုပ်လုပ်ပြီးမှ ၅ မိနစ်အနားယူနိုင်ကြောင်း၊ ၎င်းတို့သည် သောက်သုံးရေ လိုအပ်မှုရှိရာ အပူဒဏ်မှ လွတ်မြောက်ရန် တစ်ခုတည်းသော နေရာမှာ လေအေးပေးစက်မရှိသော ဘတ်စ်ကားဖြစ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း မူးလဲပြီး သေဆုံးသည့် ဖြစ်ရပ်များလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။

ကော်လိုရာဒိုတက္ကသိုလ် ဒန်ဗာကျောင်းခွဲ စီးပွားရေး ပါမောက္ခ Chloe East က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် အမေရိကန်နိုင်ငံ၏ အန္တရာယ်မြင့်မားသောအလုပ်အကိုင် အများအပြား၏ အဓိက လုပ်သားအင်အား အရင်းအမြစ် ဖြစ်ပြီး အမေရိကန်ဒေသခံ အလုပ်သမားများအနေဖြင့် ဤကဲ့သို့သော အလုပ်အကိုင်မျိုး လုပ်ကိုင်လေ့မရှိကြေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေး နှေးကွေးလာသည့် အခြေအနေမျိုးတွင် အမေရိကန် လူမှုအသိုက်အဝန်းအဆင့်အတန်း ဆိုးရွားစွာ ပုံသေဖြစ်ကာ အသစ်စုပြုံဝင်ရောက်လာသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများက အမေရိကန် ပြည်တွင်းရေး ပဋိပက္ခ၏ “ဓားစာခံ” ဖြစ်ခံနေရပြီး ဒေသ နည်းပညာနိမ့် လုပ်သားအင်အား၏ အလုပ်အကိုင်အခွင့်အရေးကို တိုးဝှေ့ယူနေသည်ဟု ပုံဖော်ခံနေရပေသည်။

လက်ရှိ အမေရိကန်၏ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုသည် ၁၉၂၉ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးနောက်ပိုင်း အဆိုးရွားဆုံးသော အခြေအနေ ရောက်ရှိနေပြီဖြစ်သည်။ နိုဘယ် စီးပွားရေးဆုရှင်၊ အမေရိကန် ကိုလံဘီယာတက္ကသိုလ် ပါမောက္ခ Joseph Stiglitz က ဆင်းရဲ၊ ချမ်းသာ ကွာဟမှု နေ့စဉ်နှင့်အမျှ ကြီးထွားလာခြင်းက လူမှုအသိုက်အဝန်း အလွှာအသီးသီး၏ အထက်သို့ တက်လှမ်းမှုကို ယုတ်လျော့စေကြောင်း၊ အမေရိကန်သည် “ချည့်နဲ့သည့် ခေတ်ကာလ” သို့ ဝင်ရောက်နေပြီးဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

“ချည့်နဲ့သည့် ခေတ်ကာလ” တွင် ရုန်းကန်ရသည့် အခြေခံလူတန်းစား ပြည်သူလူထုအတွက် ပါတီနှစ်ရပ်အနေဖြင့် အခွန်မူဝါဒဖြင့် ချမ်းသာကြွယ်ဝမှုကို ပြန်လည်ခွဲဝေပေးခြင်းမပြုဘဲ အချို့ အစီအမံများက လူချမ်းသာများအတွက် အခွန်ဝန်လျှော့ပေးခဲ့သည်။ Stiglitz က အမေရိကန်၏ စနစ်လည်ပတ်မှု စည်းမျဉ်းစည်းကမ်းများမှာ လူ ၁ ရာခိုင်နှုန်းက ချမ်းသာကြွယ်ဝမှု ၄၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားခြင်း ဖြစ်ကြောင်း၊ အမေရိကန် လွှတ်တော်အမတ် အားလုံးနီးပါးသည် တာဝန်ထမ်းဆောင်စဉ်တွင် ယင်း ၁ ရာခိုင်နှုန်း၌ ပါဝင်သလို ယင်း ၁ ရာခိုင်နှုန်းကို အားထားသမှုပြုပြီး ယင်း ၁ ရာခိုင်နှုန်းကိုပင် ဝန်ဆောင်မှုပေးကြသည့်အပြင် ရာထူးသက်တမ်းကုန်ဆုံးသွား၍ တာဝန်မထမ်းဆောင်တော့သည့်အခါ၌လည်း ယင်း ၁ ရာခိုင်နှုန်း၏ ပေးကမ်းမှုကို အားထားကြပြန်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်လုံးက ဓနရှင်များကို ပြစ်မှားမည်မဟုတ်သလို လုံလောက်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်လည်း မစွမ်းသာကြပေ။ ၎င်းတို့အနေဖြင့် ယခင် လူဝင်မှုကြီးကြပ်ရေး ဥပဒေမူကြမ်းများရှိ အချို့အပေါ် လိုက်လျောမှုရှိသော်လည်း ယနေ့ နိုင်ငံရေး အစွန်းရောက်အသွင် ပိုမို ဆိုးရွားလာပြီး ပါတီ နှစ်ရပ်အနေဖြင့် ပါတီဖြတ်ကျော်သည့် သဘောတူညီချက် ထပ်မံဖြစ်တည်ရန် ခဲယဉ်းလာရာ ရွှေ့ပြောင်းနေထိုင်သူများအရေးတွင် ပူးပေါင်းဆောင်ရွက်၍ မရနိုင်ဘဲ အသစ်ရွှေ့ပြောင်းနေထိုင်သူများကို “ဓားစာခံ” အဖြစ်သာ လုပ်ကြပေတော့သည်။ (Xinhua)

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့တွင် ရဲစခန်း၌ နေထိုင်ရာနေရာများ အကန့်အသတ်သာရှိသောကြောင့် အခြားသော နေထိုင်ရာနေရာများ လိုက်ရှာနေသော ရွှေ့ပြောင်းနေထိုင်သူအချို့ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Randalls ကျွန်းတွင် ရွှေ့ပြောင်းနေထိုင်သူများအတွက် ကယ်ဆယ်ရေးစင်တာ ဆောက်လုပ်ရေးနေရာ၌ တာဝန်ထမ်းဆောင်နေသော အလုပ်သမားအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
美国大选热点观察丨移民:既需要又抗拒,最终成为“替罪羊”
新华社北京11月4日电 美国大选热点观察丨移民:既需要又抗拒,最终成为“替罪羊”   新华社记者杨天沐
美国在历史上因大量移民的涌入而获得发展。然而如今,非法移民问题在美国持续发酵,引发美国新的种族歧视与身份认同撕裂。美国民主、共和两党迎合不同阶层选民群体诉求大打“移民政策牌”,提出的政策主张充满政治算计,难以切实执行。移民问题加剧社会矛盾的一大原因在于,在政治极化和贫富分化加剧背景下,普通民众生活愈加艰难,“非法移民冲击美国社会”的说法被渲染,新移民成为美国内部矛盾的“替罪羊”。
成为争议焦点
移民问题是此次美国总统选举期间备受关注的焦点之一。美国皮尤研究中心9月民调显示,61%的受访选民认为这一问题非常重要,这一比例较2022年美国中期选举增加13个百分点。
美国共和、民主两党选民对移民问题的重视程度不一,但整体均呈上升态势。调查显示,82%的共和党选民表示“非法移民问题”对他们在2024年大选的投票选择非常重要,比2020年上升21个百分点;而民主党选民中,这一比例为39%,比2022年高出8个百分点。
美国国会众议院教育与劳动力委员会2023年9月的听证会纪要显示,从2021年1月至2023年5月,“非法移民”激增240万,总计达到1260万,其中约900万为劳动力人口。据美国国土安全部数据,2023年12月,美墨边境“非法移民”数量超过22.5万人,创下自2000年以来最高月度纪录。据《华盛顿邮报》报道,2021年至2023年“非法越境”人数飙升至创纪录水平,平均每年有200万人。
如何对待这些移民,美国内部分歧越来越大。
今年1月,得克萨斯州政府同联邦政府就移民执法权问题发生冲突,得州国民警卫队在美墨边境设置带刺铁丝网等屏障阻挡移民非法入境,同时也拒绝联邦执法人员现场执法,双方一度进行武装对峙。
2023年,出于党派和地方利益等考虑,得克萨斯、佛罗里达等共和党主政的州多次将大批“非法移民”通过大巴、飞机等交通工具转运至民主党人主政的城市,包括纽约、芝加哥和首都华盛顿。
有美媒称,为应对“非法移民”涌入,美国一些地方政府财政已不堪重负,治安部门人力捉襟见肘。有美国智库称,外来劳动力的涌入将部分美国人挤出就业市场,拉低了工资水平。
也有一些美国智库人士强调,美国经济对外来移民有大量需求,恰恰是“关闭边境引发危机,而不是开放边境引发危机,当人们没有办法合法入境,就只能试图非法入境”。

大打“移民政策牌”
在选票至上的美国选举体系中,随着移民问题引发选民广泛关注,民主、共和两党为了拉拢选民,大打“移民政策牌”。
民主党基于其掌控地区对移民等廉价劳动力的巨大需求,倾向于采取更宽松的移民政策,对长期居住在美国或幼年就被带入美国的移民,支持给予他们获得合法身份的机会。这一移民归化群体都将在未来成为民主党的坚实票仓。
不过,随着当前支持大规模驱逐非法移民的美国选民比例显著提升,民主党对自身移民政策有所调整。今年6月,美国总统拜登出于提振民主党选情需要,签署行政命令大幅限制美墨边境可接收的申请庇护人数。民主党总统候选人、现任副总统哈里斯也公开声称,既要为非法移民的合法化提供机会,同时也要加强边境安保管理。
共和党掌控大部分选区以低收入白人为主,他们更反对新移民冲击其就业市场,因此更倾向于严格限制移民入境。他们强调限制“非法移民”,反对“非法移民”合法化。   此次大选中,特朗普阵营主张,在此前修建边境墙的基础上要大规模驱逐非法移民。特朗普阵营尤其强调新移民会抢夺非洲裔、拉美裔美国人以及工会成员的工作岗位。他们还将美国房价上涨和通胀等问题归咎于非法移民。这一策略也许可有效分化和拉拢民主党票仓中的有色人种和工会。
分析人士认为,美国移民问题由来已久,但因被两党政治化,遂毫无意外地变成无解难题。加利福尼亚大学圣迭戈分校城市研究与规划教授阿比盖勒·安德鲁斯说,仅凭借移民与海关执法局现有人力,根本无法追踪上千万的非法移民。乔治·W·布什总统中心移民政策专家劳拉·柯林斯表示,从经济角度看,驱逐非法移民无异于搬起石头砸自己的脚。因为非法移民不仅满足美国低端劳动力市场需求,也在美国进行消费,带动经济增长。       “替罪羊”根源何在
美国是个“移民国家”,美国一向认为自身的繁荣与发展离不开移民的贡献。然而,美国的移民法长期带有浓厚的种族歧视色彩,对欧洲白人门槛很低,而对亚洲和拉美移民限制很多。不少以非法途径进入美国的人从事最低端的劳动,美国社会则坐享这些廉价劳动力带来的经济收益。
美国有代表性的非法移民历史可追溯到第二次世界大战时期。美墨两国于1942年实施“季节工人项目”,以解决战时美国劳动力缺乏问题,也为墨西哥劳工提供了合法进入美国的渠道。但该项目申请人的数量远多于美国发出的签证数量,许多墨西哥人因而非法进入美国。
根据皮尤研究中心2024年10月发布的调查报告,非法移民主要的工作岗位是屋顶维修工人、油漆工、农业工人、建筑工、服务员、清洁工等。媒体报道,在美国北卡罗来纳州,农业工人需要在农场32摄氏度的高温下连续工作数小时才能轮班休息5分钟。他们缺乏饮水,唯一避暑的地方是一辆没有空调的巴士,在工作中晕倒死亡的案例时有发生。
科罗拉多大学丹佛分校经济学教授克洛·伊斯特表示,非法移民是美国许多高风险工作岗位的主要劳动力来源,而美国本土工人通常不会从事此类工作。在全球经济放缓的背景下,美国社会阶层严重固化,新涌入的非法移民被当作美国内矛盾的“替罪羊”,被渲染挤占本土低技能劳动力的就业机会。
目前美国贫富差距已达到1929年经济大萧条以来最严重程度。诺贝尔经济学奖得主、美国哥伦比亚大学教授约瑟夫·施蒂格利茨警告,贫富差距日益扩大造成社会阶层向上流动性减弱,美国已步入“脆弱时代”。
对于在“脆弱时代”挣扎的底层民众,两党没有通过税收政策实现财富再分配,一些举措反而为富人减轻了税负。施蒂格利茨指出,美国的体制运行规则是1%的人掌握40%的财富,几乎所有的美国议员在任时都属于那1%、依赖那1%、服务那1%,甚至离任时再靠那1%的赏赐。
民主、共和两党都不会得罪金主,也无力创造足够的就业岗位。他们此前曾在一些具体的移民法案上达成妥协,但如今政治极化加剧,两党再难以形成跨党派共识,无法在移民问题上达成合作,只好把新移民当成“替罪羊”。(完)