Connect with us

Myanmar

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ရွှေတိဂုံစေတီတော် တန်ဆောင်မုန်းလပြည့်နေ့ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပ (၁၆/၁၁/၂၀၂၄ MOI)
-တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်များ ကျင်းပပြုလုပ် (၁၅/၁၁/၂၀၂၄ MOI)
– ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ (၁၅/၁၁/၂၀၂၄ MOI)
-ယူအေအီးနိုင်ငံ ဖူဂျဲရာ့ပြည်နယ်အတွင်း နေအိမ်တစ်အိမ်၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် (၁၅/၁၁/၂၀၂၄ MOI)
-ဆီးချိုသွေးချိုရောဂါအန္တရာယ်ကို တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ကျန်းမာရေးပြဿနာအဖြစ် အလေးထား ရောဂါကာကွယ်ကုသခြင်းနှင့် ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆေးပညာရှင်များနှင့် ပြည်သူလူထုစုပေါင်းအားဖြင့် ပိုမိုတိုးမြှင့်ဆောင်ရွက် (၁၅/၁၁/၂၀၂၄ MOI)
-ရန်ကုန် – မန္တလေးရထားလမ်းပိုင်း စမုံဘူတာနှင့် သပြေတောင်းဘူတာကြားရှိ စမုံတံတား ပြန်လည်မွမ်းမံ ပြင်ဆင်မည်ဖြစ်၍ နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ရထားလမ်းပိုင်း ယာယီပိတ်ထားမည် (၁၆/၁၁/၂၀၂၄ MRTV)
-Li Ning Vietnam International Series ကြက်တောင်ပြိုင်ပွဲ၌ သက်ထားသူဇာ ကွာတားဖိုင်နယ်အဆင့် တက်ရောက် (၁၆/၁၁/၂၀၂၄ MRTV)
-တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်မာ့အစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် အေးချမ်းစွာစည်ကားခဲ့ (၁၆/၁၁/၂၀၂၄ MRTV)
-တန်ဆောင်တိုင်ပိတ်ရက်ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားခဲ့ (၁၆/၁၁/၂၀၂၄ MRTV)
-ခရီးသည်တင်ယာဉ်လိုင်း YBS 18 ယာဉ်လိုင်းအား စီးတီးဘတ်စ်ယာဉ်ကြီးဖြင့် နိုဝင်ဘာလ တတိယပတ်တွင် စတင်ပြေးဆွဲမည် (၁၆/၁၁/၂၀၂၄ MRTV)
-Miss Universe 2024 ပြိုင်ပွဲ Project Voice for Change Project နိုင်ငံတကာအလှမယ် ၁၀ ဦးစာရင်းတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သက်စံအန်ဒါဆန် အမှတ်စဉ် (၆) တွင် ရပ်တည် (၁၅/၁၁/၂၀၂၄ MRTV)
-ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် ကာလအတွင်း စက်သုံးဆီများအား လိုအပ်သည့်နေရာတွင် လိုအပ်သလောက် အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်လျက်ရှိ၊ စက်သုံးဆီဈေးနှုန်းမှာလည်း ယခင်ရက်များထက် ကျဆင်းလျက်ရှိ (၁၅/၁၁/၂၀၂၄ MRTV)