Connect with us

North America

အစ္စရေး-လက်ဘနွန် ဆွေးနွေးပွဲကို ဧပြီ ၁၆ ရက်၌ ပြုလုပ်မည်ဟု ထရမ့် ဆို

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် အဆောက်အအုံများနှင့် ကားများ ပျက်စီးနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

အစ္စရေး-လက်ဘနွန် ဆွေးနွေးပွဲကို ဧပြီ ၁၆ ရက်၌ ပြုလုပ်မည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁၅ ရက်၌ ပြောကြားခဲ့သည်။ 

“အစ္စရေးနဲ့ လက်ဘနွန်အကြား အသက်ရှူပေါက်လေးရဖို့ ကြိုးစားတဲ့အနေနဲ့ပေါ့။ နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုမရှိတာ အချိန်အတော်ကြာပါပြီ၊ ၃၄ နှစ်လောက်ရှိပါပြီ။ အဲဒါဟာ မနက်ဖြန်ဆိုရင် ဖြစ်မြောက်လာတော့မှာပါ” ဟု ထရမ့်က Truth Social ၌ ရေးသားခဲ့သည်။ 

အစ္စရေးနှင့် လက်ဘနွန်တို့သည် ဧပြီ ၁၄ ရက်က ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အစ္စရေးဘက်က ဟစ်ဇ်ဘိုလာ လက်နက်စွန့်ရေးကို အတင်းအကျပ်တောင်းဆိုခဲ့သလို လက်ဘနွန်ဘက်ကလည်း အပစ်အခတ်ရပ်စဲရေး၊ အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ဆိုးဝါးသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ပြေလျော့ရေးအတွက် အပြုသဘောစီမံဆောင်ရွက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ထို့ပြင် ဘက်အသီးသီးအနေဖြင့် အပြန်အလှန် သဘောတူထားသော အချိန်နှင့် နေရာ၌ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ရန် သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

အဆိုပါ အစည်းအဝေးသည် ၁၉၉၃ ခုနှစ်မှစ၍ အစ္စရေးနိုင်ငံနှင့် လက်ဘနွန်နိုင်ငံအကြား ပထမဆုံး အဓိက အဆင့်မြင့်အလွှာထိတွေ့ဆက်ဆံမှုလည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua) 

………………………..

(English Version) 

Trump says Israel-Lebanon talks to take place on Thursday   

WASHINGTON, April 15 (Xinhua) 

— U.S. President Donald Trump said on Wednesday that Israel-Lebanon talks will take place on Thursday.   “Trying to get a little breathing room between Israel and Lebanon. It has been a long time since the two leaders have spoken, like 34 years. It will happen tomorrow,” Trump wrote on Truth Social.   Israel and Lebanon on Tuesday held a meeting in Washington, where Israel insisted on Hezbollah’s disarmament and Lebanon called for a ceasefire and concrete measures to ease the severe humanitarian crisis resulting from the U.S.-Israeli war with Iran, according to a statement from the U.S. State Department.   All sides agreed to launch direct negotiations at a mutually agreed time and venue, said the statement.   The meeting marked the first major high-level engagement between Israel and Lebanon since 1993, it said.

Photo: This photo taken on April 9, 2026 shows buildings and cars destroyed by Israeli airstrikes in Beirut, Lebanon. (Photo by Bilal Jawich/Xinhua)