Connect with us

Africa & Middle East

အမေရိကန်-အီရန် သဘောတူညီချက်ရရှိစေရန် တွန်းအားပေးဆောင်ရွက်မည်ဟု ပါကစ္စတန် ဝန်ကြီးချုပ် ဆို

လက်ရှိအရှေ့အလယ်ပိုင်းအကျပ်အတည်း ငြိမ်းချမ်းစွာအဖြေရှာရန်အတွက် အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်အဖွဲ့များ ဧပြီ ၁၁ ရက်တွင် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်၌ ဆွေးနွေးကြမည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အီရန် နှစ်နိုင်ငံကြားတွင် ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန် ရည်ရွယ်သည့် သဘောတူညီချက်ရရှိရေး တွန်းအားပေးရန်အတွက် ပါကစ္စတန်အနေဖြင့် ခိုင်ခိုင်မာမာ အားထုတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က ဧပြီ ၁၆ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ 

Shehbaz Sharif က ၎င်းအနေဖြင့် ယင်းနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့၌ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် Mohammed bin Salman နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ချစ်ကြည်ရင်းနှီး၍ အပြုသဘောဆောင်မှုပြည့်ဝသော ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ထို့အပြင် ပါကစ္စတန်အနေဖြင့် ယခုကာလများအတွင်း အမေရိကန်-အီရန် အပစ်ရပ်ရေးကို တွန်းအားပေးရန်နှင့် အစ္စလာမ်မာဘတ် သမိုင်းဝင်ဆွေးနွေးပွဲဖြစ်မြောက်စေရန်  ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခြင်း နောက်ဆုံးဖြစ်ပေါ်မှုအခြေအနေများကို Mohammed bin Salman အား မိတ်ဆက်ပြောကြားခဲ့ပြီး ပါကစ္စတန်အပေါ် ထောက်ခံအားပေးမှုအတွက်  Mohammed bin Salman ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု Shehbaz Sharif က ဆိုသည်။ 

ပါကစ္စတန်ဝန်ကြီးချုပ်ရုံးကလည်း ယင်းနေ့တွင်ပင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ နှစ်နာရီနီးပါးကြာ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးမှုအတွင်း အကြီးအကဲနှစ်ဦးသည် စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသည့် ဒေသတွင်းအခြေအနေများအား နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် Shehbaz Sharif နှင့် ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munirတို့၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မှုကို Mohammed bin Salman က တန်ဖိုးထားချီးကျူးခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–

(Chinese Version)

巴基斯坦总理称将推动美伊达成协议新华社伊斯兰堡4月16日电(记者邹学冕 杨恺)巴基斯坦总理夏巴兹16日在社交媒体发文表示,巴方坚定致力于推动美伊两国达成旨在实现地区持久和平与稳定的协议。

夏巴兹说,他当天在沙特阿拉伯城市吉达会见了沙特阿拉伯王储兼首相穆罕默德,双方进行了友好且富有建设性的会谈。   夏巴兹还说,他向穆罕默德介绍了巴基斯坦近期为推动美伊停火及促成伊斯兰堡历史性会晤所作和平努力的最新进展,并感谢穆罕默德对巴方的支持。   巴总理办公室当天也发表声明说,在近两个小时的友好会晤中,两位领导人就不断演变的地区局势进行深入讨论。穆罕默德赞赏夏巴兹和巴陆军参谋长穆尼尔在和平进程中发挥的建设性作用。(完)1.巴基斯坦总理夏巴兹4月10日在电视讲话中说,美国与伊朗代表团将于11日在巴首都伊斯兰堡举行谈判,以寻求和平解决当前中东危机的方案。 新华社发