Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျမှုဖြစ်ပွားရာ ၅ ဦးသေ ၊ ၅၅ ဦးဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံ မတ်လ ၆ ရက်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု၌ ငြမ်းပြိုကျမှုဖြစ်ပွားပြီးနောက် မြင်တွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ မတ် ၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဗူးမြို့တွင် ယနေ့မတ်လ ၆ ရက် နံနက်အစောပိုင်းတွင် ဆောက်လက်စ လေးထပ်တိုက် အဆောက်အအုံတန်းလျား တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၅ ဦးသေဆုံးပြီး အခြား ၅၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဘေးအန္တရာယ်ကယ်ဆယ်ရေး အရာရှိများက ဆိုသည်။

၎င်းအရာရှိများက အဆိုပါ မတော်တဆမှုမှာ စီဗူးမြို့ရှိ ရွယ်ငယ်လေးတစ်ခုဖြစ်သည့် Luz ကျေးရွာ၌ မတ်လ ၆ ရက် နံနက် ၃ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒဏ်ရာရသူများအနက် ၅ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နှင့် ၎င်းတို့အား ဆေးကုသရန် ဆေးရုံသို့ပို့ဆောင် ပေးထားကြောင်း သိရသည်။

အဆိုပါပြိုကျသွားသော အဆောက်အအုံတန်းလျား၌ အခင်းဖြစ်ညက အလုပ်သမား ၁၅၃ ဦးထက်မနည်း ရှိခဲ့ကြောင်း ၊ ၎င်းတန်းလျားကို ငြမ်းများ ဆင်ထားပြီး အခြားဆောက်လုပ်ရေးလုပ်ငန်းသုံး တန်ဆာပလာများလည်း ရှိနေကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ကြောင်း တာဝန်ရှိသူများက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.