Connect with us

North America

နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရ၊ အမေရိကန် လေကြောင်းမစ်ရှင် အကြောင်းကြားမှု စနစ် ထပ်မံ ချို့ယွင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ ရေဂင်အမျိုးသားလေဆိပ်ဘေးရှိ ပိုတိုမက်မြစ်ပေါ်တွင် လေယာဉ်အပျက်အစီးများကို ဆယ်နေသော အလုပ်သမားများအား ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
အမေရိကန် လေကြောင်းမစ်ရှင် အကြောင်းကြားမှု စနစ် (NOTAM) က ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် ရုတ်တရက် တုံ့ဆိုင်းရပ်တန့်သွားရာ ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲမှုဌာန (FAA) က ယာယီအစီအမံများ မဖြစ်မနေလုပ်ဆောင်ရကာ မိနစ် ၃၀ ခြားတိုင်း လေကြောင်းလိုင်း ကုမ္ပဏီများထံ အရပ်ဘက်လေယာဉ် ပျံသန်းမှု ဘေးကင်းရေးနှင့် ပတ်သက်သော အဓိကကျသည့် နောက်ဆုံး အချက်အလက်များကို ပေးပို့ခဲ့သည်။ ဤ စနစ်သည် နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရပြီး ယခုအကြိမ် ထပ်မံ ချိုးယွင်းခဲ့ခြင်းဖြစ်ရာ FAA က အကြောင်းရင်းကို သေချာ စစ်ဆေးမည်ဟု ပြောကြားခဲ့သည်။
လေကြောင်းမစ်ရှင် အကြောင်းကြားမှု စနစ်ကို လေကြောင်းမောင်းနှင်သူထံ အဓိကကျသော လုံခြုံရေး အချက်အလက်များ ပေးပို့ရန် အသုံးပြုပြီး ယင်းတွင် ဆိုးရွားသော ရာသီဥတု၊ ပြေးလမ်း ပိတ်ခြင်း စသည့် ပျံသန်းမှုလုံခြုံရေးကို ထိခိုက်နိုင်သော ယာယီအခြေအနေများ ပါဝင်သည်။
လေကြောင်းမစ်ရှင် အကြောင်းကြားမှု စနစ် ချို့ယွင်းခဲ့ရာ နောက်တစ်နေ့ လေကြောင်းလိုင်းတချို့ကို နှောင့်နှေးစေနိုင်ကြောင်း ခန့်မှန်းထားသည်ဟု အမေရိကန် သယ်ယူပို့ဆောင်ရေး ဝန်ကြီး Sean Duffy က ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် လူမှုမီဒီယာ၌ အတည်ပြုခဲ့သည်။ FAA က အဆိုပါညတွင် သီးသန့်တယ်လီဖုန်းလိုင်းတစ်ခု ဖွင့်လှစ်ပြီး မိနစ် ၃၀ ခြားတိုင်း လေကြောင်းလိုင်း ကုမ္ပဏီအသီးသီးထံ အရပ်ဘက်လေယာဉ် ပျံသန်းမှု ဘေးကင်းရေးနှင့် ပတ်သက်သော အဓိကကျသည့် နောက်ဆုံး အချက်အလက်များကို ပေးပို့ခဲ့ကြောင်း သိရသည်။
လေကြောင်းမစ်ရှင် အကြောင်းကြားမှု စနစ်သည် အဆိုပါနေ့ နေ့လယ်တွင် ပြန်လည် လည်ပတ်ခဲ့ပြီး “တုံ့ဆိုင်းရပ်တန့်သွားတဲ့ အဓိကအကြောင်းရင်းကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်” ဟု FAA က ဖေဖော်ဝါရီ ၂ ရက်က ပြောကြားခဲ့သည်။

လေကြောင်းမစ်ရှင် အကြောင်းကြားမှု စနစ်သည် “အလွန်ဟောင်းနေပြီဖြစ်လို့ အသစ်မြှင့်တင်ဖို့ လိုအပ်တယ်” ဟု Duffy က ဖေဖော်ဝါရီ ၂ ရက်၌ မီဒီယာများ မေးမြန်းစဉ်တွင် ဝန်ခံခဲ့သည်။
Duffy ၏ ပြောကြားချက်အရ ယခုအကြိမ် ချို့ယွင်းမှုကြောင့် အရပ်ဘက်လေယာဉ်များ ပျံသန်းမှုအပေါ် ဖြစ်စေသည့် နှောင့်ယှက်မှု အတိုင်းအတာမှာ “အနိမ့်ဆုံး” ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂ ရက်တွင် လေယာဉ် ခရီးစဉ်အကြိမ်ရေ ၁,၁၃၃ ခု နှောင့်နှေးခဲ့ကြောင်း၊ သို့သော် ယင်းအနက် ခရီးစဉ်အကြိမ်ရေမည်မျှသည် ဤလေကြောင်းမစ်ရှင် အကြောင်းကြားမှု စနစ် ချို့ယွင်းမှုနှင့် ပတ်သက်နေမည်မှာ သေချာမသိရသေးကြောင်း လေကြောင်းလိုင်း ခြေရာခံ ဝက်ဘ်ဆိုက်အချက်အလက်တွင် ဖော်ပြထားသည်။

လေယာဉ်မှူးနှင့် လေကြောင်းလုံခြုံရေးဝန်ကြီးဌာန အရာရှိများက လေကြောင်းမစ်ရှင် အကြောင်းကြားမှု စနစ်ကို နှစ်ပေါင်းများစွာ “ဝေဖန်” ခဲ့ကြပြီး ယင်းတို့တွင် ရှုပ်ထွေးလွန်းခြင်းနှင့် မလိုအပ်သော အကြောင်းကြားချက်များ ပေးပို့ခြင်းတို့ ပါဝင်ကြောင်း အေပီသတင်းဌာန၏ သတင်းဖော်ပြချက်အရသိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဆန်ဖရန်စစ္စကိုနိုင်ငံတကာလေဆိပ်တွင် ဆင်းသက်မည့်ခရီးသည်တင်လေယာဉ်နှင့် ပျံသန်းမည့် ခရီးသည်တင်လေယာဉ်တို့ တိုက်မိလုနီးပါးဖြစ်ခဲ့သည်။ ယင်း အကြောင်းရင်းကိုလေ့လာခဲ့ရာ ထိုစဉ်က တာဝန်ထမ်းဆောင်ခဲ့သော အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ Robert Sumwalt က လေကြောင်းမစ်ရှင် အကြောင်းကြားမှု စနစ်၏ အကြောင်းအရာသည် ရှည်လျားလွန်းပြီး မည်သူမျှ ဂရုမစိုက်သော “အမှိုက်” ဖြစ်ခဲ့ကြောင်း ထောက်ပြခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် လေကြောင်းမစ်ရှင် အကြောင်းကြားမှု စနစ်တွင် ချို့ယွင်းမှုကြောင့် လေယာဉ်ခရီးစဉ်အကြိမ်ရေပေါင်း ၁၁,၀၀၀ ကျော် ပျံသန်းရန် ရပ်ဆိုင်းခဲ့ရသည်။ ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ဝန်ထမ်းသည် ဒေတာဘေ့စ်ကို လုပ်ဆောင်နေစဉ် “ဖိုင်ကို မတော်တဆ ဖျက်လိုက်ခြင်း” ကြောင့် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြခဲ့သည်။ ယင်းသည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် (၉/၁၁) တိုက်ခိုက်မှုပြီးနောက် အမေရိကန်နိုင်ငံတွင် ပထမဆုံး နိုင်ငံတစ်ဝန်း ပျံသန်းရန် ရပ်ဆိုင်းမှုဖြစ်သည်။ လွှတ်တော်အမတ် ၁၂၀ ကျော်က အဆိုပါဖြစ်ရပ်ကို “လုံးဝလက်မခံနိုင်ကြောင်း” ပူးတွဲစာစောင်ပေးပို့ခဲ့ပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် အစီအမံများ မည်ကဲ့သို့ လုပ်ဆောင်မည်ကို ရှင်းပြရန် ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲမှုဌာန (FAA) အား တောင်းဆိုခဲ့သည်။ သက်ဆိုင်ရာစနစ် ချို့ယွင်းမှုများကို လိုအပ်သော ပြုပြင်မှုများ ပြုလုပ်ခဲ့ပြီး အစီအမံများ လုပ်ဆောင်ကာ “စနစ်၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းအား မြှင့်တင်မည်” ဟု FAA က ထိုစဉ်တွင် ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ် အာလင်တန်ခရိုင်ရှိ ရေဂင်အမျိုးသားလေဆိပ်တွင် လေယာဉ်ခရီးစဉ်အများအပြား နှောင့်နှေးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းခံရကြောင်း အချက်အလက်များက ဖော်ပြနေသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
遭诟病多年 美国空中任务通知系统又出故障
新华社北京2月3日电 美国空中任务通知系统(NOTAM)1日晚突然瘫痪,联邦航空局不得不采取临时措施,每隔30分钟向各航空运营商提供涉及民航飞行安全的最新关键信息。2日上午,空中任务通知系统恢复运行。这一系统遭诟病多年,此次又出故障,联邦航空局表示将彻查原因。
空中任务通知系统用于向参与飞行操作的人员提供关键安全信息,包括恶劣天气、跑道关闭等可能影响飞行安全的临时状况。
美国交通部长肖恩·达菲1日晚在社交媒体上证实,空中任务通知系统出现故障,预计可能造成次日部分航班延误。美国联邦航空局已于当晚紧急设立一条热线,每隔30分钟向各航空运营商提供涉及民航飞行安全的最新关键信息。
美国联邦航空局2日说,空中任务通知系统当天上午恢复运行,“我们正在调查瘫痪的根本原因”。
达菲2日接受媒体采访时承认,空中任务通知系统“已经老旧,需要更新”。
按达菲的说法,这次故障对民航飞行造成的干扰“属于最低程度”。航班跟踪网站信息显示,美国2日有1133架次航班延误,但暂不清楚其中多少架次航班延误与空中任务通知系统故障有关。
据美联社报道,飞行员和航空安全部门官员对空中任务通知系统“吐槽”多年,包括过于复杂以及发送没有必要的通知。
2017年7月,旧金山国际机场险些发生降落客机与待起飞客机相撞事故。究其原因,时任国家运输安全委员会主席罗伯特·萨姆沃特指出,空中任务通知系统内容过于冗长,已经成了没人理会的“垃圾”。
2023年1月,空中任务通知系统出现故障,迫使逾1.1万架次航班中止起飞。调查显示,事发原因是工作人员在操作数据库时“无意中删除了文件”。这是美国自2001年“9·11”事件以来第一次全国性航班中止起飞事件。120多名国会议员联名发函,称此事“完全不可接受”,要求联邦航空局阐述如何采取措施防止类似事件再次发生。联邦航空局当时表示,已对相关系统故障做必要修复,并采取措施“提高系统修复力”。(杨舒怡)
图说1:2月1日,工作人员在美国华盛顿里根国家机场旁的波托马克河上打捞飞机残骸。新华社发(亚伦摄)
图说2:2023年1月11日,在美国弗吉尼亚州阿灵顿的里根国家机场,信息显示众多航班延误或取消。新华社记者刘杰摄