Connect with us

Europe

ရုရှား-အမေရိကန် ခေါင်းဆောင်များတွေ့ဆုံမှု အသေးစိတ်အစီအစဉ်အား အတည်မပြုရသေးဟု ကရင်မလင်နန်းတော် ပြောကြား

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်အား ၂၀၂၄ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ရုရှား-အမေရိကန် ခေါင်းဆောင်များတွေ့ဆုံမှုသည် အပြည့်အဝ ပြင်ဆင်ထားရန် လိုအပ်ပြီး လက်ရှိတွင် တွေ့ဆုံမှု အသေးစိတ်အစီအစဉ်အား အတည်မပြုရသေးဟု ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းရေးမှူး ဒီမီထရီ ပက်စကော့ဗ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာတီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှစ်ဦးလုံးက တွေ့ဆုံဆွေးနွေးရန် လိုအပ်သော်လည်း အပြည့်အဝပြင်ဆင်ထားသင့်သည်ဟု ယူဆကြကြောင်း၊ လက်ရှိတွင် နှစ်ဖက်က တွေ့ဆုံမည့် အချိန်၊ နေရာ စသည့် အသေးစိတ်အစီအစဉ်များကို အတည်မပြုရသေးဟု ဒီမီထရီ ပက်စကော့ဗ်က ဆိုသည်။
ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်၌ နှစ်ဖက် အဆင့်မြင့်အရာရှိများ ရရှိသည့် သဘောတူညီချက်များကို နှစ်ဖက်က “တစ်ဆင့်ချင်း အကောင်အထည်ဖော်” လျက်ရှိကြောင်းလည်း ဒီမီထရီ ပက်စကော့ဗ်က ပြောကြားခဲ့သည်။

ထရမ့်သည် ဇန်နဝါရီတွင် အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ရုရှားနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းခဲ့သည်။ ထရမ့်သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပူတင်ကို ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး “များမကြာမီ” ပူတင်နှင့် ဆော်ဒီအာရေဗျ၌ တွေ့ဆုံမည်ဟု ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၁၈ ရက်တွင်မူ တွေ့ဆုံမှုအား ဖေဖော်ဝါရီလကုန် မတိုင်မီတွင် ကျင်းပ “သွားနိုင်မည်” ဟုလည်း ထပ်မံပြောကြားခဲ့သည်။ ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူကြောင်း၊ သို့သော် ပြင်ဆင်မှုများ လုပ်ဆောင်ရမည်ဟု ပူတင်က တုံ့ပြန်ပြောကြားခဲ့သည်။

ရုရှား-အမေရိကန် အစိုးရအရာရှိများက တစ်ဖက်နိုင်ငံ၌ အခြေစိုက်သော သံရုံးများ၏လည်ပတ်မှုကို ဆွေးနွေးရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်၌ တွေ့ဆုံရန် သတ်မှတ်ထားသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
克里姆林宫:未敲定俄美首脑会晤细节安排
新华社北京2月27日电 俄罗斯总统新闻秘书德米特里·佩斯科夫26日说,俄美首脑会晤需要做好充分准备,目前未敲定会晤细节安排。
佩斯科夫说,俄总统弗拉基米尔·普京与美国总统唐纳德·特朗普都认为需要举行会晤但应该充分准备,目前双方尚未敲定会晤的时间、地点等细节。
佩斯科夫说,双方正在“逐步落实”双方高级别官员18日在沙特阿拉伯首都利雅得达成的共识。
特朗普1月就任美国总统后寻求与俄方接触。他本月12日与普京通电话,16日称“很快”会与普京在沙特会晤,18日又称会晤“可能”在2月底前举行。普京回应说,愿意与特朗普会面,但必须做好准备。
俄罗斯外交部长谢尔盖·拉夫罗夫26日说,俄美官员定于27日在土耳其伊斯坦布尔会晤,讨论各自驻对方使馆的运作问题。(惠晓霜)
图说:这是2024年5月11日在俄罗斯首都莫斯科拍摄的克里姆林宫。新华社发(亚历山大摄)