Connect with us

China

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ်ရှိ လျင်ကျားထန်းအမွေအနှစ်ပြတိုက်ကို စမ်းသပ်လည်ပတ်ရန် ဖွင့်လှစ်

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် မာအန်ဆန်းမြို့ ဟန်ဆန်းခရိုင်ရှိ လျင်ကျားထန်းအမွေအနှစ်ပြတိုက်၌ ခင်းကျင်းပြသထားသော ကျောက်စိမ်းရုပ်တုငယ်ကို ၂၀၂၅ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ဆန်း၊ မေ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် မာအန်းဆန်းမြို့ ဟန်ဆန်းခရိုင်ရှိ လျင်ကျားထန်းအမွေအနှစ်ပြတိုက်ကို စမ်းသပ်လည်ပတ်ရန် မေ ၁၇ ရက်က အများပြည်သူများအတွက် ဖွင့်လှစ်ခဲ့သည်။ ယင်းမှာ မြေထည်၊ ကျောက်စိမ်းထည်၊ ကျောက်ထည်၊ ကြွေထည်နှင့် အခြားယဉ်ကျေးမှုအမွေအနှစ် ၁,၁၀၀ ခန့် ခင်းကျင်းပြသထားခြင်းဖြစ်ပြီး လျင်ကျားထန်းအမွေအနှစ်ပစ္စည်းများနေရာ၏ ရှေးဟောင်းသုတေသနဆိုင်ရာ အောင်မြင်မှုများနှင့် သမိုင်းဝင်တန်ဖိုးကို အများပြည်သူအား ပထမဆုံးအကြိမ်အဖြစ် စနစ်တကျ ခင်းကျင်းပြသထားခြင်းဖြစ်သည်။

နှစ်ပေါင်း ၅,၃၀၀ မှ ၅,၈၀၀ ခန့်သက်တမ်းရှိသော လျင်ကျားထန်းနေရာသည် ၁၉၈၅ ခုနှစ်မှစ၍ ကျောက်စိမ်းရှေးဟောင်းပစ္စည်းအချို့တွေ့ရှိမှုကြောင့် နာမည်ကျော်ကြားလာခြင်း ဖြစ်ရာ ၎င်းတို့အနက် လိပ်ပုံ၊ သိမ်းငှက်ပုံနှင့် နဂါးပုံ စသည်တို့မှာ ထင်ရှားသည့်ပြယုဂ်များဖြစ်ပြီး ရှေးဟောင်းတရုတ်ယဉ်ကျေးမှုကို သက်ဝင်ထင်ရှားစွာ သရုပ်ဖော်ပြသလျက်ရှိသည်။
ထို့ပြင် ဟုန်ဆန်း၊ လျင်ကျားထန်းနှင့် လျန်ကျူ နေရာများသည် တရုတ်နိုင်ငံ သမိုင်းမတင်မီကာလက အဓိက ကျောက်စိမ်းယဉ်ကျေးမှု၏ဗဟိုချက်နေရာ သုံးခုအဖြစ်လည်း လူသိများကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ် မာအန်းဆန်းမြို့ ဟန်ဆန်းခရိုင်ရှိ လျင်ကျားထန်းအမွေအနှစ်ပြတိုက်၌ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုနေသူများအား ၂၀၂၅ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ် မာအန်းဆန်းမြို့ ဟန်ဆန်းခရိုင်ရှိ လျင်ကျားထန်းအမွေအနှစ်ပြတိုက်၌ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုနေသူများအား ၂၀၂၅ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(English Version)
Lingjiatan Site Museum opens for trial operation in E China’s Anhui
HANSHAN, May 17 (Xinhua) — The Lingjiatan Site Museum opened its door to the public for trial operation on Friday in Hanshan County, Ma’anshan City of east China’s Anhui Province. It is the first time that the archaeological achievements and historical value of Lingjiatan relics site are systematically displayed to society, with an exhibition of about 1,100 pieces of pottery, jadeware, stoneware, porcelain, and other cultural relics.
Dating back to about 5,300 years to 5,800 years ago, Lingjiatan has been famous since its discovery in 1985 for the jadeware unearthed, among which there are some representative jade artifacts in the shape of a turtle, eagle, and dragon, offering a vivid demonstration of ancient Chinese culture.
Notably, Hongshan, Lingjiatan and Liangzhu are known as the three major jade cultural centers in prehistoric China.
Photo 1: This photo taken on May 16, 2025 shows a jade figurine on display at the Lingjiatan Site Museum in Hanshan County, Ma’anshan City of east China’s Anhui Province. (Xinhua/Zhang Duan)
Photo 2, 3: Visitors view the exhibits at the Lingjiatan Site Museum in Hanshan County, Ma’anshan City of east China’s Anhui Province, May 16, 2025. (Xinhua/Huang Bohan)