Connect with us

Africa & Middle East

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က အီရန်ရှိ ဖော်ဒိုးနျူကလီးယား အဆောက်အအုံ “အလွန်ပြင်းထန်သော ဖျက်ဆီးမှု” ခံခဲ့ရဟု ခန့်မှန်း

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် IAEA ကောင်စီက ခေါ်ယူကျင်းပသော အီရန်အရေးနှင့် စပ်လျဉ်းသည့် အရေးပေါ်အစည်းအဝေးသို့ တက်ရောက်လာသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် Rafael Grossi အား ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်၏ တိုက်ခိုက်မှုခံခဲ့ရသော အီရန်ရှိ ဖော်ဒိုးမြေအောက်နျူကလီးယား အဆောက်အအုံသည် “အလွန်ပြင်းထန်သော ဖျက်ဆီးမှု” ခံခဲ့ရဟု ခန့်မှန်းထားကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် Rafael Grossi က ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဖော်ဒိုးနျူကလီးယား အဆောက်အအုံ၏ မြေမျက်နှာပြင် ဖျက်ဆီးခံရမှုအခြေအနေက အမေရိကန်သည် မြေကြီးအားထိုးဖောက်နိုင်သောဗုံးကို အသုံးပြုခဲ့ကြောင်း ဖော်ပြနေကြောင်း၊ လက်ရှိတွင် IAEA အပါအဝင် မည်သူကမျှ ဖော်ဒိုးမြေအောက်နျူကလီးယားအဆောက်အအုံ ဖျက်ဆီးမှု အတိုင်းအတာကို ဘက်စုံသုံးသပ်နိုင်စွမ်းမရှိကြောင်း Grossi က ထိုနေ့တွင် IAEA ကောင်စီက ခေါ်ယူကျင်းပသော အီရန်အရေးနှင့် စပ်လျဉ်းသည့် အရေးပေါ်အစည်းအဝေး၌ ပြောကြားခဲ့သည်။ (Xinhua)

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် IAEA ကောင်စီက ခေါ်ယူကျင်းပသော အီရန်အရေးနှင့် စပ်လျဉ်းသည့် အရေးပေါ်အစည်းအဝေးသို့ တက်ရောက်လာသည့် အီရန်ကိုယ်စားလှယ်အား ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(Chinese Version)
国际原子能机构:伊朗福尔道核设施估计遭到“非常严重的损坏”
新华社照片,维也纳,2025年6月24日
国际原子能机构总干事格罗西23日表示,遭美国打击的伊朗福尔道地下核设施估计已受到“非常严重的损坏”。格罗西当天在该机构理事会召开的伊朗问题紧急会议上说,福尔道核设施地表损毁情况表明美方使用了钻地弹。目前,包括国际原子能机构在内的任何人都无法全面评估福尔道地下设施的损坏程度。
图说1:6月23日,在奥地利维也纳,国际原子能机构总干事格罗西出席国际原子能机构理事会召开的伊朗问题紧急会议。 新华社发(王宙摄)
图说2:6月23日,在奥地利维也纳,伊朗代表出席国际原子能机构理事会召开的伊朗问题紧急会议。新华社发(王宙摄)