Connect with us

China

“တောင်တရုတ်ပင်လယ် အနုညာတစီရင်မှု” အရေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ဝမ်ရိ ရှင်းလင်းပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသော အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား (10+3) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသော အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်စဉ် “တောင်တရုတ်ပင်လယ် အနုညာတစီရင်မှု” အရေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်မှ တစ်ဖက်သတ်အဆိုပြုသည့် “တောင်တရုတ်ပင်လယ် အနုညာတစီရင်မှု” သည် ကြိုတင်၍ သဘောထား အပြည့်အဝ ဖလှယ်ခြင်းဟူသော လိုအပ်ချက်ကို ဖော်ဆောင်ထားခြင်း မရှိရာ အနုညာတစီရင်ဆုံးဖြတ်မှု အခြေခံဖြစ်သော သက်ဆိုင်ရာဘက်၏သဘောတူညီခြင်း ဟူသည့် အခြေခံမူကို ချိုးဖောက်ခြင်းကြောင့် ကနဦးကပင် အနုညာတ စီရင်ဆုံးဖြတ်မှု စတင်ရန် ဥပဒေအဓိကအချက်များနှင့် ပြည့်စုံမှုမရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၏ လုပ်ရပ်သည် “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း” ၏ တိုက်ရိုက် သက်ဆိုင်ရာနိုင်ငံများ ချစ်ကြည်ရင်းနှီးစွာ စေ့စပ်ဆွေးနွေးခြင်းဖြင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းဟူသည့် သတ်မှတ်ချက်ကို ချိုးဖောက်ခဲ့ကြောင်း၊ ဖိလစ်ပိုင်သည် တရုတ်-ဖိလစ်ပိုင် နှစ်ဖက်သဘောတူညီချက်ပါ ကတိကဝတ်များကို ဖောက်ဖျက်ခဲ့သလို “ဆိုခဲစေ မြဲစေ” ဟူသော နိုင်ငံတကာဥပဒေစံနှုန်းကို ထိပါးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အနုညာတစီရင်ဆုံးဖြတ်ခြင်း ကိစ္စရပ်” ကို အမျိုးမျိုး တန်ဆာဆင်ထားသော်လည်း ဖိလစ်ပိုင်၏ တောင်းဆိုသည့် လက်တွေ့အနက်အဓိပ္ပာယ်မှာ တရုတ်နိုင်ငံ နန်ရှားကျွန်းစု၏ နယ်မြေပိုင်နက် အချုပ်အခြာအာဏာနှင့် သက်ဆိုင်သလို ပင်လယ်ရေကြောင်း ပိုင်းခြားသတ်မှတ်ခြင်းနှင့်လည်း တိုက်ရိုက်ဆက်စပ်လျက်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

သို့သော် နယ်မြေပိုင်နက်အရေးကိစ္စမှာ “ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက် (UNCLOS)” ၏ စီမံခန့်ခွဲမှုကဏ္ဍနှင့် မသက်ဆိုင်ကြောင်း၊ တရုတ်နိုင်ငံအစိုးရသည် ပင်လယ်ရေကြောင်း ပိုင်းခြားသတ်မှတ်ခြင်းကို ၂၀၀၆ ခုနှစ်ကပင် ကြေညာချက်ထုတ်ပြန်ကာ အတိအလင်း ဖယ်ရှားခဲ့ပြီး ဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံတွင် UNCLOS ၌ ပါဝင်မှုမရှိသော အမေရိကန်မှလွဲ၍ ကျန် ၄ နိုင်ငံကလည်း ဖယ်ရှားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ “အနုညာတခုံရုံး” သည် လုပ်ပိုင်ခွင့်ကျော်၍ လက်ခံစိစစ်ခြင်းဖြစ်ရာ UNCLOS ၏ အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားကို အလွဲသုံးခြင်း ဖြစ်သလို နိုင်ငံတကာ ပင်လယ်ရေကြောင်းရေးရာ တရားဥပဒေစိုးမိုးရေးကို ရိုက်ခတ်မှုဖြစ်စေပြီး UNCLOS အလံကိုင်၍ UNCLOS ကို ချိုးဖောက်သည့်ကိစ္စ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အနုညာတခုံရုံး” သည် ဖြစ်ရပ်မှန်ကို သတ်မှတ်ခြင်းနှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများ သင့်လျော်စွာ အသုံးပြုရာ၌ ကြီးမားသည့် လိုအပ်ချက်များ ပို၍ပင် ရှိကြောင်း၊ အမှားမှားအယွင်းယွင်းများစွာ ဖြစ်ပျက်ခဲ့ရာ အထူးသဖြင့် နန်ရှား၏ အကြီးဆုံးကျွန်းဖြစ်သည့် စတုရန်းမီတာ ၅၀၀,၀၀၀ ရှိသော ထိုက်ဖိန်ကျွန်းကို ကျောက်ဆောင်အဖြစ် သတ်မှတ်ခဲ့ပြီး ထိုမှတစ်ဆင့် နန်ရှားကျွန်းစုတွင် မည်သည့် ကျောက်ဆောင်ကျွန်းကမျှ သီးသန့် စီးပွားရေးဇုန်နှင့် ကုန်းမြေမူဘောင်ဟူ၍ မရှိကြောင်း သတ်မှတ်ခဲ့ကြောင်း၊ ယင်းမှာ တောင်တရုတ်ပင်လယ်၏ လက်တွေ့ဖြစ်ရပ်နှင့် လုံးဝကိုက်ညီမှုမရှိသလို UNCLOS သတ်မှတ်ချက်နှင့်လည်း လျော်ညီမှုမရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အကယ်၍ ဤစံနှုန်းအရဆိုလျှင် ကမ္ဘာ့ရေကြောင်းအခင်းအကျင်းသည် ပြင်ဆင်ရေးဆွဲခံရမည်ဖြစ်ကြောင်း၊ အမေရိကန်၊ ဂျပန် စသည့် နိုင်ငံအချို့၏ ကျောက်ဆောင်ကျွန်းများသည်လည်း ရေကြောင်းအခွင့်အရေးနှင့် အကျိုးစီးပွား အထောက်အထားအချို့ ဆုံးရှုံးမည် ဖြစ်ရာ ၎င်းတို့အနေဖြင့် တောင်းဆိုချက်များကို စွန့်လွှတ်လိုသည့် ဆန္ဒရှိပါသလောဟု ၎င်းက မေးခွန်းထုတ်ပြောကြားခဲ့သည်။

အများသိကြသည့်အတိုင်းပင် “အနုညာတခုံရုံး” ၏ အစပြုမှုသော်လည်းကောင်း၊ နောက်ဆက်တွဲ ဖန်တီးလုပ်ဆောင်မှုသော်လည်းကောင်း ဒေသတွင်းပြင်ပ နိုင်ငံများ၏ အစီအစဉ်နှင့် ကြိုးကိုင်မှုရှိကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တောင်တရုတ်ပင်လယ်ကို ရှုပ်ထွေးအောင် မွှေနှောက်ကာ ယင်းမှတစ်ဆင့် အမြတ်ထုတ်ရန် ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။

အဆိုပါ ဆူပူမှုဇာတ်လမ်း၏ ပင်ကိုသွင်ပြင်ကို ပို၍များပြားသော ကမ္ဘာ့နိုင်ငံများက ရှင်းလင်းစွာ သိရှိလာကြကြောင်း၊ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးစိတ်ဓာတ်ကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် UNCLOS ၏ လေးနက်မှုကို ကာကွယ်ထိန်းသိမ်းခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံအသီးသီး၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် တောင်တရုတ်ပင်လယ်၏အခြေအနေသည် တည်ငြိမ်ခဲ့ကြောင်း၊ ရေကြောင်းသွားလာခြင်းနှင့် ဖြတ်သန်းပျံသန်းခြင်း လွတ်လပ်မှုသည် ထိရောက်သည့် အာမခံမှု ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများကို မြှင့်တင်ဆောင်လျက်ရှိရာ “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ဆောလျင်စွာ သဘောတူညီမှု ရရှိရန်၊ ငြိမ်းချမ်းသော၊ ပူးပေါင်းဆောင်ရွက်သော၊ ချစ်ကြည်ရင်းနှီးသော တောင်တရုတ်ပင်လယ်၏ ဇာတ်ကြောင်းအသစ်ကို တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ လှိုင်းလေထန်အောင် ကြံစည်သော၊ ရန်တိုက်သော လုပ်ရပ်များ အားလုံးက ပျက်သုဉ်းမည်သာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
王毅就“南海仲裁案”阐明中方立场
新华社吉隆坡7月11日电(记者王嘉伟 毛鹏飞)2025年7月11日,中共中央政治局委员、外交部长王毅在吉隆坡出席东亚合作年度系列外长会时就“南海仲裁案”阐明中方立场。
王毅表示,菲律宾单方面提起的“南海仲裁案”,没有履行事先充分交换意见的必要前提,违背了作为仲裁基础的当事方同意原则,一开始就不具备启动仲裁的法律要件。菲方做法违反了《南海各方行为宣言》有关直接当事国通过友好谈判和平解决争议的规定,背弃了菲律宾在中菲双边协议中所作承诺,触犯了“禁止反言”的国际法准则。
王毅说,尽管“仲裁事项”被做了各种包装,但菲方诉求的实质事关中国南沙群岛的领土主权,也直接涉及海洋划界。而领土问题不属于《联合国海洋法公约》管辖范畴,海洋划界早在2006年就已被中国政府声明明确排除。联合国五个常任理事国中除美国未加入《公约》外,其他四国也都作出了排除性声明。“仲裁庭”构成越权审理,滥用了《公约》争端解决机制,冲击了国际海洋法治,是打着《公约》旗号做违反《公约》的事情。
王毅说,“仲裁庭”在事实认定和法律适用上更存在重大缺陷,错误百出,尤其把南沙最大岛屿,有着50万平方米的太平岛判定为岩礁,进而认定南沙群岛没有任何岛礁可以产生专属经济区和大陆架。这完全不符合南海的事实,也不符合《公约》规定。如果按照这一标准,世界海洋格局要被改写。美日等一些国家的岛礁同样将失去主张海洋权益的依据,难道你们也愿意放弃声索吗?
王毅强调,世人皆知,无论是“仲裁庭”的发起还是后续炒作,都有域外国家的策划和操弄,目的就是搅乱南海,从中谋利。世界上越来越多国家已看清这出闹剧的本质,中方的立场恰恰是在维护国际法治精神,维护《公约》的严肃性。在中国和东盟各国共同努力下,南海的形势是稳定的,航行和飞越自由得到有效保障。中方正同东盟国家加快磋商,争取尽早达成“南海行为准则”,构建和平、合作、友好的南海新叙事。一切企图兴风作浪、挑拨是非的行径都将破产。(完)
1. 7月10日,中共中央政治局委员、外交部长王毅在吉隆坡出席东盟与中日韩(10+3)外长会。 新华社记者 程一恒 摄