China
တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ/ စူးကျိုးစက်မှုဥယျာဉ် – တံခါးဖွင့်လှစ်မှု၊ ဆန်းသစ်ဖန်တီးမှုရှိသော ကမ္ဘာ့ထိပ်တန်း အဆင့်မြင့် သိပ္ပံနည်းပညာဥယျာဉ်ကို အရှိန်မြှင့်တင် တည်ဆောက်သွားမည်

ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
စူးကျိုးစက်မှုဥယျာဉ်သည် တရုတ်-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှု၊ လွတ်လပ်စွာ ကုန်သွယ်ရေး စမ်းသပ်ဇုန်၊ တံခါးဖွင့် ဆန်းသစ်ဖန်တီးမှု ဘက်စုံ စမ်းသပ်ဆောင်ရွက်ခြင်း စသည့် စွမ်းရည်များရှိသော ပလက်ဖောင်း၏ အားသာချက် အထပ်ထပ်ကို အသုံးချကာ အဆင့်မြင့် တံခါးဖွင့်ပုံစံ စီးပွားရေးစနစ်သစ်ကို တည်ဆောက်ရန် ရှာဖွေသွားမည် ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းအတိုင်းအတာရှိ ဆန်းသစ်တီထွင်မှုအရင်းအမြစ်များကို အခိုင်အမာ စုစည်းနေရာချထားမည် ဖြစ်ကာ သိပ္ပံနည်းပညာ တီထွင်ဆန်းသစ်မှုနှင့် ကုန်ထုတ်လုပ်ငန်း ဆန်းသစ်ဖန်တီးမှု ထဲထဲဝင်ဝင် ပေါင်းစည်းရေးကို တွန်းအားပေးဆောင်ရွက်မည် ဖြစ်ကြောင်း၊ တံခါးဖွင့်လှစ်မှု၊ ဆန်းသစ်ဖန်တီးမှုရှိသော ကမ္ဘာ့ ထိပ်တန်း အဆင့်မြင့် သိပ္ပံနည်းပညာဥယျာဉ်ကို အရှိန်မြှင့်တင် တည်ဆောက်သွားမည် ဖြစ်ကြောင်း စူးကျိုးစက်မှုဥယျာဉ် တရုတ်ကွန်မြူနစ်ပါတီ လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ စူးကျိုးစက်မှုဥယျာဉ် စီမံခန့်ခွဲမှုကော်မတီ ဒုတိယညွှန်ကြားရေးမှူး စိန်လေက ဇူလိုင် ၁၄ ရက်တွင် ဆင်ဟွာသတင်းဌာနမှ ထုတ်လွှင့်သည့် “တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၌ ပြောကြားခဲ့သည်။
စူးကျိုးစက်မှုဥယျာဉ်သည် တရုတ်နှင့် စင်ကာပူ နှစ်နိုင်ငံ အစိုးရများကြား ပထမဆုံး ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်သည်။ ယမန်နှစ်က ပထမအသုတ် နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဇုန် တည်ထောင်သည့် နှစ် ၄၀ ပြည့် ဖြစ်သလို စူးကျိုးစက်မှုဥယျာဉ် ဖော်ဆောင်တည်ဆောက်သည့် နှစ် ၃၀ ပြည့်လည်း ဖြစ်ပြီး နှစ်ပေါင်း ၃၀ ကာလ အောင်မြင်မှုရလဒ်များက သိသာထင်ရှားလှရာ ဘက်ပေါင်းစုံ၏ ဂရုပြုမှုနှင့် အသိအမှတ်ပြုမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပေသည်။
စူးကျိုးစက်မှုဥယျာဉ်သည် ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ် တည်ဆောက်ရန် တက်ကြွစွာ ဝန်ဆောင်မှုပေးလျက်ရှိရာ ပထမဦးဆုံး နိုင်ငံတော်အဆင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်မှု သရုပ်ပြ ပလက်ဖောင်းကို ဖော်ဆောင်ခဲ့သလို ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ ပြည်ပရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စင်တာကို တည်ထောင်ခဲ့ရာ စုစုပေါင်း လုပ်ငန်း ၇၀၀ ကျော်ကို နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်သို့ သွားရောက် ဖြန့်ကြက်ရင်းနှီးမြှုပ်နှံရန် အားပေးခဲ့ကြောင်း၊ ထို့အပြင် စူးကျိုးစက်မှုဥယျာဉ်သည် “စက်မှုဥယျာဉ်၏ အတွေ့အကြုံ” များကို ထုတ်လုပ်မျှဝေခဲ့ရာ ပူးပေါင်းဆောင်ရွက်မှု အတူတည်ဆောက်ရေး ဥယျာဉ် ၁၁ ခုကို တည်ထောင်ခဲ့ကြောင်း၊ ဆက်လက်ပြီး စူးကျိုးစက်မှုဥယျာဉ်သည် ပို၍ အဆင့်မြင့်မားသော တံခါးဖွင့်လှစ်မှုကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိန်လေက မိတ်ဆက်ပြောကြားခဲ့သည်။
နှစ်ဖက်အပြန်အလှန် တံခါးဖွင့်လှစ်မှုအင်အားကို တိုးချဲ့ရာတွင် တရုတ်-စင်ကာပူ “နိုင်ငံတကာအသွင် စင်္ကြံ” အတူတည်ဆောက်မှုကို အရှိန်မြှင့်တင်ကာ စင်ကာပူ စူးကျိုး နိုင်ငံတကာ စီးပွားရေးစင်တာ၏ စွမ်းရည်ကို မြှင့်တင်၍ အားသာမှုရှိသည့် လုပ်ငန်းများ ကမ္ဘာတစ်ဝန်း ဦးစားပေးဖြန့်ကြက်ရန် ဦးဆောင်စီမံမည် ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်မှု သရုပ်ပြ ပလက်ဖောင်း တည်ဆောက်ရေးကို အားဖြည့်ကာ ပြည်ပရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းစီမံခန့်ခွဲမှုယန္တရားကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်၍ “လုပ်ငန်းများ ပြည်ပသို့ သွားရောက်ရေး ကိစ္စရပ်” အထူးဝန်ဆောင်မှုကို ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်။
တံခါးဖွင့်လှစ်သည့် အလားအလာသစ်ကို တိုးချဲ့ရာတွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်သို့ ဝင်ရောက်ပေါင်းစည်းမည် ဖြစ်ကြောင်း၊ ရှင်းကျန်း ဟော့အယ်ကော်စစ်၏ ပူးပေါင်းဆောင်ရွက်မှု အတူတည်ဆောက်ရေးဥယျာဉ်ကို အားထား၍ “စူးကျိုး-မန်ကျိုးလီ-ဥရောပ” တရုတ်-ဥရောပရထားနှင့် မဟာဗျူဟာပူးပေါင်းဆောင်ရွက်ကို အားဖြည့်သွားမည် ဖြစ်ကြောင်း၊ တရုတ်-ဥရောပ ကုန်တင်ကားပို့ဆောင်မှုကို ကက်စပီယံပင်လယ်ဖြတ်ကျော်ခြင်း၊ တူကီယဲ၊ ဥရောပ လမ်းကြောင်းသစ်များ ဖွင့်လှစ်ကာ ဗဟိုအာရှ၊ အနောက်အာရှ စသည့် ထွန်းသစ်စဈေးကွက်များကို ဘက်စုံတိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးကို မြှင့်တင်ရာတွင် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ တစ်သားတည်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဟုန်ချောင် နိုင်ငံတကာတံခါးဖွင့်လှစ်မှု အချက်အချာတည်ဆောက်ရေး စသည့် အခွင့်အလမ်းများကို မလွတ်တမ်း အလေးထားဆောင်ရွက်ကာ စူးကျိုး-စုချန်း စက်မှုဥယျာဉ်၊ စူးရှီးထုန်း သိပ္ပံနှင့် နည်းပညာ စက်မှုဥယျာဉ်၊ တရုတ်-စင်ကာပူ စူးကျိုး-ချူကျိုး အဆင့်မြင့်နည်းပညာ စက်မှုဥယျာဉ် စသည့် ပူးပေါင်းဆောင်ရွက်မှု ဥယျာဉ်များ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် ထပ်ဆောင်းအကျိုးသက်ရောက်မှုအင်အားကို အားဖြည့်သွားမည် ဖြစ်သည်။
နောက်ခြေလှမ်းတစ်ရပ်အနေဖြင့် စူးကျိုး စက်မှုဥယျာဉ်သည် “နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဇုန် ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်ဖန်တီးမှုကို နက်ရှိုင်းစွာ ဆောင်ရွက်ခြင်း၊ အဆင့်မြင့် တံခါးဖွင့်လှစ်ခြင်းဖြင့် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်သော လုပ်ငန်းစီမံချက် ” နှင့် “စူးကျိုး စက်မှုဥယျာဉ်က တံခါးဖွင့်လှစ်မှု၊ ဆန်းသစ်ဖန်တီးမှု ဘက်စုံနက်ရှိုင်းသောစမ်းသပ်မှုအား အားပေးထောက်ခံသည့် အစီအမံအချို့” ဟူသော တိကျရှင်းလင်းသည့် မူဝါဒတာဝန်များကို အသေးစိတ်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း စိန်လေက ပြောကြားခဲ့သည်။
ကမ္ဘာ့ စုပေါင်းအင်အားရှိသည့် နှစ်ဖက်အပြန်အလှန်တံခါးဖွင့်လှစ်မှု အချက်အချာ၊ ဩဇာအရှိန်အဝါကြီးမားမှုရှိသည့် ဒေသတွင်း သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှု အဆင့်မြင့်နေရာ၊ ကမ္ဘာတစ်ဝန်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ခေတ်မီ ကုန်ထုတ်လုပ်ငန်း အဆင့်မြင့်နေရာ၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းကို ပြသသည့် ဖွံ့ဖြိုးတိုးတက်ရေးဇုန် စီမံခန့်ခွဲမှု နမူနာကို အရှိန်အဟုန်မြှင့်တင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
中国经济圆桌会|苏州工业园区:加快建设开放创新的世界一流高科技园区
新华社北京7月14日电(记者谢希瑶)苏州工业园区党工委委员、管委会副主任沈磊在新华社14日推出的“中国经济圆桌会”大型全媒体访谈节目中表示,苏州工业园区将发挥中新合作、自贸试验区、开放创新综合试验等功能平台叠加优势,探索构建高水平开放型经济新体制,坚持在全球范围汇聚配置创新资源,推动科技创新与产业创新深度融合,加快建设开放创新的世界一流高科技园区。
苏州工业园区是中国和新加坡两国政府间首个合作项目。去年是首批国家级经济技术开发区设立40周年,也是苏州工业园区开发建设30周年,30年成绩斐然,广受各方关注和肯定。
沈磊介绍,苏州工业园区主动服务构建新发展格局,落地了首个国家级境外投资服务示范平台,成立了长三角境外投资促进中心,累计支持700余家企业到60多个国家和地区投资布局。此外,苏州工业园区持续输出“园区经验”,设立了11个合作共建园区。接下来,苏州工业园区将持续推进更高水平开放。
在加大双向开放力度上,加快共建中新“国际化走廊”,提升新加坡苏州国际商务中心功能,引导优势企业优化全球布局;加强境外投资服务示范平台建设,完善境外投资协同管理机制,优化“企业出海一件事”特色服务。
在拓展开放新空间上,融入“一带一路”贸易投资合作网络,依托在新疆霍尔果斯的合作共建园区,加强与“苏满欧”中欧班列战略合作,开辟中欧卡航跨里海、土耳其、欧洲新线路,全面拓展中亚、西亚等新兴市场。
在提升区域合作质量上,抢抓长三角一体化发展、虹桥国际开放枢纽建设等机遇,推动苏宿、苏锡通、中新苏滁等合作园区高质量发展,增强辐射带动力。
沈磊说,下一步,苏州工业园区将认真落实《深化国家级经济技术开发区改革创新以高水平开放引领高质量发展工作方案》和《支持苏州工业园区深化开放创新综合试验的若干措施》明确的各项政策任务,加快建设具有世界聚合力的双向开放节点、具有重要影响力的区域科技创新高地、具有全球竞争力的现代产业高地、展示中国式现代化的开发区治理样板。(完)
1. 2023年7月3日拍摄的苏州工业园区(无人机照片)。 (配本社同题文字稿) 新华社记者 李博 摄