Connect with us

Science & Technology

တရုတ်သည် အဓိက ရေသိုလှောင် ထိန်းသိမ်းမှု စီမံကိန်း သစ် ၂၀ ခု အား ၂၀၁၆ တွင် စတင်မည်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူးပေ ပြည်နယ် ရှိ Three Gorges ရေကာတာ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာလ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့် လာစေရန်နှင့် တိုးတက် ကြီးပွားနှုန်း တည်ငြိမ်စေရန် ရည်ရွယ်ချက်ဖြင့် အဓိက ရေသိုလှောင် ထိန်းသိမ်းမှု စီမံကိန်း သစ် ၂၀ ခု ကို ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ရန် စီစဉ် ထားကြောင်း သိရသည်။

ယင်း စီမံကိန်းများ တည်ဆောက်ရေး အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေသည် တရုတ်ယွမ် ၈၀၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂၆.၂ ဘီလီယံ) ထက်မနည်း ကုန်ကျမည် ဖြစ်ကြောင်း ရေအရင်းအမြစ် ဝန်ကြီးဋ္ဌာန (MWR) ၏ ပြောကြားချက် အရသိရသည်။

ဇန်နဝါရီလ မှ အောက်တိုဘာလ အတွင်း စီမံကိန်း သစ် ၂၇ ခု အား လုပ်ဆောင်ခဲ့ပြီး ဖြစ်ပြီး တရုတ်ယွမ်ငွေ ၁၁၄.၇ ဘီလီယံ ဝန်းကျင်ခန့် ရင်းနှီးမြှုပ်နှံမှု အသစ်များအား ဖိတ်ခေါ်နိုင်ခဲ့ကြောင်း MWR မှ အကြီးတန်း အင်ဂျင်နီယာ ဝမ်အန်းအန် ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စီမံကိန်းများ ပြီးဆုံးသွားပါက နှစ်စဉ်ရေ ၇.၂ ဘီလီယံ ကုဗမီတာ ထုတ်လုပ် ထောက်ပံ့ပေးနိုင်မည့် အပြင် ၃၂၀,၀၀၀ ကီလိုဝပ် နှင့် ညီမျှသည့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း ဝမ်မှ ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည့် စီမံကိန်း ၂၇ ခု အနက် ၂၁ ခုသည် တရုတ် နိုင်ငံ အလယ်ပိုင်း နှင့် အနောက်ပိုင်း တွင်တည်ရှိပြီး စီးပွားရေး ခိုင်မာမှုနှင့် လူမှုရေး အကျိုးအမြတ်များကို ဖွံ့ဖြိုးမှု နိမ့်ကျသည့် ဒေသများသို့ ရောက်ရှိ ပေးသွားနိုင်ကြောင်း သိရသည်။
တရုတ်ယွမ် ၂၆၆.၆၂ ယွမ်ကို ဗဟို အစိုးရ၏ ၂၀၁၅ ခုနှစ် ပထမ ၁၀ လအတွင်း ရေသိုလှောင် ထိန်းသိမ်းမှု တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ် တစ်စိတ်တစ်ပိုင်း အဖြစ် အသုံးပြုခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၆၇.၂ ရာခိုင်နှုန်း တိုးမြင့် သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.