Connect with us

Science & Technology

တရုတ်နိုင်ငံ လျှပ်စစ်ကားထုတ်လုပ်မှု တရှိန်ထိုးမြင့်တက်

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတစ်စီးအားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အစိုးရ၏ ထောက်ပံ့ ကူညီပေးမှုဖြင့် တရုတ်နိုင်ငံ၏ လျှပ်စစ်ကား ထုတ်လုပ်မှုသည် ယခုနှစ်အတွင်း ရှစ်ဆတိုးမြှင့် လာပြီး စီးရေ ၅ဝ,၇ဝဝ အထိဖြစ်လာကြောင်း စက်မှုလုပ်ငန်း နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဋ္ဌာနက နိုဝင်ဘာလ ၁ဝ ၇က်နေ့တွင် ပြောကြားခဲ့သည်။

၂ဝ၁၅ ခုနှစ် အောက်တိုဘာလအတွင်း လျှပ်စစ်ဓါတ်အားစွမ်းအင် သီးသန့်သုံးကားများနှင့် ပလတ်ထိုးအားသွင်း ရသော စွမ်းအင်နှစ်မျိုးသုံး ဟိုက်ဘရစ်ကားများထုတ်လုပ်မှုတို့က ၈၅ဝ ရာခိုင်နှုန်း နှင့် ၂ဝဝ ရာခိုင်နှုန်း သီးခြားစီတိုးလာကြောင်းဝန်ကြီးဋ္ဌာန က ပြောကြားခဲ့သည်။

ပထမ ၁ဝ လပတ်အတွင်း တရုတ် ကားထုတ်လုပ်သူများသည် လျှပ်စစ်ကား အသစ် ၂ဝ၆,၉ဝဝ စီး ထုတ်လုပ် နိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်အလားတူ ကာလကထက် သုံးဆ ပိုမို ထုတ်လုပ်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ၏ လမ်းမများပေါ်သို့ လျှပ်စစ်ကားများ ပိုမိုပြေးဆွဲနိုင်ရေးနှင့် စွမ်းအင် ချွေတာရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေး စသည်တို့အတွက် အစိုးရက အကြီးအကျယ် အားပေးခဲ့သည်။

အခွန်လွတ်ငြိမ်းခွင့်ရရေး၊ ထောက်ပံ့ငွေနှင့် အစိုးရအဖွဲ့အစည်း များက လျှပ်စစ်ကားများဝယ်ယူရန် လိုအပ်ချက်များ စသည့်လုပ်ဆောင်မှုများကိုလည်း ပို့ဆောင်ရေးဝန်ကြီးဋ္ဌာန က ၂ဝ၂ဝ ခုနှစ် တွင် ဆောင်ရွက်နေပြီဖြစ်သည်။ လျှပ်စစ် ဘတ်စ်ကား စီးရေ ၂ဝဝ,ဝဝဝ နှင့် လျှပ်စစ် အငှားယာဉ် နှင့် အမြန်ချောပို့ယာဉ် စီးရေ ၁ဝဝ,ဝဝဝ အား တရုတ်နိုင်ငံ၏ လမ်းမများပေါ်တွင် ပြေးဆွဲနိုင်ရန် ရည်မှန်း ထားသည်။

တရုတ်နိုင်ငံအစိုးရအဖွဲ့ က ၂ဝ၂ဝ ခုနှစ်နောက်ဆုံးထား၍ နိုင်ငံတဝှမ်း လျှပ်စစ်အားသွင်းသည့် နေရာများ တည်ဆောက်ပြီး လျှပ်စစ်ကား ငါးသန်းအတွက် အားဖြည့်သွင်းနိုင်မည့် အစီအစဉ်အား အောက်တို ဘာလ အစောပိုင်းက ကြေညာခဲ့သည်။(Xinhua)