Connect with us

Politics, Law & Military

ဝမ်ရိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိရူဘီယိုတို့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က မြူးနစ်လုံခြုံရေးအစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

မြူးနစ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ဖေဖော်ဝါရီ ၁၃ ရက်က မြူးနစ်လုံခြုံရေးအစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့သည် တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် မဟာဗျူဟာလမ်းညွှန်မှုပေးခဲ့ကြကြောင်း၊ မိမိတို့သည် နှစ်နိုင်ငံ အကြီးအကဲများ ရရှိထားသော အရေးကြီး သဘောတူညီချက်ကို အတူတကွ ကောင်းမွန်စွာ ဖော်ဆောင်ကာ ၂၀၂၆ ခုနှစ်ကို တရုတ်နှင့် အမေရိကန်၏ အပြန်အလှန်လေးစားသော၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်သောနှစ်တစ်နှစ်အဖြစ်သို့ လျှောက်လှမ်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံကြားတွင် တွေ့ဆုံဆွေးနွေးခြင်းက ထိပ်တိုက်ရင်ဆိုင်ခြင်းထက်ပို၍ ကောင်းမွန်သလို ပူးပေါင်းဆောင်ရွက်ခြင်းက ပဋိပက္ခဖြစ်ပွားခြင်းထက် ပို၍ ကောင်းမွန်ပြီး ဘုံအကျိုးဖော်ဆောင်ခြင်းက သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်ခြင်းထက် ပို၍ ကောင်းမွန်ကြောင်း၊ တန်းတူညီမျှမှု၊ လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုဟူသော သဘောထားကိုသာ လက်ကိုင်ထားမည်ဆိုလျှင် နှစ်ဖက်အနေဖြင့် အပြန်အလှန် စိုးရိမ်ပူပန်မှုများအား ဖြေရှင်းသော၊ ကွဲလွဲမှုများအား သင့်လျော်ကောင်းမွန်စွာ စီမံထိန်းချုပ်သော နည်းလမ်းအား ရှာတွေ့နိုင်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုစာရင်းများအား ပိုမိုများပြားလာစေရန်၊ ပြဿနာကိစ္စစာရင်းများ လျော့နည်းစေရန် စဉ်ဆက်မပြတ် ဆောင်ရွက်ကာ တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်သော၊ ကောင်းမွန်သော၊ စဉ်ဆက်မပြတ်တိုးတက်သော လမ်းကြောင်းသို့ လျှောက်လှမ်းစေရန်၊ ကမ္ဘာကြီးထံသို့ ပိုမိုများပြားသည့် အပြုသဘောဆောင်သော သတင်းစကားများ ထုတ်လွှင့်ပေးရန် နှစ်ဖက်အတူတကွ ကြိုးပမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် တက်ကြွ၍ အပြုသဘောဆောင်မှု ကြွယ်ဝကြောင်း နှစ်ဖက်စလုံးက ယူဆကြသည်။ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ ရရှိထားသော အရေးကြီး သဘောတူညီချက်များကို အတူတကွ အကောင်အထည်ဖော်ဆောင်ရန်၊ နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်း ညှိနှိုင်းမှုအခန်းကဏ္ဍကို အသုံးပြုရန်၊ နှစ်နိုင်ငံ အဆင့်မြင်အရာရှိများ၏ အပြန်အလှန် ဆက်သွယ်တုံ့ပြန်မှုများကို ကောင်းမွန်စွာ ဆောင်ရွက်ရန်၊ ကဏ္ဍစုံ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်မှုကို တွန်းအားပေးရန် သဘောတူညီခဲ့ကြသည်။ (Xinhua)
———————————
(Chinese Version)
王毅会见美国国务卿鲁比奥
新华社德国慕尼黑2月13日电 中共中央政治局委员、外交部长王毅13日在出席慕尼黑安全会议期间会见美国国务卿鲁比奥。
王毅表示,习近平主席同特朗普总统为中美关系发展作出战略指引。我们要共同落实好两国元首达成的重要共识,让2026年成为中美迈向相互尊重、和平共处、合作共赢的一年。中美之间对话比对抗好,合作比冲突好,共赢比零和好。只要秉持平等、尊重、互惠态度,双方就能够找到解决彼此关切、妥善管控分歧的办法。双方要共同努力,不断拉长合作清单、压缩问题清单,让中美关系步入稳定、健康、可持续发展的轨道,向世界发出更多积极的信息。
双方一致认为此次会晤积极、富有建设性。双方同意共同落实两国元首达成的重要共识,发挥政治外交渠道协调作用,服务好两国高层互动,加强各领域对话合作,推动中美关系稳定发展。(完)
1. 2月13日,中共中央政治局委员、外交部长王毅在出席慕尼黑安全会议期间会见美国国务卿鲁比奥。 新华社记者 杜哲宇 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.