Science & Technology
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ကို မတ်လ ၁ရက်နေ့အထိ လိုင်စင်စုစုပေါင်း (၁၇၆) ခု ထုတ်ပေးထားရှိပြီး ဖြစ်
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ကို မတ်လ ၁ရက်နေ့အထိ လိုင်စင်စုစုပေါင်း (၁၇၆) ခု ထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး (၁-၃-၂၀၁၉)ရက်နေ့အထိ Nationwide Telecommunications License (၄) ခု၊ Network Facilities Service (Individual) License (၆၇) ခု၊ Network Service License (၁၇) ခု၊ Network Facilities Service (Class) License (၅၇) ခု၊ Application Service License (၃၁) ခု၊ လိုင်စင်စုစုပေါင်း (၁၇၆) ခု ထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)