Connect with us

Science & Technology

မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်တွင် ရွေးချယ်ခံရသော အသင်းသုံးသင်း နှင့် မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်တွင် ရွေးချယ်ခံရသော အသင်းများနှင့် နားလည်မှုစာချွန်လွှာရေးထိုးစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်၂၀၁၉ တွင် ရွေးချယ်ခံရသောအသင်းသုံးသင်း နှင့် မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ MICT Park ရှိ Kanaung Hub ၌ မတ်လ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလက မန္တလေးမြို့တွင် နည်းပညာစွန့်ဦးတီထွင် လူငယ် အဖွဲ့ ၁၅ ဖွဲ့ ယှဉ်ပြိုင်ရာမှ ရွေးချယ်ခံရသော ငါးဖွဲ့နှင့် ရန်ကုန်မြို့တွင် ယှဉ်ပြိုင်သည့် ၁၅ ဖွဲ့မှ ရွေးချယ်ခံရသော ငါးဖွဲ့တို့ကို ဖေဖော်ဝါရီ ၁၀ ရက်က ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ဆက်လက်ရွေးချယ်ခဲ့ရာ အသင်း ၁၀ သင်းမှ အကောင်းဆုံး သုံးသင်းကို ရွေးချယ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် လည်း အကောင်းဆုံးအသင်းသုံးသင်းကို ထောက်ပံ့ကူညီခဲ့ရာ ယခုအခါ လူငယ်စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ရပ်တည်လျက် ယင်းတို့၏ အနာဂတ်စိတ်ကူးစိတ်သန်းများကို ပုံဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ရွေးချယ်ခံထားရသော ပြိုင်ပွဲဝင်အသင်းသုံးသင်းဖြစ်သော ထီနန်းတော် (Idea Capsule) ၊ တိုင်းရင်းသားဘာသာစကား (Blue Frog)နှင့် အမှိုက်စနစ်တကျ စွန့်ပစ်ရာမှMPT ဖုန်းဘေလ် အခမဲ့ရရှိမည့် အက်ပလီကေးရှင်း(Waste Management Mechine) စသည့် အသင်းတို့နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ထိုအသင်းသုံးသင်းမှ လူငယ်တို့က မိမိတို့ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

စွန့်ဦးတီထွင်လိုသော လူငယ်များကို MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ ထောက် ပံ့ကူညီလျက်ရှိရာ နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.