Connect with us

Politics, Law & Military

အပြန်အလှန်လေးစားမှု ၊ တန်းတူညီမျှမှု ဖြင့် တရုတ်-အမေရိကန် ကုန်သွယ်ရေးကိစ္စရပ်များကို အဖြေရှာရမည်

တရုတ်-အမေရိကန် နှစ်နိုင်ငံအလံအားအတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့သည် ပြီးခဲ့သော ရက်သတ္တပတ်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ တွေ့ဆုံခဲ့ကြရာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကိစ္စရပ်များကို တန်းတူညီမျှမှု နှင့် အပြန်အလှန်လေးစားမှုကို အခြေခံ၍ အဖြေရှာရန်လိုလားသည့် လက္ခဏာများကို ကမ္ဘာကြီးက တွေ့မြင်ခဲ့ကြရသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် စီးပွားရေး နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ၊ ယင်းကာလအတွင်း အမေရိကန်အနေဖြင့် တရုတ်သွင်းကုန်များအပေါ် အခွန်သစ်များ တိုးမြှင့်ကောက်ခံခြင်းမပြုရန် သဘောတူညီခဲ့ကြသည်။

အရေးပါသော သဘောတူညီချက်များရရှိခဲ့ခြင်းအားဖြင့် ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံတကာအသိုင်းအဝန်း နှင့် ကမ္ဘာ့ဈေးကွက်အတွက် အပေါင်းလက္ခဏာဆောင်သော အားအင်များကို ဖြည့်ဆည်းပေးခဲ့သည်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံဖြစ်သော တရုတ် နှင့် အမေရိကန် တို့သည် ဘုံအကျိုးစီးပွားများ အတူတကွမျှဝေခြင်း နှင့် နယ်ပယ်စုံတွင် အမျိုးမျိုးသော ကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သွားမည်ဖြစ်သည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် လွန်ခဲ့သော နှစ်ပေါင်း ၄ဝ မှစတင်ကာ ၎င်းတို့၏ စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် မှတ်တမ်းတင်ရလောက်အောင် တိုးတက်လာခဲ့သည်။ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၁၉၇၉ ခုနှစ် မှ ၂ဝ၁၈ ခုနှစ်အထိ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခဲ့ရာ အဆပေါင်း ၂၅၂ ဆ ထိမြင့်တက်ခဲ့သည်။

နှစ်နိုင်ငံအကြား ကွဲပြားခြားနားမှုများ ရှိနေနိုင်မည်မှာ သဘာဝတရားပင်ဖြစ်သည်။ သို့သော်လည်း ယင်းကို လျစ်လျူရှုရန်မဟုတ်ဘဲ အရေးပါသော နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေး နှင့် ကုန်သွယ်ရေးု ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခြင်းနှင့်အတူ တစ်ကမ္ဘာလုံး၏ အကျိုးစီးပွားကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။

နှစ်နိုင်ငံအကြား တစ်ခုတည်းသော မှန်ကန်စွာရွေးချယ်စရာမှာ ပူးပေါင်းဆောင်ရွက်မှုပင်ဖြစ်သည်။ နှစ်ဖက်အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ခြင်း ၊ မတူကွဲပြားမှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်း နှင့် စီမံခန့်ခွဲခြင်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံသည် ကုန်သွယ်ရေး အငြင်းပွားမှုများကို ဖြေရှင်းသွားရမည်ဖြစ်သည်။

၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုများ ရှေ့ဆက်နိုင်ရန် နှင့် နှစ်နိုင်ငံအကြား သဘောတူညီချက်တစ်ခု ရရှစေရန် တွန်းအားပေးသွားမည်ဖြစ်ပြီး တန်းတူညီမျှမှု နှင့် အပြန်အလှန်လေးစားမှုအပေါ် အခြေခံရမည်ဖြစ်ကာ ယင်းမှာ အရေးကြီးသော ဆွေးနွေးပွဲအကြိုအခြေအနေ တစ်ရပ်ပင်ဖြစ်သည်။

သဘောတူညီချက်သည် နှစ်ဖက် အပြန်အလှန်အကျိုးစီးပွားရရှိမည်ဖြစ်သည်။ အကယ်၍ တစ်ဖက်ဖက်က အပေါ်စီးဆက်ဆံပါက ယင်းမှာ မျှတမှုတစ်ခုမဖြစ်နိုင်ဘဲ ဆွေးနွေးမှုမှာလည်း မည်သည့် ရလဒ်မျှ ထွက်ပေါ်လိမ့်မည်မဟုတ်ပေ။

နှစ်နိုင်ငံစလုံးအနေဖြင့် အရေးပါသောအကျိုးစီးပွားများ နှင့် အဓိက ကိစ္စရပ်များတွင် အပြန်အလှန်လေးစားသမှုရှိရမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အချုပ်အခြာအာဏာ နှင့် ဂုဏ်သိက္ခာ ဆိုင်ရာ ကိစ္စရပ်များတွင် အရေးကြီးသောအကျိုးစီးပွားများကို အပြည့်အဝ ကာကွယ်စောင့်ရှောက်သွားမည်သာဖြစ်သည်။

စိတ်ဆန္ဒမရှိပါက တရုတ် နှင့် အမေရိကန် နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ကုန်သွယ်ရေးဆိုင်ရာအငြင်းပွားမှုများကို လျှင်လျှင်မြန်မြန်ဖြေရှင်း ပြီးမြောက်နိုင်မည်မဟုတ်ပေ။သို့သော်လည်း အဖြေရှာမှုကို ၎င်းတို့အနေဖြင့် ဆက်လက်လုပ်ဆောင်နေရာ ရိုးသားမှု နှင့် လုပ်ကိုင်ဆောင်ရွက်မှုများသည် နှစ်ဖက်စလုံး အပြန်အလှန်လက်ခံနိုင်သည့် ရလဒ်တစ်ခုကို မလွဲမသွေ ရှာဖွေနိုင်လိမ့်မည်ဖြစ်သည်။

နောက်တဆင့်တက်၍ ကုန်သွယ်ရေးဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ရာတွင် နှစ်ဖက်ခေါင်းဆောင်များအကြား သဘောတူညီချက်ကို ရရှိလိမ့်မည်ဖြစ်သည်။တန်းတူညီမျှမှု နှင့် အပြန်အလှန်လေးစားမှုကို အခြေခံ၍ နှစ်နိုင်ငံ စီးပွားရေး နှင့် ကုန်သွယ်ရေး ဆက်ဆံမှုသည် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိမည်ဟု မျှော်လင့်ရပေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117