Connect with us

Politics, Law & Military

တရုတ်ကွန်မြူနစ်ပါတီ(CPC) အဖွဲ့ဝင် သန်း ၉ဝ အထိရှိလာ

၂ဝ၁၈ ခုနှစ် ဇွန် ၂၆ ရက်ကပြုလုပ်ခဲ့သော တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ညီလာခံမြင်ကွင်းတစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၃ဝ ရက်(ဆင်ဟွာ)

သက်တမ်း ၉၈ နှစ်ရှိပြီဖြစ်သော တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) သည် အဖွဲ့ဝင် သန်းပေါင်း ၉ဝ ထိ ပြည့်တင်းခဲ့ပြီဖြစ်ကြောင်း CPC ဗဟိုကော်မတီ၏ ပါတီစည်းရုံးရေးဌာနက ယနေ့ဇွန် ၃ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

CPC အနေဖြင့် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကနဦးအဆင့်ပါတီစည်းရုံးရေးမှ အဖွဲ့ဝင် ၄.၆၁သန်း ဝင်ရောက်လာခြင်းနှင့်အတူ ယခုအခါ စုစုပေါင်း အဖွဲ့ဝင် ၉ဝ.၅၉ သန်းအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဇူလိုင် ၁ ရက် CPC ပါတီဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်နေ့မတိုင်မီ တစ်ရက်အလိုတွင် ထုတ်ပြန်သော ပါတီစည်းရုံးရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပါတီဝင်အဖြစ်ဝင်ရောက်ခြင်း နှင့် ပါတီစည်းရုံးရေးဌာနများဖွဲ့စည်းခြင်းမှာ နှစ်စဉ်တိုးတက်လာခဲ့ရာ ၂ဝ၁၇ ခုနှစ်တွင် အဖွဲ့ဝင်သစ် ၁.၀၃ သန်း နှင့် ရုံးခွဲပေါင်း ၃၉,ဝဝဝခုထိ ရှိခဲ့ကြောင်း ပါတီထုတ်ပြန်ချက် စာရင်းဇယားများအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.