Connect with us

North America

အမေရိကန်နိုင်ငံရှိ ပြည်နယ်များ၌ COVID-19 များပြားလာမှုကို နိုးနိုးကြားကြားရှိကြရန် Fauci သတိပေး

အမေရိကန်နိုင်ငံ ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါဆိုင်ရာ ညွှန်ကြားရေးမှူး Anthony Fauci အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်များရှိ အတွေ့အကြုံများအရ အိုဟိုင်းယိုး၊  တင်နက်ဆီ၊ ကင်တပ်ကီနှင့် အင်ဒီယားနား စသည့်ပြည်နယ်များ အပါအဝင် ပြည်နယ်များစွာ၌ COVID-19 ဖြစ်ပွားမှု များပြားလာသည်ကို ရှောင်ရှားရန် နိုးနိုးကြားကြားရှိသင့်ကြောင်း အမေရိကန်နိုင်ငံ ကူးစက်ရောဂါကျွမ်းကျင်သူ Anthony Fauci က ဇူလိုင် ၂၉ ရက်တွင် သတိပေးခဲ့သည်။

အမေရိကန်နိုင်ငံ ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါဆိုင်ရာ အမျိုးသားတက္ကသိုလ် ညွှန်ကြားရေးမှူး Fauci က “ဒီအချိုးအကွေ့က အင်မတန်အရေးကြီးကြောင်း” ယင်းနေ့အစောပိုင်းက အုပ်ချုပ်သူများပါဝင်သည့် ကွန်ဖရင့်တစ်ခု၌ ပြောကြားခဲ့သည်။

အိုဟိုင်းယိုး၊ တင်နက်ဆီ၊ ကင်တက်ကီနှင့် အင်ဒီယားနား ပြည်နယ်များသည် စုစုပေါင်းရောဂါစစ်ဆေးမှုတွင် ရောဂါတွေ့ရှိမှု (positive result) ရာခိုင်နှုန်းမှာ တဖြည်းဖြည်းတိုးလာနေသည်ကို စတင်ပြသလျက်ရှိကြောင်း Fauci က ABC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောခဲ့သည်။

“ဒါဟာ နိုင်ငံတောင်ပိုင်းက ပြည်နယ်တွေမှာ တွေ့ကြုံရတဲ့ပြဿနာနဲ့ ပုံစံတူဖြစ်လာဖွယ်ရှိတာကို သေချာပေါက် ပြသလိုက်တဲ့ အရိပ်အမြွက်ပါပဲ” ဟု ၎င်းက ဆိုသည်။

ယင်းပြည်နယ်များတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု တစ်ရှိန်ထိုးတက်လာမှုကို ရပ်တန့်နိုင်ရန် အားလုံးအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူစုလူဝေးကို ရှောင်ကြဉ်ခြင်း၊ အနည်းဆုံး ခြောက်ပေအကွာတွင် နေထိုင်ခြင်း၊ လက်ဆေးခြင်းအလေ့အကျင့်ရှိခြင်းနှင့် ဘားများကို ရှောင်ခြင်း (သို့မဟုတ်) ဖြစ်နိုင်ပါက ပိတ်သိမ်းခြင်း စသည်တို့အပါအဝင် စည်းမျဉ်းငါးချက်ကို  လိုက်နာရမည်ဟု Fauci က MSNBC ရုပ်သံသို့ ပြောကြားခဲ့သည်။

“ကျွန်တော် ဖော်ပြထားတဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ တင်းတင်းကြပ်ကြပ် စမလုပ်သေးဘူးဆိုရင်တော့ ရောဂါမကြုံတွေ့ရသေးတဲ့  အဲဒီပြည်နယ်တွေဟာ ဒုက္ခတွေ့တော့မှာ မြေကြီးလက်ခတ်မလွဲပါပဲ”  ဟု Fauci က ပြောခဲ့သည်။

ဇူလိုင် ၂၉ ရက်က အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် လူသေဆုံးမှုမှာ ၁၅၀,၀၀၀ ကျော်သွားပြီးနောက် ယခုကဲ့သို့ Fauci ၏ သတိပေးချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ဇူလိုင် ၂၉ ရက်အထိ COVID-19 ဖြစ်ပွားသူ အရေအတွက်မှာ ၄.၄ သန်းကျော်ရှိလာခဲ့ပြီး လူသေဆုံးမှုမှာမူ ဇူလိုင် ၂၉ ရက် ညနေပိုင်းအထိ ၁၅၀,၀၉၀ ဦးအထိ ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စာရင်းများအရ သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.