Connect with us

North America

ထရမ့်၏ COVID-19 ကိုင်တွယ်ပုံအပေါ် စစ်တမ်းကောက်ယူမှုတွင် ထောက်ခံမှု အနိုမ့်ဆုံးအဆင့်သစ်ထိ ကျဆင်း

အမေရိကန်နိုင်ငံသမ္မတအိမ်ဖြူတော်အား ဇူလိုင် ၂၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ COVID-19 ကပ်ရောဂါ ကိုင်တွယ်ပုံအပေါ် ပြည်သူများက စိတ်ပျက်လျက်ရှိပြီး မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် လူထု ထောက်ခံမှု အနိုမ့်ဆုံးအဆင့်သစ်တစ်ခုသို့ ကျဆင်းနေခြင်းနှင့်အတူ နိုင်ငံအနေဖြင့် မှားယွင်းသော လမ်းကြောင်းဆီသို့ ဦးတည်သွားနေကြောင်း ယင်းစစ်တမ်းဖြေဆိုသူအများစုက ယုံကြည်နေကြသည်။

ထရမ့်၏ COVID-19 ကပ်ရောဂါကိုင်တွယ်မှုအပေါ် ထောက်ခံမှုပမာဏသည် ၃၂ ရာခိုင်နှုန်းအထိ အနိုမ့်ဆုံးအဆင့် စံချိန်တင်ကျဆင်းနေကြောင်း AP သတင်းဌာန နှင့် ချီကာဂိုတက္ကသိုလ် ပြည်သူ့ဆက်ဆံရေးသုတေသနစင်တာ(NORC) တို့ ပူးတွဲပြုလုပ်သော စစ်တမ်းသစ်တစ်ခုအရ သိရသည်။

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်အား မေ ၂၉ ရက်တွင် ပြုလုပ်သော ဗီဒီယိုရုပ်သံ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ) 

ထို့အပြင် စစ်တမ်းဖြေဆိုသူ ၈၀ ရာခိုင်နှုန်းက နိုင်ငံအနေဖြင့် “ မှားယွင်းသော လမ်းကြောင်းဆီသို့ ဦးတည်သွားနေကြောင်း” ၊ စစ်တမ်းအရ ထရမ့်အနေဖြင့် သမ္မတတာဝန် စတင်ယူခဲ့ချိန် နောက်ပိုင်း လူထုထောက်ခံမှု အနိုမ့်ဆုံးအနေအထားသို့ ရောက်ရှိနေပြီး  ၎င်း၏ သမ္မတ ဒုတိယသက်တမ်းမဲဆွယ်မှုအပေါ် အရိပ်တစ်ခုအဖြစ် သက်ရောက်မှု ရှိနေကြောင်း ဖော်ပြထားသည်။

စီးပွားရေးမျက်နှာစာတွင် ပြီးခဲ့သော ဇန်နဝါရီလက လူထု စစ်တမ်း ထောက်ခံမှု ၆၇ ရာခိုင်နှုန်းထိ ရှိခဲ့သော်လည်း ယခုအခါ အမေရိကန်နိုင်ငံ၏ အမျိုးသားစီးပွားရေးသည် ကောင်းမွန်သည့်ပုံစံတွင်ရှိနေသည်ဟု စစ်တမ်း ဖြေဆိုသူ ၃၈ ရာခိုင်နှုန်းသာရှိပြီး ယင်းမှာ စီးပွားရေးဖဲချပ်တစ်ခုဖြင့် ရွေးကောက်ပွဲ အခွင့်အလမ်းတစ်ခု ကိုင်ကစားမည့် သမ္မတ၏ မျှော်လင့်ချက်အတွက် အခြားရိုက်ချက် ဖြစ်ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117