Connect with us

CHINA

တရုတ်နိုင်ငံက ဆောင်းရာသီနှင့် နွေဦးရာသီတွင် အဓိကလူအုပ်စုများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးမည်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Sinovac Biotech Ltd. ဓာတ်ခွဲခန်း၌ COVID-19 inactivated ကာကွယ်ဆေး နမူနာများကို စမ်းသပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံသည် ယခုနှစ် ဆောင်းရာသီနှင့် နွေဦးရာသီကာလအတွင်း အဓိကလူအုပ်စုများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် (NHC) တာဝန်ရှိသူက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး ကာကွယ်ဆေးများကို တင်သွင်းအအေးခန်းထုတ်ကုန်များအား ကိုင်တွယ်လုပ်ကိုင်နေသူများနှင့် ဆိပ်ကမ်း၌ ကုန်စည်စစ်ဆေးမှုနှင့် ရောဂါတားဆီးကာကွယ်မှုလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဈေးများ၊ ဆေးကုသမှုနှင့် ရောဂါထိန်းချုပ်ရေး စသည့် ကဏ္ဍများတွင် လုပ်ကိုင်နေသူများ အပါအဝင် ဦးစားပေးအုပ်စုများအား ပထမဆုံး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း NHC ၏ ရောဂါထိန်းချုပ်ရေးဌာန တာဝန်ရှိသူ Cui Gang က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် ဗိုင်းရပ်စ် ကူးစက်နိုင်မှု အန္တရာယ် အလယ်အလတ်နှင့် မြင့်မားသော နိုင်ငံများနှင့် ဒေသများ၌ အလုပ်လုပ်ကိုင်ရန် သို့မဟုတ် ပညာလေ့လာရန် စီစဉ်ထားသူများလည်း အကျုံးဝင်မည်ဖြစ်ကြောင်း Cui က ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ အစီအစဉ်က COVID-19 ပြည်ပကူးစက်မှုကို ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းတွင် တရုတ်နိုင်ငံ ကြုံတွေ့ရသော ဖိအားကိုသက်သာစေရန်နှင့် ပြည်တွင်းကူးစက်မှု အန္တရာယ်များကို လျော့ပါးလာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း Cui က ဆိုသည်။ (Xinhua)

………………………………………

(English Version)
1st LD: China to inoculate key groups with COVID-19 vaccines in winter, spring
2020-12-19 13:38:11
BEIJING, Dec. 19 (Xinhua) — China will start inoculating some key groups with COVID-19 vaccines in this winter-spring period, said a National Health Commission (NHC) official in Beijing on Saturday.
In a two-step vaccination drive, the vaccines will be first given to priority groups, including those engaged in handling imported cold-chain products, and people working in sectors such as port inspection and quarantine, aviation, public transport, fresh market, medical treatment and disease control, Cui Gang, an official with NHC’s disease control department, said at a press conference.
The vaccination program will also cover those who plan to work or study in countries and regions with medium or high risks of exposure to the virus, Cui added.
This will help relieve the pressure on China in preventing and controlling imported COVID-19 cases, and lower the risks of domestic outbreaks of the epidemic, said Cui. Enditem
A staff member tests samples of the COVID-19 inactivated vaccine at a laboratory of Sinovac Biotech Ltd., in Beijing, capital of China, March 16, 2020. (Xinhua/Zhang Yuwei)