Connect with us

CHINA

ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် အမြန်ဆုံး ပြန်လည်ကျန်းမာပါစေကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သဝဏ်လွှာပေးပို့

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Elysee နန်းတော်တွင် တတိယအကြိမ်မြောက် ပဲရစ်ငြိမ်းချမ်းရေးဖိုရမ်အတွက် ရောက်ရှိနေသည့် ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) အနေဖြင့် အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေကြောင်း ဒီဇင်ဘာ ၁၈ ရက်က ဆုမွန်ကောင်းသဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။

ရှီက မက်ခရွန်အား COVID-19 ကူးစက်ခံရကြောင်း ကြားသိရသည့်အတွက် စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း သဝဏ်လွှာ၌ ရေးသားထားသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီဖယ်မျှော်စင်အနီး Trocadero နေရာ၌ နှာခေါင်းစည်းတပ်ဆင်ထားသူများ လမ်းလျှောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ကိုယ်စား ပြင်သစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအား ကပ်ရောဂါတိုက်ဖျက်ရေး၌ အခိုင်အမာ ထောက်ခံကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ ကူးစက်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်ရန်နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး၌ ကမ္ဘာကြီး၏ နောက်ဆုံးအောင်ပွဲကို ဆောလျင်စွာ ရရှိနိုင်ရန် တက်တက်ကြွကြွ အားပေးကူညီသွားရန် အသင့်ရှိကြောင်း သမ္မတ ရှီက သဝဏ်လွှာ၌ ထည့်သွင်းရေးသားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Xi wishes Macron speedy recovery
Source: Xinhua| 2020-12-18 16:23:32|Editor: huaxia
BEIJING, Dec. 18 (Xinhua) — Chinese President Xi Jinping on Friday extended his wish of a speedy recovery to his French counterpart, Emmanuel Macron.
In his message, Xi extended sympathy to Macron over testing positive for COVID-19 and wishes him a speedy recovery.
On behalf of the Chinese government and people, Xi voiced staunch support for the French government and people in their fight against the pandemic.
Also in the message, Xi noted that the Chinese side is ready to work with the French side to actively push forward anti-epidemic cooperation, and contribute to the world’s final victory over the pandemic at an early date. ■

1-File photo taken on Nov. 12, 2020 shows French President Emmanuel Macron (L) appearing ahead of the third Paris Peace Forum at the Elysee Palace in Paris, France. (Photo by Aurelien Morissard/Xinhua)
2-People wearing face masks walk past the Trocadero Place near the Eiffel Tower in Paris, France, Oct. 23, 2020. (Xinhua/Gao Jing)