Connect with us

CHINA

တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၂၃ ရက်က COVID-19အသစ်ထပ်တိုးအတည်ပြုလူနာ ၁၇ ဦး ရှိ၊ ၎င်းတို့အနက် ၆ ဦးမှာ ပြည်တွင်း ကူးစက်မှုများ ဖြစ်

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် Nucleic acidစစ်ဆေးနေမှုများကို ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဒီဇင်ဘာ ၂၃ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၁၇ ဦး ရှိရာ ၎င်းတို့အနက် ပြည်ပကူးစက်မှု ၁၁ ဦး( ရှန်ဟိုင်း ၆ ဦး၊ စီချွမ်း ၂ ဦး၊ လျောင်နင် ၁ ဦး၊ ဟဲနန် ၁ ဦး၊ ကွမ်တုန်း ၁ ဦး) ၊ ပြည်တွင်းကူးစက်မှု ၆ ဦး( လျောင်နင် ၆ ဦး) ရှိပြီး ထပ်တိုး သေဆုံးသူ နှင့် သံသယလူနာမရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဒီဇင်ဘာ ၂၄ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနေ့တွင် ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၂၂ ဦး ၊ ဖြေလျှော့လိုက်သည့် အနီးကပ် ကျန်းမာရေးစောင့်ကြည့်မှုခံယူသူ ၆၆၉ ဦး ၊ရောဂါပြင်းထန်သူ အရေအတွက်သည် ပြီးခဲ့သည့်ရက်ကထက် ၁ ဦး ထပ်တိုးကြောင်း သိရသည်။

လက်ရှိ ပြည်ပကူးစက်မှု အတည်ပြုလူနာ ၂၇၄ ဦး(ရောဂါ ပြင်းထန်သူ ၅ ဦး ပါဝင်)၊ သံသယလူနာမရှိဖြင့် စုစုပေါင်း အတည်ပြုလူနာ ၄,၁၇၄ ဦး၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၃,၉၀၀ ဦးနှင့် သေဆုံးလူနာ မရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၂၃ ရက် ၂၄ နာရီအချိန်အထိ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ လက်ရှိတွင် အတည်ပြုလူနာ ၃၁၅ ဦး(ရောဂါပြင်းထန်လူနာ ၆ ဦး ပါဝင်)၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၈၁,၉၅၀ ဦး၊ စုစုပေါင်း သေဆုံးလူနာ ၄,၆၃၄ ဦး ၊ စုစုပေါင်း အတည်ပြုလူနာ ၈၆,၈၉၉ ဦး ရှိကြောင်း သိရသည်။ ရောဂါကူးစက်သူနှင့်အနီးကပ်ထိတွေ့ သူများအား ခြေရာခံစောင့်ကြည်မှု စုစုပေါင်း ၈၉၄,၄၀၉ ဦးရှိပြီး ဆေးရုံ၌ ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှု ခံယူနေသူ ၇,၄၈၈ ဦး ရှိကြောင်း သိရသည်။

အသစ်ထပ်တိုး လက္ခဏာမပြ ရောဂါ ကူးစက်သူ ၁၉ ဦး(ပြည်ပကူးစက်မှု ၁၄ ဦးပါဝင်)ရှိပြီး ၎င်းတို့အနက် ၆ ဦး(ပြည်ပကူးစက်မှု ၃ ဦးပါဝင်)မှာ ဒီဇင်ဘာ ၂၃ ရက်တွင် အတည်ပြုလူနာဖြစ်ခဲ့ကြောင်း၊ လက်ရှိ ကျန်းမာရေးစောင့်ကြည်မှုမှ ဖြေလျှော့လိုက်သူ ၃ ဦး ၊ဆေးရုံတွင် ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှုခံယူနေသူ လက္ခဏာမပြရောဂါကူးစက်သူ ၂၂၉ ဦး ရှိရာ ယင်းတို့အနက် ၁၈၇ ဦးမှာ ပြည်ပမှဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသများ၏ သတင်းပေးပို့ချက်များအရ ယင်းဒေသများတွင် အတည်ပြုလူနာ စုစုပေါင်း ၉,၁၇၅ ဦး ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၈,၃၅၃ ဦး (ဆေးရုံဆင်းလူနာ ၇,၁၁၂ ဦး၊ သေဆုံးသူ ၁၃၃ ဦး)၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၄၆ ဦး(ဆေးရုံဆင်းလူနာ ၄၆ ဦး)၊ ထိုင်ဝမ်ဒေသတွင် ၇၇၆ ဦး (ဆေးရုံဆင်းလူနာ ၆၃၅ ဦး၊ သေဆုံးသူ ၇ ဦး )ဖြစ်ကြောင်း သိရသည်။(Xinhua) 

————————————-
(Chinese Version)
(聚焦疫情防控)国家卫健委:23日新增新冠肺炎确诊病例17例 其中本土病例6例
2020-12-24 09:12:35
 新华社北京12月24日电 国家卫生健康委员会24日通报,12月23日0—24时,31个省(自治区、直辖市)和新疆生产建设兵团报告新增新冠肺炎确诊病例17例,其中境外输入病例11例(上海6例,四川2例,辽宁1例,河南1例,广东1例),本土病例6例(均在辽宁); 无新增死亡病例;无新增疑似病例。
 当日新增治愈出院病例22例,解除医学观察的密切接触者669人,重症病例较前一日增加1例。
 境外输入现有确诊病例274例(其中重症病例5例),无现有疑似病例。累计确诊病例4174例,累计治愈出院病例3900例,无死亡病例。
截至12月23日24时,据31个省(自治区、直辖市)和新疆生产建设兵团报告,现有确诊病例315例(其中重症病例6例),累计治愈出院病例81950例,累计死亡病例4634例,累计报告确诊病例86899例,无现有疑似病例。累计追踪到密切接触者894409人,尚在医学观察的密切接触者7488人。
 31个省(自治区、直辖市)和新疆生产建设兵团报告新增无症状感染者19例(境外输入14例);当日转为确诊病例6例(境外输入3例);当日解除医学观察3例(均为境外输入);尚在医学观察无症状感染者229例(境外输入187例)。
累计收到港澳台地区通报确诊病例9175例。其中,香港特别行政区8353例(出院7112例,死亡133例),澳门特别行政区46例(出院46例),台湾地区776例(出院635例,死亡7例)。(完)

图说:12月11日晚,人们在位于四川成都市郫都区的成都现代工业港核酸检测点进行核酸检测。 新华社记者 沈伯韩 摄