Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါသတင်း) ဗြိတိန်နိုင်ငံတွင် AstraZeneca COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးနောက် သွေးခဲခြင်းဖြစ်ပွားကာ သေဆုံးသူ ၃၂ ဦးအထိရောက်ရှိလာ

ဗြိတိန်နိုင်ငံ ရှိ AstraZeneca ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီရုံးအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များ ကြီးကြပ်မှုဌာန၏ ဧပြီ ၂၂ ရက်တွင်ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ ဗြိတိန်နိုင်ငံတွင် လူပေါင်း ၁၆၈ ဦး၌ AstraZeneca ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီနှင့် အောက်စ်ဖို့တက္ကသိုလ်တို့မှ ပူးပေါင်းတီထွင်ထုတ်လုပ်ခဲ့သည့် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ပြီးနောက် သွေးခဲသည့် လက္ခဏာများဖြစ်ပွားခဲ့ကြပြီး ၎င်းတို့အနက် ၃၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံ ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များ ကြီးကြပ်မှုဌာနက ဧပြီ ၁၄ ရက်အချိန်ထိ ဗြိတိန်နိုင်ငံတွင် လူပေါင်း ၂၁.၁ သန်းက ပထမအကြိမ် AstraZeneca COVID-19 ရောဂါကာကွယ်ဆေးကို ထိုးနှံမှုခံယူခဲ့ကြကြောင်း ၊ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် သွေးခဲသည့် လက္ခဏာဖြစ်ပွားခဲ့သည့် ၁၆၈ ဦးအနက် ၇၅ ဦးမှာ အမျိုးသားများဖြစ်ကြပြီး ၉၃ ဦးမှာ အမျိုးသမီးများဖြစ်ကြကြောင်း ၊ ၎င်းတို့အနက် ၇၇ ဦးမှာ Cerebral Venous Sinus Thrombosis (CVST) ဖြစ်ကြပြီး ၉၁ ဦးမှာ ဆိုးရွားသည့် သွေးခဲမှု နှင့် အတူ Thrombocytopenia လည်း ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော်ထုတ်ပြန်ချက်တွင် ဆက်တိုက်သုံးသပ်မှုများဆောင်ရွက်ခဲ့သည့် ရလဒ်အရ လက်ရှိအချိန်တွင် လူအများစုအား အကြုံပြုလိုသည်မှာ ယင်းအမျိုးအစား ကာကွယ်ဆေးထိုးနှံမှုမှ ရရှိသည့် အကျိုးကျေးဇူးသည် အန္တရာယ်ထက် ပိုမိုသာနေကြောင်း ပါဝင်ခဲ့သည်။

ဗြိတိနိုင်ငံ ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များ ကြီးကြပ်မှုဌာန၏ အကြံပြုချက်နှင့် သွေးခဲခြင်းအန္တရာယ်အပေါ် အခြေခံ၍ ဗြိတိန်နိုင်ငံအစိုးရက ယခုလမှစတင်၍ အခြားအမျိုးအစား ကာကွယ်ဆေးရှိခဲ့ပါက အများစုသော အသက် ၃၀ အောက် ပြည်သူလူထုများအား AstraZeneca ကာကွယ်ဆေးအစား အခြားအမျိုးအစား ကာကွယ်ဆေးဖြင့် အစားထိုးထိုးနှံပေးရန် သဘောတူခဲ့ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံတွင် လက်ရှိချိန်၌ ပြည်သူလူထုအား အဓိကထိုးနှံပေးနေသည့် ကာကွယ်ဆေးအမျိုးအစားမှာ အမေရိကန်နိုင်ငံ Pfizer ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီ နှင့် ဂျာမနီနိုင်ငံ ဇီဝနည်းပညာကုမ္ပဏီတို့မှ ပူးပေါင်းတီထွင်ထုတ်လုပ်ထားသည့် ကာကွယ်ဆေး နှင့် AstraZeneca ကာကွယ်ဆေးတို့ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပတိုက် လုပ်ငန်းဆောင်ရွက်မှုဌာန တာဝန်ခံ Kluge က ယခုလ ၁၅ ရက်၌ သတင်းစာရှင်းလင်းပွဲတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးက ရင်ဆိုင်ရနိုင်ဖွယ်ရှိသော အန္တရာယ်ထက်သာလွန်ကြောင်း ၊ ကမ္ဘာပေါ်တွင် လူပေါင်း သန်း ၂၀၀ ကျော်က AstraZeneca ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးနောက်တွင် လူအနည်းငယ်သာ ရှားပါးသော သွေးခဲမှုဖြစ်ပွားခဲ့ရကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————————–
(Chinese Version)
(国际疫情)英国接种阿斯利康疫苗后死于血栓者升至32人
2021-04-23 15:00:55 分类: 科学技术
  新华社伦敦4月22日电英国药品与保健品管理局22日更新的数字显示,该国已有168人在接种英国阿斯利康制药公司和牛津大学联合研发的新冠疫苗后出现血栓症状,其中32人死亡。
  英国药品与保健品管理局表示,截至4月14日,英国已有2120万人接种过第一剂阿斯利康新冠疫苗。在出现血栓症状的168人中,男性有75人,女性有93人。其中,77人属于脑静脉窦血栓,另外91人出现严重血栓伴血小板减少症。
  不过,该机构表示,“基于这一持续评估结果,目前建议仍然是对大部分人来说,接种疫苗的益处大于风险”。
  基于该机构的建议,出于对血栓的担忧,英国政府本月同意在条件允许时为大部分30岁以下民众提供其他疫苗,来替代阿斯利康新冠疫苗。英国目前为民众接种的主要是美国辉瑞制药有限公司与德国生物新技术公司合作研发的新冠疫苗以及阿斯利康新冠疫苗。
  世界卫生组织欧洲区域办事处主任克卢格本月15日在视频记者会上回应接种新冠疫苗风险性时,再次强调接种疫苗的好处超过风险。克卢格说,在全球接种了阿斯利康新冠疫苗的2亿人当中,仅出现极少数罕见的凝血障碍。(完)

Photo
这是2020年5月18日在英国卢顿拍摄的阿斯利康制药公司外景资料照片。新华社发(蒂姆•爱尔兰摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.