Connect with us

WORLD

ကျူးဘားနိုင်ငံတွင် COVID-19 လူထုကာကွယ်ဆေးထိုးနှံခြင်းကို မေလမှစတင်ရန် ပြင်ဆင်

ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ လမ်းမတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ထားသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံရှိ လူဦးရေ ၂ သန်းကျော်နေထိုင်သော ဟာဗားနားမြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးအတွက် လူထုကာကွယ်ဆေးထိုးနှံခြင်းကို မေလ၌ စတင်ရန် ကျန်းမာရေးအာဏာပိုင်များက ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။

Soberana-02 နှင့် Abdala အမည်ရှိသော ကျူးဘားကာကွယ်ဆေးနှစ်မျိုးကို ဟာဗားနားရှိ ခရိုင်များစွာ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုဦးစီးဌာန အကြီးအကဲ Maria Elena Soto က ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်းအား ရောဂါကူးစက်နိုင်မှု အန္တရာယ်အလိုက် အသက် ၆၀ နှစ်နှင့် အထက်ရှိသူများကို ဦးစားပေးထိုးနှံသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် အသက် ၅၉ နှစ်မှ ၄၀ နှစ် အထိနှင့် ၃၉ နှစ်မှ ၁၉ နှစ်အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်သည်များ၊ ကလေးမွေးဖွားပြီးသူများနှင့် မွေးကင်းစကလေးငယ်များအပြင် ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများမှာမူ ကာကွယ်ဆေးထိုးနှံမှုတွင် ပါဝင်ခြင်းမရှိကြောင်းသိရသည်။

ကျူးဘားနိုင်ငံသည် ရောဂါကူးစက်မှုလှိုင်းအသစ်ကို ရင်ဆိုင်နေရပြီး နိုင်ငံတစ်ဝန်း စာသင်ကျောင်းများ ဆိုင်းငံ့ခြင်း၊ ဟိုတယ်များ၊ အိမ်ငှားရမ်းခြင်းများ၊ ဘားများနှင့် စားသောက်ဆိုင်များပိတ်ခြင်း အပါအဝင် အသွားအလာကန့်သတ်တားမြစ်ခြင်း ဆောင်ရွက်ချက်များအား ပြန်လည်သတ်မှတ်ခဲ့သည်။

ထို့ပြင် နေ့စဉ် ရောဂါကူးစက်မှုအသစ် ၁,၂၀၇ ဦးရှိခဲ့သလို ရောဂါကြောင့် လူသေဆုံးမှုမှာ တစ်နေ့တည်း ၁၂ ဦးကျော်ရှိခဲ့ကြောင်း၊ စုစုပေါင်း ရောဂါဖြစ်ပွားသူအရေအတွက်မှာ ၉၇,၉၆၇ ဦးနှင့် သေဆုံးသူ ၅၅၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Cuba readies COVID-19 mass vaccination drive for May
Source: Xinhua| 2021-04-23 08:54:15|Editor: huaxia
HAVANA, April 22 (Xinhua) — Cuban health authorities are getting ready to launch a mass vaccination campaign against the novel coronavirus disease (COVID-19) in May in Havana, home to over 2 million residents, the Ministry of Public Health said Thursday.
The head of the National Department of Primary Health Care at the ministry, Maria Elena Soto, said in a televised broadcast that Cuban vaccine candidates Soberana-02 and Abdala will be applied in several Havana districts.
Vaccination will initially target people aged 60 and over, considered the highest risk group, and later those 59 to 40 and 39 to 19.
Pregnant women, postpartum women and infants, as well as those who have recovered from the disease will be excluded from vaccination.
Cuba is facing a new wave of infections that has led authorities to reimpose lockdown measures across the country, including suspending school classes and closing hotels, rental homes, bars and restaurants.
The ministry reported 1,207 new daily cases of infection and 12 more single-day deaths from the disease, raising the total caseload to 97,967 and the death toll to 559. ■
People wearing face masks are seen on the street in Havana, Cuba, April 15, 2021. (Photo by Joaquin Hernandez/Xinhua)