Connect with us

Politics, Law & Military

တရုတ်-အမေရိကန် စီးပွားရေး တရားခံပြေးများ အကြောင်း ဆွေးနွေး

နိုင်ငံခြားသို့ထွက်ပြေးတိမ်းရှောင်သွားသည့် တရုတ်လူမျိုးတရားခံပြေးတစ်ဦးအားတရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်စဉ်

နိုင်ငံခြားသို့ထွက်ပြေးတိမ်းရှောင်သွားသည့် တရုတ်လူမျိုးတရားခံပြေးတစ်ဦးအားတရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်စဉ်

ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နှင့် အမေရိကန် တရားစီရင်ရေး အာဏာပိုင်များ ကြာသပတေးနေ့က တွေ့ဆုံပြီး ဝရမ်းပြေးရှာဖွေရေးနှင့် နိုင်ငံပိုင်အဖိုးတန် ပစ္စည်းများ ပြန်လည်ရယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ရန် ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ၏ အမြင့်ဆုံး ပြည်သူ့ဗဟိုခုံရုံးက ကိုယ်စားလှယ်တွေအပြင် ကြီးကြပ်ရေး၊ နိုင်ငံခြားရေး ၊ တရားမျှတရေးဆိုင်ရာ အမှုထမ်းများ၊ အမေရိကန် တရားမျှတမှုဆိုင်ရာ ဌာနနှင့် ဘဏ္ဍာရေးဌာနရှိ ပြည်တွင်းအခွန်လုပ်ငန်းမှ အကြီးအကဲများလည်း တက်ရောက်ဆွေးနွေးကြ သည်။

အမေရိကန်ပြည်ထောင်စု၌ ပုန်းအောင်းနေသော တရုတ်တရားခံပြေးများကို ဖမ်းဆီးရန်အတွက် ကြိုးပမ်းအားထုတ်ရန် ရည်ရွယ်သည့် အဆိုပါ အစည်းအဝေးတွင် သက်သေခံများ လွဲပြောင်းပေးရန်နှင့် ဥပဒေများကို အဓိကထားရန် ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံသည် အဂတိလိုက်စားတယ်လို့ သံသယရှိသည့် အကျင့်ပျက်အရာရှိများ အပါအဝင် တရားခံပြေးများကို ဖမ်းဆီးဖို့ ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နေသည်။ အရင်နှစ်က Fox Hunt 2014 အစီအစဉ်အရ ပြစ်မှုကျူးလွန်သူ ၆၈၀ ကို အရေးယူခဲ့သည်။

စုံစမ်းစစ်ဆေးရေးနှင့် လူဝင်မှုကြီးကြပ်ရေး၊ အခွန်စည်းကြပ်ရေးဆိုင်ရာ ဖယ်ဒရယ်ဗျူရို အပါအဝင် အမေရိကန် တရားဥပဒေစိုးမိုးရေးအာဏာပိုင်များနှင့် ဒီနှစ်ထဲ ဆွေးနွေးမှုတွေ ပိုလုပ် သွားမယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.