Connect with us

Politics, Law & Military

တရုတ်နိုင်ငံက မူဝါဒပိုင်းတွင် လုံးဝနောက်ဆုတ်အလျှော့ပေးမည်မဟုတ်ဟု စက္ကူဖြူကြေညာချက်တွင် ဖော်ပြ

တရုတ်-အမေရိကန် နှစ်နိုင်ငံ အလံအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ)

တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ တရုတ်နိုင်ငံ၏ရပ်တည်ချက် ဟူသော စက္ကူဖြူကြေညာချက်ကို တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ဇွန် ၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို လေးစားရမည်ဖြစ်ကြောင်း၊ နှစ်ဖက် သဘောတူညှိနှိုင်းချက်များမှာ တရားမျှတမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိသင့်ကြောင်း ၊ အရေးကြီး မူဝါဒပိုင်းတွင် တရုတ်နိုင်ငံအနေဖြင့် လုံး၀ နောက်ဆုတ်အလျှော့ပေးမည် မဟုတ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ခြားနားချက်၊ အဆင့်ဆင့်ပြောင်းလဲချက်ကို တရုတ်-အမေရိကန် နှစ်နိုင်ငံစလုံး က သိမြင်ရမည်ဖြစ်ကြောင်း ၊ သဘောတူညီချက်တစ်ခုတည်းဖြင့် ပြဿနာအားလုံးကို ဖြေရှင်းရန် မမျှော်လင့်နိုင်သလို သဘောတူချက် အာမခံရှိအောင် လုပ်ဆောင်သည့်အခါတွင် နှစ်နိုင်ငံနှစ်ဦးနှစ်ဖက်၏လိုအပ်ချက်ကို ဖြည့်ဆည်းရန်လည်း လိုအပ်ကြောင်း ၊ သဘောတူညီချက် ဟန်ချက်ညီညီသဟဇာတဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုကာလများ တွင် အမေရိကန်က တရုတ်နိုင်ငံကို အခွန်တိုးမြှင့်စည်းကြပ်မည်ဟု ကြေညာခဲ့ရာ ၎င်းမှာ နှစ်ဖက်ကုန်သွယ်စီးပွားဆိုင်ရာ အရေးကိစ္စများကို ဖြေရှင်းရာတွင် အကျိုးမပြုနိုင်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ထိုလုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ၊ မိမိ၏အကျိုးစီးပွားကို တရားဝင်ကာကွယ်စောင့်ရှောက်ရန် မဖြစ်မနေတုန့်ပြန်မှုများ ပြုလုပ်ကြောင်း စက္ကူဖြူကြေညာချက်တွင် ပါရှိသည်။ ၎င်းအပေါ် တရုတ်နိုင်ငံ၏သဘောထားရပ်တည်ချက်မှာ တသမတ်တည်းရှင်းလင်းပြတ်သားမှု ရှိရာ ဆွေးနွေးညှိနှိုင်းမှုကိုလိုလား၍ အခွန်စည်းကြပ်သည့်နည်းလမ်းဖြင့် ဖြေရှင်းရန်မလိုလားကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံပြည်သူ့အကျိုးစီးပွားအတွက် ၊ အမေရိကန်နိုင်ငံ ပြည်သူ့အကျိုးစီးပွားအတွက်၊ တစ်ကမ္ဘာလုံး အများပြည်သူအကျိုးစီးပွားအတွက် တရုတ်နိုင်ငံက ဆင်ခြင်တုံတရားဖြင့် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ၊ သို့သော် တရုတ်နိုင်ငံက မည်သည့်ဖိအားမျိုးကိုမျှ တွန့်ဆုတ်ကြောက်ရွံ့နေမည် မဟုတ်ဘဲ မည်သည့် စိန်ခေါ်မှုမျိုးကိုမဆို ကြိုဆိုရင်ဆိုင်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း ၊ ဆွေးနွေးညှိနှိုင်းမည်ဆိုလျှင် တံခါးဖွင့်ကြိုဆိုမည်၊ ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုလျှင် အဆုံးခန်းတိုင်အောင် လိုက်ရန် ဝန်မလေးကြောင်း စက္ကူဖြူကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

အခြေအနေမည်သို့ပင်ပြောင်းလဲစေကာမူ တရုတ်နိုင်ငံက မိမိဆောင်ရွက်ရန်ကိစ္စများကို ကောင်းမွန်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်ဆောင်ရွက်ခြင်းဖြင့် ဖွံဖြိုးခိုင်မာတောင့်တင်းအောင်ဆောင်ရွက်ခြင်းသည် ကုန်သွယ်ရေးပွတ်တိုက်မှုကို ရင်ဆိုင်ဖြေရှင်းသည့် ရေသောက်မြစ် ဖြစ်ကြောင်း ၊တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်စနစ်ကို ပိုမို ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှုဖြစ်ရာ ဘုံအကျိုးဖြစ်ထွန်းမှသာ ပိုမိုလှပသည့် အနာဂတ်ကို လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ၏ကွဲလွဲမှုနှင့် ပွတ်တိုက်မှုများသည် နောက်ဆုံးတွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများနှင့် ဖြေရှင်းရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

တရုတ်-အမေရိကန် အပြန်အလှန် ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် သဘောတူညီချက်သည် နှစ်နိုင်ငံ ၏အကျိုးစီးပွားနှင့်ကိုက်ညီသလို ကမ္ဘာ့နိုင်ငံအသီးသီး၏သဘောဆန္ဒနှင့်လည်း ကိုက်ညီကြောင်း ၊ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အနာဂတ်ကိုမျှော်မှန်းရှေ့ဆက်စေလိုကြောင်း ၊ အပြန်အလှန်လေးစားမှု၊တရားမျှတသည့်အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို အရင်းခံထားကာ ကုန်သွယ်ရေးကွဲလွဲမှုများကို ထိန်းချုပ်၍ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ညှိနှိုင်းဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊တည်ငြိမ်မှုများကို အခြေခံသည့် တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးကို အတူတွန်းအားပေးဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံနှင့်ကမ္ဘာ့ပြည်သူများ အကျိုးစီးပွားကို တိုးပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စက္ကူဖြူကြေညာချက်တွင် ဖော်ပြပါရှိသည်။ (Xinhua)