Connect with us

Politics, Law & Military

တရုတ်-အမေရိကန်ထိပ်တိုက်ရင်ဆိုင်အားပြိုင်မှုမဖြစ်စေရန်၊အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့်ဘုံအကျိုးစီးပွားဖြစ်ထွန်းစေရန်နှစ်ဖက်စလုံးက တူညီသည့်ဦးတည်ချက်ဖြင့် လျှောက်လှမ်းရန် လိုအပ်ကြောင်း ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၉ ရက်တွင် ကျင်းပသော တရုတ်-အမေရိကန် THINK TANKS မီဒီယာ ဗွီဒီယို ဖိုရမ်၌ အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၉ ရက်က တရုတ်-အမေရိကန် THINK TANKS  မီဒီယာ ဗွီဒီယို ဖိုရမ်တွင် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောကြားရာတွင်ဝမ်ရိက တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံကို စိန်ခေါ်ရန် သို့မဟုတ် အစားထိုးရန် ဆန္ဒမရှိသလို ဘက်စုံထိပ်တိုက်အားပြိုင်မှုများလုပ်ဆောင်ရန်လည်းဆန္ဒမရှိကြောင်း၊ မိမိတို့အလေးထားဆုံးမှာ မိမိနိုင်ငံပြည်သူများ၏ ချမ်းသာသုခ၊ဖွံ့ဖြိုးတိုးတက်ရေးကိုအကောင်အထည်ဖော်ရန်ဖြစ်ပြီးအမျှော်လင့်ဆုံးမှာ ကမ္ဘာကြီးတည်ငြိမ်အေးချမ်းခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကအမေရိကန်နိုင်ငံအပေါ်ထားရှိသည့်မူဝါဒများသည် တည်ငြိမ်မှုနှင့်ဆက်စပ်မှုရှိကြောင်း၊ထိပ်တိုက်ရင်ဆိုင်အားပြိုင်မှုများမဖြစ်စေရန်၊ ပြန်အလှန်လေးစာမှု၊ပူးပေါင်းဆောင်ရွက်မှုဖြင့်ဘုံအကျိုးစီးပွားဖြစ်ထွန်းစေရန်ဆောင်ရွက်သွားကာ ညှိနှိုင်းမှု၊ ပူးပေါင်းမှု၊ တည်ငြိမ်မှုကိုအခြေခံသည့်တရုတ်-အမေရိကန်ဆက်ဆံရေးကိုတည်ဆောက်သွားလိုကြောင်း၊သို့သော်ထို ရည်မှန်းချက်ကိုအကောင်အထည်ဖော်ရန်နှစ်နိုင်ငံစလုံးကတူညီသည့်ဦးတည်ချက်ဖြင့်လျှောက်လှမ်းရန် ၊နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်၊ မျှတသည့်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် တစ်ဖက်က ကမ္ဘာတွင် တရုတ်နိုင်ငံကို သွေးရူးသွေးတန်း ပိတ်ဆို့တားဆီးမှုများ လုပ်ဆောင်ခြင်း ၊ စည်းမရှိဘောင်မရှိ ပုတ်ခတ်ပြောဆိုခြင်း၊ တရားမရှိဓားမရှိ တရုတ်နိုင်ငံ၏ပြည်တွင်းရေးကိုစွက်ဖက်ခြင်းများလုပ်ဆောင်ရင်းတစ်ဖက်ကလည်းတရုတ်နိုင်ငံကို နှစ်နိုင်ငံနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များတွင်အမေရိကန်နိုင်ငံအားနားလည်ထောက်ခံပေးဖို့တောင်းဆိုရန် မမျှော်လင့်သင့်ကြောင်း  ဝမ်ရိက ဆိုသည်။

တရုတ်နိုင်ငံသည်လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ရာမိမိတို့အနေဖြင့်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကိုကာကွယ်ခွင့်၊ တရုတ်နိုင်ငံပြည်သူများ ခက်ခဲပင်ပန်းစွာဖြင့်ရရှိလာသည့် ကြိုးပမ်းမှုရလဒ်များကိုကာကွယ်ခွင့်ရှိသလိုတရုတ်နိုင်ငံအပေါ်အနိုင်ကျင့်ဗိုလ်ကျခြင်းနှင့်မမျှတမှုများကို ငြင်းပယ်ပိုင်ခွင့်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.