Connect with us

Local

လူဦးရေ ငါးထောင်ခန့် နေထိုင်နိုင်သာ INNO CITY စီမံကိန်းကို ဒေါ်လာ သန်း ၁၂ဝ ကုန်ကျခံ တည်ဆောက်မည်

INNO CITY စီမံကိန်း ပုံစံငယ်အား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လူဦးရေ ၅,ဝဝဝ ခန့် နေထိုင်နိုင်သော INNO CITY စီမံကိန်းကို ဒေါ်လာ သန်း ၁၂၀ အကုန်ကျခံ တည်ဆောက်မည် ဖြစ်ကြောင်း တာဝန်ယူ တည်ဆောက်သွားမည့် တောင်ကိုရီးယား သမ္မတနိုင်ငံ INNO Group စီမံကိန်းရုံး ထံမှ သိရသည်။

အဆိုပါ INNO CITY စီမံကိန်းသည် ရန်ကုန် တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ပါရမီ လမ်းနှင့် ဝေဇယန္တာ လမ်းထောင့် (ယခင် ပါရမီ ကားကြီးဝင်းနေရာ) မြေဧရိယာ ၇ ဒသမ ၆၂၉ ဧက အကျယ်အဝန်း ပေါ်တွင် အမေရိကန် ဒေါ်လာ သန်း ၁၂ဝ ခန့် အကုန်အကျခံ တည်ဆောက် သွားမည် ဖြစ်သည်။

အဆောက်အဦ အမြင့်မှာ ၃၅၆ ပေ ၁ဝ လက်မရှိပြီး ရွှေတိဂုံ ဘုရား ပတ်ဝန်းကျင် ကန့်သတ်ဇုန် အပြင်ဘက်တွင် တည်ရှိပြီး လူနေအိမ် ၁၂၆ ခန်းပါ အထပ်ပေါင်း ၃ဝ ရှိ အဆောက်အဦ နှစ်လုံး၊ လူနေတိုက်ခန်း ၁ဝ၄ ခန်းပါ ၂၉ ထပ်မြင့် အဆောက်အဦ သုံးလုံး၊ ၁၃ ထပ်မြင့် ဟိုတယ်တစ်လုံး၊ အဝေးပြေး ယာဉ်ရပ်နားစခန်း၊ Convention Center , Shopping Mall ပါဝင်မည် ဖြစ်သည်။

စီမံကိန်းကြီးအား လာမည့် ၂ဝ၁၈ ခုနှစ် ကုန်ပိုင်းတွင် အပြီးသတ် တည်ဆောက် သွားမည် ဖြစ်သည်။

ယင်းစီမံကိန်းကို၂ဝ၁၅ ခုနှစ် မတ်လ ၃ဝ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက် ရယူခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ခွင့်ပြုချက် ESIA Re-port လူထု တွေ့ဆုံပွဲ များ၊ YCDC ခွင့်ပြုချက်များ အပြင် အခြားဌာနဆိုင်ရာ မြို့ပြဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ အသီးသီး၏ ထောက်ခံချက်များ ရယူကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.