Connect with us

Local

မြန်မာနိုင်ငံ၌ Asian Blue နိုင်ငံတကာ လေကြောင်းမှ အမေရိကန် ဒေါ်လာ သန်း ၇၀ ကျော် ရင်းနှီး မြှုပ်နှံမည်

China Airlines မှ လေယာဉ်တစ်စီး အားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ANA ကုမ္ပဏီနှင့် ရွှေသံလွင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း တည်ထောင်သော နိုင်ငံတကာ လေကြောင်း ပို့ဆောင်ရေး ဝန်ဆောင်မှုသစ် Asian Blue လေကြောင်း ကုမ္ပဏီမှ မြန်မာနိုင်ငံ၌ အမေရိကန် ဒေါ်လာ သန်း ၇၀ ကျော် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်း ကုမ္ပဏီကို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခွင့် ပြုခဲ့ပြီး အမေရိကန် ဒေါ်လာ ၇ဝ ဒသမ ၈ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ၊ Asian Blue လေကြောင်း ကုမ္ပဏီတွင် ANA ကုမ္ပဏီက ရှယ်ယာ ၄၉ ရာခိုင်နှုန်းနှင့် ပြည်တွင်း အခြေစိုက် ရွှေသံလွင် ကုမ္ပဏီက ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။

ဂျပန် လေကြောင်း ကုမ္ပဏီသည် ၂ဝ၁၄ ခုနှစ်က ပြည်တွင်း အခြေစိုက် နိုင်ငံတကာ လေကြောင်းလိုင်းဖြစ်သော Asia wings ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်မှုများ ရှိခဲ့သော်လည်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ် လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

မြန်မာ-ဂျပန် နိုင်ငံတကာ လေကြောင်း ပြေးဆွဲမှုတွင် Air Asia ၊ Air China ၊ ဗန်ကောက် လေကြောင်းလိုင်း၊ ထိုင်း လေကြောင်းလိုင်း၊ မလေးရှား လေကြောင်းလိုင်း၊ ဗီယက်နမ် လေကြောင်းလိုင်းနှင့် ဂျပန် လေကြောင်းလိုင်း များက မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ အကြား လေကြောင်း ခရီးစဉ်များကို ပြေးဆွဲလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.