Politics, Law & Military
ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရန် ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ လုပ်ငန်းကော်မတီများ ဖွဲ့စည်း
ရန်ကုန် ၊ မေ ၃၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ဗဟိုကော်မတီအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်၍ လုပ်ငန်း ကော်မတီများ အသီးသီးကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့် ကြေညာစာ ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယ ဥက္ကဋ္ဌများ အဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ် တို့အပါအဝင် အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင် အထည်ဖော်ရေး လုပ်ငန်း ကော်မတီ များတွင် လုံခြုံရေး ၊ တည်ငြိမ် အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်း ကော်မတီအား ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် အပါအဝင် အဖွဲ့ဝင် ၁၃ ဦးဖြင့် လည်းကောင်း ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်း ကော်မတီအား အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌ အဖြစ် အပါအဝင် အဖွဲ ဝင် ၁၄ ဦးဖြင့် လည်းကောင်း ၊ ဒေသတွင်း ပြန်လည် နေရာချထားရေး နှင့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီအား လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌ အဖြစ် အပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် လည်းကောင်း ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီအား နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌ အဖြစ် အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် လည်းကောင်း အသီးသီး ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ (Xinhua)