Connect with us

Politics, Law & Military

အစိုးရသစ် လက်ထက် ပြည်သူ့တင်ပြချက် ၁,၉၇၃ စောင်အား အလေးထား ဆောင်ရွက်လျက် ရှိဟု နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်

ပြည်သူ့ တင်ပြချက်များအား နိုင်ငံတော် သမ္မတရုံးမှ ဆောင်ရွက် ထားရှိမှု အခြေအနေများအား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ မေ ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် တာဝန်များကို လွှဲပြောင်း ရယူခဲ့ပြီးနောက် မတ်လ ၃၁ ရက်မှ မေလ ၅ ရက်နေ့အထိ ပြည်သူ့ တင်ပြချက်များမှာ စုစုပေါင်း ၁,၉၇၃ စောင် ရှိခဲ့ပြီး ပြည်သူများ၏ တင်ပြချက်များကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့မေလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့တင်ပြချက်များနှင့် ပတ်သက်၍ နစ်နာမှုများအား တင်ပြရာတွင် ကျိုးကြောင်း ဖော်ပြချက် ခိုင်လုံ ပြည့်စုံရန် လိုအပ်ကြောင်း ၊ အဆင့်ဆင့် တိုင်ကြား တင်ပြမှုများလည်း ပြုလုပ်ကြစေလိုကြောင်း ၊ နိုင်ငံတော် သမ္မတရုံး အနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ကြီးကြပ်မှုဖြင့် ပြည်သူ့တင်ပြချက်များအား အထူးအလေးထား ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ၎င်း၏ လူမှု စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
ပြည်သူ့တင်ပြချက် စုစုပေါင်း ၁,၉၇၃ စောင်တွင် နိုင်ငံတော် သမ္မတထံသို့၁,၁၆၆ စောင် ၊ နိုင်ငံတော် အတိုင်ပင်ခံထံသို့၇၈၂ စောင် ၊ အစိုးရအဖွဲ့ရုံးထံသို့၂၅ စောင် ရှိကြောင်း သိရသည်။
ထို့ပြင် ပေးပို့လာသည့် စာများထဲတွင် မိတ္တူ ပေးပို့သည့်စာ ၊ ပစ်စာ သဘောမျိုး သတင်း အချက်အလက် မပြည့်မစုံ ဖော်ပြထားသည့်စာ ၊ နှစ်ကြိမ် သုံးကြိမ် ထပ်မံပေးပို့ထားသည့် စုစုပေါင်း ၇၇၁ စောင်ရှိပြီး ယင်းတို့ကို သိသာစေသည့် စာအမျိုးအစား အဖြစ်သာ သတ်မှတ်ကြောင်း သိရသည်။
ပြည်သူ့ တင်ပြချက်များအား နိုင်ငံတော် သမ္မတရုံးမှ ဆောင်ရွက် ထားရှိမှု အခြေအနေများအား ထုတ်ပြန်ခဲ့ရာတွင် ပဏာမ စိစစ်၍ ဆောင်ရွက်ပေးရန် လိုအပ်သူများထံသို့ တင်ပြစာ လက်ခံ ရရှိကြောင်း၊ မည်သို့မည်ပုံ ဆောင်ရွက်နေကြောင်း စာဖြင့် ပြန်ကြားကြောင်း ၊ ဆောင်ရွက်ပြီးစီးသွားပြီ ဆိုပါက ယင်းဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ တင်ပြသူထံ ကျိုးကြောင်း ဖော်ပြလျက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြန်ကြားပေးကြောင်း ၊ ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ အကြံပြု တင်ပြချက်များကို သက်ဆိုင်ရာ ဌာနများထံ အသိပေးခြင်း၊ လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.