Connect with us

Politics, Law & Military

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အထောက်အကူပြု ၅ နှစ်စီမံကိန်း(၂၀၁၆-၂၀၂၁)အား ဥရောပ သမဂ္ဂ(EU)မှ ယူရို သန်း ၃၀ လျာထား

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စပိန်နိုင်ငံအခြေစိုက် ပြည်သူ့ ဖောင်ဒေးရှင်း တို့အကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အထောက်အကူပြု (Support to the Reform of the Myanmar Police Force) ၅ နှစ်စီမံကိန်း(၂၀၁၆-၂၀၂၁)အား ဥရောပ သမဂ္ဂ(EU)မှ ယူရို သန်း ၃၀ လျာထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေး ဥရောပသမဂ္ဂ(EU)နှင့် ပူးပေါင်းဆောင်ရွက်မှု ၅ နှစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စပိန်နိုင်ငံအခြေစိုက် ပြည်သူ့ ဖောင်ဒေးရှင်း တို့အကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စား ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်း နှင့် စပိန်နိုင်ငံအခြေစိုက် ပြည်သူ့ဖောင်ဒေးရှင်း FIIAPP မှ အမှုဆောင်ဒါရိုက်တာ Mr. Pedro Flores Urbano တို့က အောက်တိုဘာလ ၂၁ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေးကို ဥရောပသမဂ္ဂ(EU)နှင့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ၂၄ လ စီမံချက်ရေးဆွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သင်တန်းကျောင်းများတွင် ခေတ်မီလုပ်ငန်း လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာ စံနှုန်းနှင့်အညီ ဥပဒေမူဘောင်များ၊ သင်ရိုးညွှန်းတမ်းများအား အဆင့်မြှင့်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ မှုခင်းများစုံစမ်းစစ်ဆေးခြင်း၊ လူစု လူဝေးစီမံခန့်ခွဲခြင်း၊ လူ့အခွင့်အရေးဆိုင်ရာများအား ဂရုပြုအလေးထား ဆောင်ရွက်သည့် ဝန်ဆောင်မှုကို ရှေးရှုသောရဲလုပ်ငန်းစနစ်အား တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဥပဒေမူဘောင်များ၊ မီဒီယာနှင့် လူမှုကွန်ရက်တို့ ဆောင်ရွက်မှုများအား မြှင့်တင်ခြင်း လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၌ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်များ၊ အထူးသဖြင့် “မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင် ရေးဆိုင်ရာ ကူညီထောက်ပံ့ခြင်း” ကို FIIAPP သည် ကဏ္ဍတစ်ခုချင်းအလိုက် အသေးစိတ်အစီအမံများ ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.