Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူခြောက်ဦး ထပ်မံဖမ်းမိ

အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများနှင့် ပစ်ခတ်နေရသော နေရာပြမြေပုံ(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ ခြောက်ဦးကို ထပ်မံ ဖမ်းဆီးရမိထားကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

ငါးခူရကျေးရွာအုပ်စု၊ ငါးခူရကျေးရွာအနီးတစ်ဝိုက် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်စဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူများကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိသူခြောက်ဦးအား ငါးခူရရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်းအဆိုပါ ငါးခူရကျေးရွာအုပ်စု၊ အလယ်ရွာ၌ အောက်တိုဘာ ၁၈ ရက် ည ၆ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ ၁၁ဦးကို ဖမ်းဆီးရမိသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုနယ်မြေအတွင်း ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရနယ်မြေစခန်းများကို အောက်တိုဘာ ၉ရက်နေ့ နံနက် ၁နာရီခွဲခန့်က အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၉ဦးကျဆုံး၊ ၄ဦးဒဏ်ရာရရှိ၍ လက်နက်မျိုးစုံ ၅၁လက်နှင့် ကျည်မျိုးစုံ အတောင့် ၁ဝ၁၄ဝ၊ လှံစွပ် တစ်ခု၊ ကျည်အိမ် ၂၇ ခု ဆုံးရှုံးသွားခဲ့သည်။အဆိုပါ မောင်တောခရိုင်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အောက်တိုဘာ ၉ ရက်နေ့မှစပြီး လူငါးဦးထက် ပို မစုဝေးရ အမိန့်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်များ ထုတ်ပြန်ကြေညာထားသည်။မောင်တောရှိ နယ်ခြားစောင့်စခန်း သုံးခု စီးနင်းတိုက်ခိုက်ခံရမှု မြေပြင်အခြေအနေကို စစ်ဆေးရန် ယနေ့ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး တို့ စစ်တွေမြို့သို့ ရောက်ရှိလျက်ရှိသည်။(Xinhua)