Science & Technology
တရုတ်နိုင်ငံ သိပ္ပံသုတေသနသင်္ဘော “KEXUE” က ပင်လယ်ရေအောက် သုတေသန လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့
ချင်းသောင် ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သိပ္ပံနည်းပညာအကယ်ဒမီ ရေကြောင်းဌာန က ဇွန် ၂၈ ရက်၌ တရုတ်နိုင်ငံ သိပ္ပံသုတေသနသင်္ဘော “KEXUE” က ပထမဦးဆုံးသော အဆင့်မြင့်အသုံးပြုသူ အတူတကွမျှဝေသည့် ရေကြောင်းခရီးစဉ်ကို ဆောင်ရွက်ပြီးစီးခဲ့ရာ သတ်မှတ်ထားသည့် ရေပြင်တွင် သိပ္ပံဆိုင်ရာ တွေ့ရှိမှုများစွာကို ရရှိခဲ့ကြောင်း ၊ လုပ်ငန်းစဉ်အတွင်း တရုတ်နိုင်ငံ မှ ကိုယ်ပိုင်တီထွင်ထုတ်လုပ်ထားသည့် စက်ပစ္စည်းများစွာကို ပင်လယ်ရေအောက်တွင် လုပ်ငန်းစမ်းသပ်မှုများကို ဆောင်ရွက်နိုင်ခဲ့ပြီး ပင်လယ်ရေအောက် သုတေသနလုပ်ငန်းကို အောင်မြင်ပြည့်စုံစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ယခုအကြိမ် သိပ္ပံသုတေသနလုပ်ငန်းတွင် ပါဝင်သည့် တရုတ်နိုင်ငံ သိပ္ပံနည်းပညာ အကယ်ဒမီ ရေကြောင်းဌာန ဒုတိယ သုတေသီ ဝမ်မင်ရှောင် ၏ မိတ်ဆက်ပြောကြားချက်အရ ယခင်အချိန်များ၌ သုတေသနပြုလုပ်ရာတွင် ပင်လယ်ရေအောက် ရေနက်ပိုင်းရှိ နမူနာများအား ဓာတ်ခွဲခန်းသို့ သယ်ဆောင်လာခဲ့ပြီးမှသာ သုတေသနလုပ်ငန်းများ ဆက်လက်၍ ဆောင်ရွက်ခဲ့ကြောင်း ၊ သို့သော် ဖိအား ၊ အပူချိန် နှင့် အခြားသော ဓာတုဆိုင်ရာ ပတ်ဝန်းကျင် အပြောင်းအလဲများ ဖြစ်ပေါ်မှုကြောင့် ပင်လယ်ရေနက်ပိုင်းရှိ နမူနာများ ၏ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများမှာလည်း ပြောင်းလဲဖြစ်ပေါ်ခဲ့ပြီး လက်တွေ့ပင်လယ်ရေနက်တွင် အသက်ရှင်နေထိုင်သည့် ပုံစံအား တိကျစွာ သိနိုင်အောင် မလုပ်ဆောင်နိုင်ခဲ့ကြောင်း ၊ ယခုအကြိမ်ရေကြောင်းခရီးစဉ်တွင် တရုတ်နိုင်ငံ သိပ္ပံနည်းပညာ အကယ်ဒမီ က ပင်လယ်ရေနက် ရေအောက်ကြမ်းပြင်တွင် ရေအောက် ဓာတ်ခွဲမှု ပလက်ဖောင်းကို တည်ဆောက်ပြီး သိပ္ပံပညာရှင်များက ပင်လယ်ရေနက်ပိုင်းတွင် မူလပုံစံအတိုင်း စမ်းသပ်မှုများကို ပြုလုပ်နိုင်ခဲ့သဖြင့် ပင်လယ်ရေနက်ပိုင်းတွင် အလွန်နက်ရှိုင်းသည့် ပတ်ဝန်းကျင်အောက်တွင် သတ္တဝါများအနေဖြင့် ပတ်ဝန်းကျင်အား ရင်ဆိုင်နိုင်သည့် စနစ်အတွက် ယုံကြည်ရသော အချက်အလက်များကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပင်လယ်ရေနက်ပိုင်းတွင် မူလအခြေအနေအတိုင်း စမ်းသပ်မှုအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံ မှ ထုတ်လုပ်သည့် စက်ပစ္စည်းများစွာ ကို အသုံးပြုခဲ့ကြောင်း ၊ တရုတ်နိုင်ငံ မှ ကိုယ်ပိုင်တီထွင်ထုတ်လုပ်မှုဖြင့် ပင်လယ်ရေနက်ပိုင်း အဝန်းအဝိုင်း၏ အမှတ်သင်္ကေတ ခွဲခြားမှု စသည့် အရေးပါသည့် ကဏ္ဍများ၌ သိပ္ပံနည်းပညာထိုးဖောက်မှုများစွာ လုပ်နိုင်ခဲ့ကြောင်း ၊ သက်ဆိုင်ရာ အချက်အလက်များ နှင့် နမူနာများ က ပင်လယ်ရေနက်ပိုင်း အမှောင်ထုအတွင်း အစာကွင်းဆက်ဖွဲ့စည်းမှု နှင့် သက်ရှိသတ္တဝါအရင်းအမြစ် စသည့် အရေးကြီးသည့် သိပ္ပံဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းပေးသွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သိပ္ပံဆိုင်ရာ သုတေသနဆောင်ရွက်စဉ်ကာလအတွင်း သိပ္ပံသင်္ဘောတွင် တင်ဆောင်သွားသည့် လူလိုက်ပါခြင်းမရှိသည့် ထိန်းချုပ်ရေငုတ်ကိရိယာ က ရေအောက်သို့ ၂၁ ကြိမ် ဆင်းသက်ခဲ့ပြီး အလွန်တန်ဖိုးရှိသည့် နမူနာ နှင့် အချက်အလက်များကို ရရှိနိုင်ခဲ့ကြောင်း သိရှိရသည်။
ယခုအကြိမ် ရေကြောင်းခရီးစဉ်တွင် တရုတ်နိုင်ငံ သိပ္ပံနည်းပညာအကယ်ဒမီ ၊ Shanghai Jiao Tong University ၊ Sun Yat-sen University ၊ Shandong University ၊ Xiamen University နှင့် Ocean University of China အပါအဝင် ယူနစ် ၉ ခုမှ အဆင့်မြင့် သိပ္ပံပညာရှင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားသော သုတေသနအဖွဲ့က လိုက်ပါသွားခဲ့ကြောင်း သိရသည်။ (Xinhua)
————————————————–
(Chinese Version)
(科技)“科学”号科考船圆满完成“在海底做实验”任务
新华社青岛6月28日电(记者王凯)记者28日从中科院海洋所了解到,我国“科学”号科考船完成首个高端用户共享航次,在目标海域获得大量科学发现,并进行了多台套国产自主研发设备的海试工作,圆满完成了“在海底做实验”的任务。
据参与本次科考的中科院海洋所副研究员王敏晓介绍,以往的研究中,深海样品被带到实验室开展后续研究,但由于压力、温度和其他化学环境骤变,深海样品的生理活动同样发生改变,真实的深海生命过程无法被准确认知。依托该航次,中科院海洋所在深海海底搭建了水下实验平台,科学家得以在深海开展水下原位实验,为揭示深海生物极端环境的适应机制提供了可靠依据。
为保障深海水下原位实验顺利进行,本航次同步搭载完成了多通道拉曼平台等多台套国产设备海试工作,通过自主研发实现了海底群落生物的标志识别等多项关键技术突破,相关数据和样品将解答深海黑暗食物链组成、生命起源等重大科学问题。
科考期间,科考船上搭载的无人缆控潜器下潜作业21次,获得大量珍贵样品及数据。
据了解,本航次搭载了来自中国科学院、上海交通大学、中山大学、山东大学、厦门大学、中国海洋大学等9家单位的16个高水平研究团队的科学家。(完)
Photo
1. “科学”号科考船在开展重力柱采样工作。(中科院海洋所供图)
2. “科学”号科考船正在开展深海生物原位固定实验。(中科院海洋所供图)