North America
ကျူးဘားပြည်သူတို့ကအမေရိကန်၏လူ့အခွင့်အရေးချိုးဖောက်မှုများကိုရှုတ်ချ
ဟာဗားနား၊ ဖေဖော်ဝါရီ၁၂ ရက်(ဆင်ဟွာ)
၁၉၅၀ ပြည့်နှစ်များတွင် ကျူးဘားနိုင်ငံ၌တော်လှန်ရေးအောင်မြင်ခဲ့ပြီးနောက်တွင်အမေရိကန်နိုင်ငံအစိုးရကကျူးဘားအပေါ်ရန်လိုသည့်သဘောထားမူဝါဒကိုချမှတ်ခဲ့ကြောင်း၊၁၉၆၂ခုနှစ်ဖေဖော်ဝါရီ၃ရက်တွင်ထိုစဉ်ကအမေရိကန်သမ္မတKennedyက သမ္မတအမိန့်စာအမှတ် ၃၄၄၇ ကို လက်မှတ်ရေးထိုးခဲ့ပြီးယင်းနှစ် နှစ်ဖေဖော်ဝါရီ ၇ ရက်မှစ၍ ကျူးဘားနိုင်ငံအပေါ်စီးပွားရေး၊ငွေကြေးနှင့်ကုန်သွယ်ရေးပိတ်ဆို့မှုများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယခုနှစ်၆၀တာကာလကြာမြင့်ပြီးနောက် အမေရိကန်သည် ကျူးဘားအပေါ်ပိတ်ဆို့မှုများဆက်လက်ဆောင်ရွက်နေကြောင်း၊ ကျူးဘားနိုင်ငံအပေါ်အမေရိကန်၏ပိတ်ဆို့အရေးယူမှုမှာ နိုင်ငံတစ်နိုင်ငံမှအခြားနိုင်ငံအပေါ်ပြုလုပ်သည့်ပိတ်ဆို့မှုသမိုင်းတွင် အချိန်အကြာမြင့်ဆုံး၊အရှုပ်ထွေးဆုံးနှင့်လူသားချင်းစာနာထောက်ထားမှုမဆန်သောစီးပွားရေးပိတ်ဆို့မှုတိုက်ပွဲ အသွင်ဆောင်ကြောင်းနှင့် ကျူးဘားပြည်သူများ၏ လူအခွင့်အရေးအပေါ်ကြီးမားသောထိပါးမှုဖြစ်ကြောင်း ကျူးဘားအစိုးရကဖေဖော်ဝါရီလအစောပိုင်းတွင်ထုတ်ပြန်ပြောဆိုခဲ့သည်။
မကြာသေးမီကဆင်ဟွာသတင်းအေဂျင်စီမှသတင်းထောက်တစ်ဦးက ကျူးဘားနိုင်ငံမြို့တော်ဟာဗားနားရှိနိုင်ငံသားအများအပြားကို အလျဥ်းသင့်သလိုမေးမြန်းခဲ့ရာ မည်သည့်အသက်အရွယ်နှင့် မည်သည့်အလုပ်အကိုင်မှမဆို ယင်းသို့ ပိတ်ဆို့အရေးယူမှုကြောင့် ဒုက္ခများခံစားနေရကြောင်းပြောကြားခဲ့သည်။
အစားအသောက်ဝယ်ယူရာတွင် အဆင်မပြေမှုများ
“အချိန်ကြာကြာတန်းစီပြီးမှကြက်သားအနည်းငယ်ကိုဝယ်ယူရရှိနိုင်တယ်၊တကယ်တော့ဈေးကွက်မှာဒီအသားတစ်မျိုးပဲရှိတယ်” ဟု ဟာဗားနားရှိ ကျူးဘားအစိုးရဌာနမှ အသက်၄၈နှစ်အရွယ် အစိုးရဝန်ထမ်းအမျိုးသမီးကဆိုသည်။ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ပြောဆိုရာတွင်ကျူးဘားအစိုးရသည်ပြည်သူများအတွက်ဟင်းသီးဟင်းရွက်ဝယ်ယူနိုင်ရန်ကြိုးပမ်းထောက်ပံ့ခဲ့သော်လည်းပိတ်ဆို့မှုကြောင့် နေ့စဉ်အစားအသောက်လုံလောက်မှုရှိရန်အတွက်ရုန်းကန်နေရဆဲဖြစ်ကြောင်း ၎င်းကဒေါသတကြီးပြောကြားခဲ့သည်။
ကျူးဘားအစိုးရ၏မကြာသေးမီကထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ၂၀၂၀ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်းကျူးဘားအပေါ်အမေရိကန်၏ပိတ်ဆို့အရေးယူမှုများပြင်းထန်လာပြီး ကိုဗစ်ကပ်ရောဂါ၏အကျိုးသက်ရောက်မှုကြောင့် ကျူးဘားနိုင်ငံ၏ GDPသည် ၁၃ ရာခိုင်နှုန်းအထိကျဆင်းသွားမည်ဖြစ်ပြီး နှစ် ၃၀ ကာလအတွင်းအဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းဖြစ်ခဲ့ကြောင်းသိရသည်။
ဆေးဝါးဝယ်ယူခြင်းအခက်အခဲများ
နာတာရှည်သွေးတိုးရောဂါရှိသောအသက် ၆၀ အရွယ် ကျူးဘားနိုင်ငံသားတစ်ဦးကိုမေးမြန်းရာတွင် ၎င်းကနေ့စဉ်ဆေးပုံမှန်သောက်ရန်လိုအပ်ကြောင်း၊ သို့သော်ဒေသတွင်းဆေးဝါးထုတ်လုပ်ငန်းသည်ကုန်ကြမ်းဝယ်ရန်ခက်ခဲသဖြင့်ဆေးဝါးရောင်းချမှုပုံမှန်မရှိသောကြောင့်ဆေးဝါးဝယ်ယူမှုမှာ ၎င်းကိုအလွန်စိတ်ဆင်းရဲစေခဲ့ကြောင်းပြောကြားခဲ့သည်။
ဆေးဝါးများအပြင် တတိယနိုင်ငံကုမ္ပဏီများမှ ကျူးဘားသို့ အမေရိကန်နည်းပညာ ၁၀ရာခိုင်နှုန်းနှင့်အထက်ပါဝင်သော ဆေးဘက်ဆိုင်ရာပစ္စည်းများ ရောင်းချခြင်းမှ တားမြစ်ထားသောကြောင့် အချို့ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများအား ကျူးဘားတွင်အသုံးြပုနိုင်ခြင်းမှာအလွန်ခဲယဥ်းကြောင်းသိရသည်။
၂၀၁၉ ခုနှစ်မှစတင်၍အမေရိကန်နိုင်ငံကကျူးဘားနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုများအဆက်မပြတ်တိုးမြှင့်လာပြီးကျူးဘား၏လောင်စာဆီထောက်ပံ့မှုများကိုပိတ်ဆို့ကာ ကပ်ရောဂါအခြေအနေအောက်တွင်အခြားနိုင်ငံမှကျူးဘားသို့ထောက်ပံ့ပစ္စည်းများပံ့ပိုးခြင်းကိုတားဆီးခြင်း၊ကျူးဘားတွင်ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုကိုနှောက်ယှက်ခြင်း၊ဆေးဝါးများနှင့်အခြေခံစားသောက်ကုန်များ ကျူးဘားသို့ ဝင်ရောက်ခွင့် ကန့်သတ်ခြင်းစသည်တို့ပြုလုပ်ခဲ့ကြောင်း ကျူးဘားအစိုးရကဖေဖော်ဝါရီအစောပိုင်းတွင်ထုတ်ပြန်ခဲ့သည်။
ကျောင်းသုံးမှတ်စုစာအုပ်များမလုံလောက်ခြင်း
“ဒီနှစ်မှာမှတ်စုရေးဖို့စာအုပ်တွေလုံလုံလောက်လောက်မရှိဘူး”ဟုဟာဗားနားရှိအလယ်တန်းကျောင်းသူတစ်ဦးကသတင်းထောက်ကိုပြောကြားခဲ့သည်။
တရားဝင်ထုတ်ပြန်ထားသည့်အချက်အလက်များအရ ကျူးဘားအစိုးရသည်နှစ်စဉ်နိုင်ငံတော်ဘတ်ဂျက်၏၂၄ရာခိုင်နှုန်းဖြင့်အလယ်တန်းကျောင်းသားများပညာသင်ကြားရန်အခမဲ့ ပံ့ပိုးပေးထားကြောင်း၊ သို့သော်လည်း ကျူးဘားနိုင်ငံသည်ကုန်ပစ္စည်းများ၀ယ်ယူရာတွင်အလွန်ခက်ခဲနေဆဲဖြစ်ကြောင်းသိရသည်။ ဟာဗားနားရှိ SanJerónimo တက္ကသိုလ်မှပါမောက္ခ AbelGonzalez ၏ ပြောကြားချက်အရ အမေရိကန်၏ပိတ်ဆို့တားဆီးမှုသည်ကျူးဘားနိုင်ငံသားများအတွက်ပိုမိုကောင်းမွန်သောပညာရေးနှင့်ဆန်းသစ်သောနည်းပညာများရရှိရေးအပေါ်ဆိုးဝါးသောသက်ရောက်မှုရှိကြောင်းနှင့် ကျောင်းသုံးဘက်စ်ကားများသည်လည်းလောင်စာဆီရရှိမှုမလုံလောက်သည့်အတွက်ပြေးဆွဲမှုကို ရပ်တန့်ထားကြောင်း၊ အမေရိကန်၏ပိတ်ဆို့ထားမှုကြောင့်ကျူးဘားကျောင်းသားများအတွက် ကမ္ဘာ့အဆင့်မြင့်ဓာတ်ခွဲခန်းသို့ဝင်ရောက်ခွင့်ရရှိရန်ခက်ခဲစေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုန်ပစ္စည်းစက်ကိရိယာများနိုင်ငံတွင်းသို့တင်သွင်းရန် ခက်ခဲ
“ကျွန်မက ၁၉၆၂ ခုနှစ်မှာမွေးဖွားခဲ့ပြီးအဲဒီနှစ်မှာပဲအမေရိကန်ကကျူးဘားကိုပိတ်ဆို့အရေးယူမှုစတင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ပိတ်ဆို့တားဆီးမှုကကျူးဘားပြည်သူတွေကိုအခက်အခဲများစွာဖြစ်စေခဲ့ပါတယ်။ စက်ရုံသို့ရေနံစိမ်းနှင့်စက်ကိရိယာများတင်သွင်းခြင်းတို့မှာအလွန်ခက်ခဲကြောင်း နိုင်ငံပိုင်လုပ်ငန်းကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကသတင်းထောက်အား ပြောကြားခဲ့သည်။၎င်းကဖက်စပ်လုပ်ငန်းတစ်ခုတွင်လုပ်ကိုင်ခဲ့သည့်အတွေ့အကြုံကိုသတင်းထောက်များအားပြန်ပြောပြရာတွင် “အဲဒီအချိန်ကကျွန်တော်တို့ဟာမက္ကဆီကိုကနေစက်ပစ္စည်းအချို့တင်သွင်းခဲ့ရပါတယ်။ ဒါပေမဲ့စက်ကိရိယာရောင်းချတဲ့ကုမ္ပဏီရဲ့ပိုင်ရှင်ဟာအမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက်ကိစ္စတွေက အရမ်းရှုပ်ထွေးလာပါတယ်။ကျွန်မတို့ကစက်ပစ္စည်းတွေကိုအာဖရိကမှတစ်ဆင့်ဥရောပ၊ ကနေဒါသို့ပို့ဆောင်ခဲ့ပြီး နောက်ဆုံးမှကျူးဘားကိုရောက်တယ်” ဟု ၎င်းကဆိုသည်။
၂၀၂၁ခုနှစ် ဇွန် ၂၃ ရက်တွင် ကျူးဘားနိုင်ငံသည်၎င်းအပေါ်အမေရိကန်၏ပိတ်ဆို့မှုအဆုံးသတ်ရန်တောင်းဆုံးသည့် ဆုံးဖြတ်ချက်မူကြမ်းအားကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ကျူးဘားကအများစုမဲအရေအတွက်ရရှိပြီး ယင်းမူကြမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့သည်။
” ကျူးဘားနိုင်ငံဟာအများစုနိုင်ငံတွေရဲ့ထောက်ခံအားပေးမှုကိုရရှိခဲ့တယ်။ ဒါကြောင့်ကျူးဘားဟာ အထီးကျန်နေတဲ့နိုင်ငံမဟုတ်ဘူး” ဟု အမေရိကန်၏ပိတ်ဆို့တားဆီးမှုကြောင့်ကျူးဘားအတွက်ဖြစ်ပေါ်လာသည့်ဆိုးကျိုးကိုလူသိများလာမည်ဟုမျှော်လင့်ကြောင်းဟာဗားနားရှိစာအုပ်ဆိုင်တစ်ဆိုင်မှဝန်ထမ်းကပြောကြားခဲ့သည်။
“အမေရိကန်အစိုးရကကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးကိုဖိနှိပ်ဖို့ကြိုးစားနေတယ်ဒါပေမဲ့သူတို့မှာအဲ့လိုလုပ်ပိုင်ခွင့်မရှိဘူး” ဟု ၎င်းက ဆိုသည်။ (Xinhua)
…………………………………………
(Chinese Version)
60年来,我们每代人都深受其害——古巴民众谴责美侵犯人权
2022-02-11 16:51:54 分类: 社会
新华社哈瓦那2月11日电 上世纪50年代古巴革命胜利后,美国政府对古巴采取敌视政策。1962年2月3日,时任美国总统肯尼迪签署第3447号总统令,下令从当年2月7日起对古巴实施经济、金融封锁和贸易禁运。
如今,60年过去了,美国对古巴的封锁仍在继续。古巴政府2月初发表声明说,美国对古巴封锁是人类历史上一个国家针对另一个国家实施的最复杂、最持久、最不人道的经济战争行为,是公然对古巴人民人权大规模和系统性的侵犯。
近日,新华社记者在古巴首都哈瓦那随机采访了几位市民。在他们看来,无论童叟,无论职业,每一个古巴人都深受封锁之苦。
买食物——排长队
“你必须排长队才能买到一点鸡肉,实际上这是市场上仅有的肉类,”48岁的哈瓦那市民艾梅•桑蒂斯特万说。
桑蒂斯特万是古巴政府机关的一名公务员,也是两个孩子的母亲。提到封锁,她愤怒地说,尽管古巴政府努力争取补贴老百姓的“菜篮子”,但由于封锁,她每天最绞尽脑汁的依然是餐桌上能否有足够饭菜。
古巴政府近日公布的数据显示,2020年和2021年,受美国升级对古封锁和新冠疫情影响,古巴国内生产总值大幅收缩约13个百分点,出现了30年来最为严重的经济危机。
买药品——老大难
费尔南多•巴列斯特尔患有慢性高血压,每天都需要吃药。但由于当地制药行业难以购买原材料,药品销售不稳定,购买药品让这位60岁的古巴人苦不堪言。
除了药品,由于美国禁止第三国企业向古巴出售含有10%以上美国技术成分的商品,使用一些医用设备在古巴也成为奢望。
古巴政府2月初发表的声明谴责美国自2019年以来不断升级对古封锁,采取非常规战争手段阻碍古巴的燃料供应,并在新冠疫情下阻拦他国向古巴捐赠物资,干扰古巴本土疫苗研发,限制古巴获得药品和基本生活用品。
作业本——不够用
“今年做笔记的本子都不够用了,”哈瓦那中学生路易斯•阿尔韦托告诉记者。
根据官方数据,古巴政府将年度预算的24%用于支持九年级以下免费义务教育。然而,古巴物资采购难度依然很大。
在哈瓦那圣赫罗尼莫大学教授阿贝尔•冈萨雷斯看来,美国的封锁影响了古巴人获得更好教育、创新技术的机会。校车甚至因为缺油而不能正常行驶。美国封锁还导致古巴学生们难以进入世界上最先进的实验室。
进设备——绕大圈
“我出生于1962年,同年美国开始对古巴实施封锁。美国的封锁给古巴人民带来很多困难。”古巴国营企业员工阿尔韦托•穆纳尔告诉记者,其中一大困难便是工厂进口原油和设备。
他向记者回忆起当年在一家合资企业工作时的经历:“当时我们必须从墨西哥进口一些设备。因为设备销售公司的首席执行官是美国人,事情变得非常复杂。我们被迫先将设备运到非洲,然后运到欧洲,再运到加拿大,最后设备才到达古巴。”
2021年6月23日,联合国大会就古巴提交的要求美国结束对古封锁的决议草案进行表决,并以压倒性多数通过决议。这是1992年以来联大第29次通过古巴提交的这一决议草案。
“古巴得到了大多数国家支持,说明古巴并不孤单。”哈瓦那一家书店店员莱昂纳多•拉菲塔说,他希望更多人了解到美国封锁对古巴造成的负面影响。
“美国政府一直企图扼杀我们国家经济,但他们无权这样做。”他说。
图说1- 2021年8月5日,数百名古巴青年在首都哈瓦那举行保卫国家和平、团结反美游行,要求美国解除对古巴近60年的封锁。新华社发(华金•埃尔南德斯摄)
图说2- 2021年8月5日,数百名古巴青年在首都哈瓦那举行保卫国家和平、团结反美游行,要求美国解除对古巴近60年的封锁。新华社发(华金•埃尔南德斯摄)
图说3- 2021年8月5日,数百名古巴青年在首都哈瓦那举行保卫国家和平、团结反美游行,要求美国解除对古巴近60年的封锁。新华社发(华金•埃尔南德斯摄)