Connect with us

Media

တူရကီ၌ လာမည့်နှစ်တွင် ငွေကြေးဖောင်းပွမှုဝန်ထုတ်ဝန်ပိုးများကို ဖယ်ရှားသွားမည်ဟု အာဒိုဂန်ဆို

အစ္စတန်ဘူလ်၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံသည် မြင့်မားနေသည့်ငွေကြေးဖောင်းပွမှုဝန်ထုတ်ကိုဖယ်ရှားပြီး ၎င်း၏ ပြဿနာများကို လာမည့်နှစ်တွင် ဖြေရှင်းနိုင်တော့မည်ဟု တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan က ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

“၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလနဲ့မတ်လလောက်မှာ မိမိတို့အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုတွေကိုဖြေလျော့နိုင်မှာဖြစ်ပြီး အဲဒီပြဿနာတွေကိုအတိုင်းအတာကြီးကြီးမားမား ဖယ်ရှားသွားနိုင်မှာပါ”

တူရကီနိုင်ငံ အစ္စတန်ဘူလ်တွင်ကျင်းပသည့် တူရကီနိုင်ငံ ၏ အကြီးဆုံးပို့ကုန်လုပ်ငန်းများအားဆုချီးမြှင့်သည့် ပို့ကုန်လုပ်ငန်းရှင်များအစည်းအဝေး ဆုချီးမြှင့်ပွဲတွင် အာဒိုဂန်က ထိုသို့မှတ်ချက်ပြုခဲ့သည်။

တူရကီခေါင်းဆောင်၏ အဆိုအရ မေလ၌ ၂၄ နှစ်အတွင်းအမြင့်ဆုံးအဖြစ် ၇၃.၅ ရာခိုင်နှုန်းအထိတိုးမြင့်လာခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်း ကို ကာမိစေရန် တူရကီနိုင်ငံသားများ၏ ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့ရန် အစိုးရက လုပ်ခလစာအား ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်းဆိုသည်။

အလားတူ တူရကီနိုင်ငံ၏ နှစ်စဉ် ပို့ကုန်တန်ဖိုးမှာလည်း ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂၅ ဘီလီယံ ကိုကျော်လွန်ခဲ့ပြီး ၁၂ လ အကြာ မေလတွင် ၂၄၃ ဘီလီယံအထိရောက်ရှိခဲ့သည်။

“မိမိတို့ဟာ ဒီနှစ်ကုန်မှာတော့ မူလသတ်မှတ်ထားတဲ့ မှတ်တိုင်တစ်ခု ဖြစ်တဲ့ ပို့ကုန်ဒေါ်လာ ဘီလီယံ ၂၅၀ ကျော်ကို မကြာခင် ရရှိလာတော့မှာဖြစ်တယ်လို့ နားလည်ထား ပါတယ်။”

အစောပိုင်းက အာဒိုဂန်က ၎င်းအစိုးရသည် ထုတ်ကုန်နှင့်ပြည်ပပို့ကုန်များအားမြှင့်တင်မည့် နည်းလမ်းတစ်ခုအဖြစ် အတိုးနှုန်းကိုဆက်လက်ဖြတ်တောက်သွားပြီး စီးပွားရေးကို မြှင့်တင်ရန်ရည်ရွယ် ခဲ့သော်လည်းထိုမူဝါဒကြောင့် တူရကီနိုင်ငံ၏ ငွေကြေးမှာ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါကပိုမိုတန်ဖိုး ကျဆင်းစေခဲ့ကြောင်း ဆိုသည်။ (Xinhua)

………………………..

(English Version)

Erdogan says Turkey to leave inflation burden behind next year

Turkey will get rid of the burden caused by high inflation and leave its problems behind next year, Turkish President Recep Tayyip Erdogan said Monday.

SOUNDBITE 1 (Turkish): RECEP TAYYIP ERDOGAN, Turkish President

“As of February and March 2023, we will get rid of the hump that inflation has put on our back … and we will leave these problems behind to a large extent.”

Erdogan made the remarks at an award ceremony of the Turkish Exporters’ Assembly in Istanbul, where Turkey’s biggest exporters were awarded.

According to the Turkish leader, the government will restructure wages to ease the burden of Turkish citizens against the increasing inflation rate, which saw a 24-year high of 73.5 percent in May.

Meanwhile, Turkey’s annual exports surpassed 225 billion U.S. dollars in 2021 and hit 243 billion dollars on a 12-month basis in May.

SOUNDBITE 2 (Turkish): RECEP TAYYIP ERDOGAN, Turkish President

“It is understood that we will soon be surpassing 250 billion dollars worth of exports, a milestone that was originally set for the year’s end.”

Earlier, Erdogan announced that his government would keep cutting interest rates to sustain the economy as a way to boost production and exports, a policy that causes the Turkish currency to further depreciate against the U.S. dollar.

Xinhua News Agency correspondents reporting from Istanbul, Turkey.

(XHTV)