Connect with us

China

RCEP က တရုတ်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှိးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့တော် နန်နင်းရှိ ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပသောနေရာ၌ ဖြတ်သန်းသွားလာနေသူများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

မလေးရှား မဂ္ဂနိစ်သတ္တုရိုင်း များ တင်ဆောင်လာသော ကုန်တင်သင်္ဘောတစ်စင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Beibu ပင်လယ်ကွေ့သို့ မေ ၂၇ ရက်က ဆိုက်ကပ်လာခဲ့သည်။

အဆိုပါ သတ္တုရိုင်းများကို South Manganese Group လီမိတက်၏ သတ္တုအရည်ကျိုအလုပ်ရုံသို့ ပို့ဆောင်ခဲ့ပြီး ယင်းစက်ရုံတွင် ကမ္ဘာပေါ်၌ အရှည်ဆုံး မဂ္ဂနိစ်စက်မှုလုပ်ငန်းကွင်းဆက်လည်း ရှိသည်။ အဆိုပါ စက်ရုံတွင် သတ္တုရိုင်းများကို စွမ်းအင်သစ်ဘက်ထရီများအတွင်း ကုန်ကြမ်းပစ္စည်းများအဖြစ် ပြည်တွင်း၌ ရောင်းချခြင်းနှင့် ဂျပန်နိုင်ငံသို့ တင်ပို့ခြင်းမပြုမီ electrolytic မဂ္ဂနိစ်ဒိုင်အောက်ဆိုက်အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှိးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Qinzhou ဆိပ်ကမ်းရှိ ကွန်တိန်နာဆိပ်ကမ်းအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှိးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့တော် နန်နင်းရှိ နန်နင်း နိုင်ငံတကာရထားဆိပ်ကမ်းတွင် လယ်ယာထွက်ကုန်များ တင်ဆောင်ထားသော တရုတ်-ဗီယက်နမ်-လာအို ကုန်တင်ရထားတစ်စင်းအား ၂၀၂၁ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- China Railway Nanning Group Co., Ltd./Handout via Xinhua)

ထို နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနှင့် ရောင်းချမှု၏ သီးခြားလုပ်ငန်းသည် တရုတ်နိုင်ငံနှင့် ၎င်း၏ ဒေသတွင်း မိတ်ဖက်နိုင်ငံများထံ စီးပွားရေးအကျိုးအမြတ်များ ဆောင်ကြဉ်းပေးသည့် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု (RCEP) သဘောတူညီချက်ကို မကြာသေးမီက ဖွဲ့စည်းထားသော စွမ်းအားကို သရုပ်ဖော်ပေးခြင်းလည်း ဖြစ်သည်။

RCEP သည် မလေးရှားနိုင်ငံတွင် မဂ္ဂနိစ်သတ္တုရိုင်း အခွန်ကို ၃ ရာခိုင်နှုန်းမှ ၂.၄ ရာခိုင်နှုန်းအထိ လျှော့ချပေးပြီး နိုင်ငံတကာဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်စေရန် တရုတ်၊ အာဆီယံနှင့် ဂျပန်တို့ကို စက်မှုလုပ်ငန်းဆိုင်ရာချိတ်ဆက်ပေးခြင်းဖြစ်သလို ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးခြင်း ဖြစ်သည်။

ယနေ့အချိန်အထိ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ဖြစ်သော RCEP သဘောတူညီချက်သည် ၂၀၂၂ ခုနှစ်၏ ပထမဆုံးနေ့ရက်၌ပင် အသက်ဝင်လာခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအား ထင်သာမြင်သာရှိသော အကျိုးအမြတ်များ ဆောင်ကြဉ်းပေးခဲ့ပေသည်။

ပထမသုံးလပတ်အတွင်း အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ အာဆီယံသို့ တရုတ်နိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန်မှာ ယွမ် ၁.၃၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၀၂.၂ ဘီလီယံ) အထိ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၈.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်၊ တရုတ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်ရေး၏ ၁၄.၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံကြား ကုန်သွယ်ရေးသည် ၄၇.၂ ရာခိုင်နှုန်း သို့မဟုတ် RCEP မိတ်ဖက်နိုင်ငံများနှင့် တရုတ် နိုင်ငံခြားကုန်သွယ်ရေး၏ ထက်ဝက်နီးပါးရှိကြောင်း အချက်အလက်များအရ သိရသည်။ RCEP သဘောတူညီချက်နှင့်အတူ အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဥရောပသမဂ္ဂ (EU) ကို တစ်ဖန်ပြန်လည်ကျော်တက်သွားပြီဖြစ်သည်။

RCEP အသက်ဝင်လာချိန်မှစ၍ ထိုသဘောတူညီချက်သည် စီးပွားရေးလုပ်ငန်းများကို ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလျက်ရှိကြောင်း၊ စည်းကြပ်ခွန်များလျှော့ချပြီးနောက် သွင်းကုန် ကုန်ကျစရိတ်များ လျှော့ချခြင်းနှင့် ပို့ကုန်အခွင့်အလမ်းများ မြှင့်တင်ခြင်းကို ထူထောင်ပေးခဲ့သည်။ ယင်းသဘောတူညီချက်အရ ဒေသတွင်း ကုန်စည် ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်သည် နောက်ဆုံးတွင် စည်းကြပ်ခွန်ကင်းလွတ်လာမည်ဖြစ်ကာ နယ်စပ်ကုန်သွယ်ရေးကို ကြီးမားစွာ မြှင့်တင်ပေးမည်ဖြစ်သည်။

RCEP အသက်ဝင်လာခြင်းသည် ကုမ္ပဏီနှင့် မလေးရှားနိုင်ငံရှိ မိတ်ဖက်ကုမ္ပဏီများကို ထင်သာမြင်သာရှိသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့ကြောင်း South Manganese Group လီမိတက် မာကတ်တင်းဌာန၊ အထွေထွေမန်နေဂျာ Li Jianjun က ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ အဆိုပါ ကုမ္ပဏီဖြင့် မလေးရှားနိုင်ငံမှ တင်သွင်းသော မဂ္ဂနိစ်သတ္တုရိုင်းပမာဏမှာ ယမန်နှစ်ကထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်ကျစရိတ်လျှော့ချခြင်းသည် ထုတ်ကုန်များ၏ နိုင်ငံတကာဈေးကွက် ယှဉ်ပြိုင်နိုင်မှုကိုလည်း မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် RCEP သည် စက်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ပုံဖော်၊ ချဲ့ထွင်ရေးတွင် ပါဝင်ရန် ဒေသတွင်းရှိ ဆက်စပ်သောနိုင်ငံများကို မောင်းနှင်လျက်ရှိသည်။ ဥပမာအားဖြင့် လူသိများသော စွမ်းအင်သစ်မော်တော်ယာဉ်လုပ်ငန်း မြှင့်တင်ခြင်းတွင် တရုတ်နိုင်ငံရှိ စက်မှုလုပ်ငန်းကွင်းဆက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးလျက်ရှိကြောင်း Li က ဆိုသည်။

“ကျွန်တော်တို့ဟာ ဂျပန်နိုင်ငံမှာရှိတဲ့ လူသိများတဲ့ ဘက်ထရီကုမ္ပဏီဆီကို ကုန်ကြမ်းတွေပံ့ပိုးပေးပြီး စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်သူများ၏ ပြည်တွင်းဘက်ထရီများစွာအတွက် ကုန်ကြမ်းတွေိကိုလည်း ပံ့ပိုးပေးပါတယ်။ နိုင်ငံများစွာက နှစ်ဦးနှစ်ဖက်ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေဖို့ ဒီလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ချိတ်ဆက်လာကြပါတယ်” ဟု Li က ပြောခဲ့သည်။

ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းကြား နက်ရှိုင်းသော ချိတ်ဆက်မှုသည် ဒေသတွင်းရှိ နယ်စပ်ဖြတ်ကျော် ကုန်စည်ပမာဏကို စဉ်ဆက်မပြတ်တိုးတက်စေရန် တိုက်ရိုက် မောင်းနှင်ပေးလျက်ရှိပေသည်။

China State Railway Group ကုမ္ပဏီလီမိတက်၏ စာရင်းအင်းများအရ စုစုပေါင်း ၃၁၉,၀၀၀ TEUs အား ယခုနှစ် ဇန်နဝါရီလမှ မေလအထိ နိုင်ငံတကာ ကုန်း-ရေ ကုန်သွယ်ရေးစင်္ကြံသစ်မှတစ်ဆင့် ရထားလမ်း-ပင်လယ်ရေကြောင်း ကွန်တိန်နာရထားများဖြင့် ပို့ဆောင်ခဲ့ပြီး ယမန်နှစ်ကထက် ၃၇.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အလားတူကာလမှပင် တရုတ်-ဗီယက်နမ် ကုန်တင်ရထား ၁၄၀ ကိုလည်း ပြေးဆွဲခဲ့ကာ ၄၁၇၆ TEUs တင်ပို့နိုင်ခဲ့ပြီး ၂၀.၇ ရာခိုင်နှုန်းနှင့် ၂၆.၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းရှိ ဗီယက်နမ် အထွေထွေကောင်စစ်ဝန် Do Nam Trung ကလည်း RCEP တွင် ပါဝင်ခြင်းသည် အဖွဲ့ဝင်နိုင်ငံတိုင်းကို အလွန်ပင်အပြုသဘောဆောင်သည့် လွှမ်းမိုးမှုတစ်ခု ရှိစေမည်ဖြစ်ကြောင်းနှင့် RCEP အနေဖြင့် ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်များ ပံ့ပိုးပေးသွားမည်ဖြစ်သလို ဗီယက်နမ်၏ စီးပွားရေးကိုလည်း အပြုသဘောဆောင်သည့် ကဏ္ဍများ ပိုမိုဆောင်ကြဉ်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

RCEP အသက်ဝင်လာချိန်မှစ၍ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် e-commerce တိုးတက်မှုကို ထပ်မံမြှင့်တင်နိုင်ခဲ့ပြီး သွင်းကုန်နှင့် ပို့ကုန်ပမာဏလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အာဆီယံသို့ တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce သွင်းကုန်နှင့် ပို့ကုန်စီးပွားရေးလုပ်ငန်းအတွက် အရေးပါသော အချက်အချာဒေသဖြစ်ပြီး အရှေ့တောင်အာရှဒေသ၏ အထင်ကရ e-commerce ပလက်ဖောင်းဖြစ်သည့် Lazada ၏ ပထမဆုံး နယ်စပ်ဖြတ်ကျော် တီထွင်ဆန်းသစ်မှုစင်တာနှင့် အာဆီယံ နယ်စပ်ဖြတ်ကျော် ထောက်ပို့သယ်ပို့စင်တာ Shopee စသည်တို့ အပါအဝင် နယ်စပ်ဖြတ်ကျော် e-commerce စီးပွားရေးလုပ်ငန်း ၁၀၀ ကျော်ကိုလည်း ဆွဲဆောင်ထားလျက်ရှိသည်။

ကွမ်ရှီးအား အာဆီယံသို့ နယ်စပ်ဖြတ်ကျော် အဓိက e-commerce ထောက်ပံ့ပို့လမ်းကြောင်းများ ပုံစံပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ဘန်ကောက်၊ ကွာလာလမ်ပူနှင့် စင်ကာပူသို့ နယ်စပ်ဖြတ်ကျော် e-commerce ဝေဟင်လမ်းကြောင်း ၁၀ ခုဖွင့်လှစ်ထားကြောင်း၊ အာဆီယံအား ဦးတည်လျက် ကုန်တင်အဝေးပြေး ကုန်စည်စက်ဝန်း တည်ဆောက်မှုကိုလည်း အဆင့်မြှင့်တင်လျက်ရှိကြောင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး Diao Weihong က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အာဆီယံနှင့် ချိတ်ဆက်ထားသော ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးကွန်ရက်များနှင့် နယ်စပ်ဖြတ်ကျော် အဝေးပြေးလမ်းနှင့် ရထားလမ်း ထောက်ပံ့သယ်ပို့ရေး လမ်းကြောင်းများကလည်း အားကောင်းလျက်ရှိသည်ဟု ဆိုသည်။

နယ်စပ်ဖြတ်ကျော် e-commerce က ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံကြား စီးပွား‌ရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုများ မြှင့်တင်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံမှ ကုန်စည်များကို အခြားနိုင်ငံအား မိတ်ဆက်သွားမည် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ ဝင်ငွေများ မြင့်တက်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း နန်နင်းမြို့ရှိ အထွေထွေကောင်စစ်ဝန် Benjamas Tanvetyanont က ပြောကြားခဲ့သည်။
RCEP မူဘောင်အရ စည်းကြပ်ခွန်လျှော့ချခြင်းနှင့် မူလအရင်းအမြစ်စုဆောင်းခြင်းစည်းမျဉ်း စသည့် ကောင်းမွန်သော မူဝါဒများကိုလည်း အကောင်အထည်ဖော်လျက်ရှိပြီး တရုတ်နိုင်ငံနှင့် အာဆီယံကြား ပို့ကုန်တိုးတက်မှု၏ သိသာသော အကျိုးကျေးဇူးများကို ဖြည်းဖြည်းချင်း မီးမောင်းထိုးပြလျက်ရှိသည်။

အထွေထွေ အကောက်ခွန် စီမံခန့်ခွဲမှုဦးစီးဌာနမှ အချက်အလက်များအရ ၂၀၂၂ ခုနှစ် ပထမငါးလတွင် တရုတ်နိုင်ငံနှင့် အာဆီယံကြား စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ယွမ် ၂.၃၇ ထရီလီယံ အထိ ရောက်ရှိလာခဲ့ပြီး ၈.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် တစ်ဖက်နှင့်တစ်ဖက် အကြီးဆုံးကုန်သွယ်ဖက်များအဖြစ်လည်း ဆက်လက်တည်ရှိနေကြပေသည်။ (Xinhua)

………………………………………………

RCEP deepens China-ASEAN economic and trade cooperation
Source: XinhuaEditor: huaxia2022-06-25 09:50:15
NANNING, June 25 (Xinhua) — On May 27, a cargo ship loaded with Malaysian manganese ore arrived at Beibu Gulf Port in south China’s Guangxi Zhuang Autonomous Region.

The ore was sent to the smelting workshop of South Manganese Group Ltd., which has the longest manganese industry chain in the world. There, it was made into electrolytic manganese dioxide before being sold domestically and exported to Japan as a raw material within new-energy batteries.

This particular case of cross-border trade, industry and sale illustrates the power of the recently instituted Regional Comprehensive Economic Partnership (RCEP) agreement in bringing economic benefit to China and its regional partners.

The RCEP has helped reduce the tariff on manganese ore in Malaysia from 3 percent to 2.4 percent, making the industrial chain connecting China, ASEAN and Japan more competitive in the international market, and promoting the development of the regional economy.

The RCEP agreement, the world’s largest free trade deal to date, came into force on the first day of 2022. Since then it has brought tangible dividends to economic and trade cooperation between China and ASEAN countries.

Customs data shows that, in the first quarter, China’s imports and exports to ASEAN reached 1.35 trillion yuan (202.2 billion U.S. dollars), an increase of 8.4 percent year on year, accounting for 14.4 percent of China’s total foreign trade.

During the period, trade between China and ASEAN accounted for 47.2 percent — or nearly half — of China’s foreign trade with RCEP partners, according to the data. With the RCEP agreement, ASEAN has once again overtaken the EU to become China’s largest trading partner.
Since the RCEP came into effect, it has brought great benefits to enterprises, founded on the reduction of import costs and the increase of export opportunities after tariff reductions. According to the agreement, more than 90 percent of goods traded in the region will eventually become tariff-free, which will greatly boost cross-border trade.

Li Jianjun, general manager of the marketing department of South Manganese Group Ltd., said that the enforcement of the RCEP has brought tangible benefits to the company and its partner company in Malaysia. From January to April in 2022, the amount of manganese ore imported from Malaysia by the company increased by 18 percent year on year, while the cost reduction has improved the international competitiveness of its products.

The RCEP drives relevant countries in the region to participate in the shaping and expansion of industries on a larger scale. For example, the increasingly popular new-energy vehicle industry has linked the industrial chain in China more closely with that in ASEAN countries, Japan and the Republic of Korea, according to Li.

“We provide raw materials to a well-known battery company in Japan, and we are also the raw-material supplier for many domestic battery manufacturers of new-energy vehicles. Many countries are increasingly engaged in cooperation in this industry to seek win-win development,” Li said.

The deep link between trade and industry has directly driven the substantial growth of cross-border freight volume in the region.

According to the statistics of the China State Railway Group Co., Ltd., a total of 310,000 TEUs were sent by combined rail-sea container trains via the New International Land-Sea Trade Corridor from January to May this year, a year-on-year increase of 37.7 percent. During the same period, 140 China-Vietnam freight trains were operated, with 4,176 TEUs shipped, up by 20.7 percent and 26.5 percent, respectively.

Do Nam Trung, consul general of Vietnam in Nanning, capital of Guangxi, said that participating in the RCEP will have a very positive influence in every member country, and the RCEP will also provide new opportunities for Vietnam’s development and bring more positive factors to Vietnam’s economy.
Since the RCEP came into force, the development of cross-border e-commerce between China and ASEAN countries has been further enhanced, with increasing import and export volume.

Guangxi is an important hub for China’s cross-border e-commerce import and export business to ASEAN, attracting more than 100 cross-border e-commerce enterprises, including the first cross-border innovation center of Southeast Asia’s flagship e-commerce platform Lazada and the ASEAN cross-border e-commerce logistics center of Shopee.

Diao Weihong, deputy director of the Department of Commerce of Guangxi Zhuang Autonomous Region, said that Guangxi has formed major cross-border e-commerce logistics routes to ASEAN, and opened 10 cross-border e-commerce air routes to Bangkok, Kuala Lumpur and Singapore, while speeding up the construction of an express cargo circle facing ASEAN. At the same time, maritime transport networks and cross-border highway and railway logistics routes connecting ASEAN are increasingly being strengthened.

Benjamas Tanvetyanont, Thai consul-general in Nanning, said cross-border e-commerce will help promote economic and trade relations between Thailand and China, introduce good things from one country to the other, and help the two peoples raise their incomes.

Under the RCEP framework, many favorable policies, such as tariff reductions and the principle of accumulation of origin, have been implemented, which has gradually highlighted the comparative advantage of export growth between China and ASEAN.

Data from the General Administration of Customs shows that in the first five months of 2022, the total trade value between China and ASEAN reached 2.37 trillion yuan, up 8.1 percent. China and ASEAN continue to be each other’s largest trading partners. ■
Photo 1 : People walk out of the venue of the 18th China-ASEAN Expo in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 11, 2021. (Xinhua/Lu Boan)
Photo 2 : Aerial photo taken on Jan. 14, 2021 shows a view of the container wharf of Qinzhou Port, south China’s Guangxi Zhuang Autonomous Region. (Xinhua/Cao Yiming)
Photo 3 : Photo shows a China-Vietnam-Laos freight train loaded with agricultural products at Nanning International Railway Port in Nanning, capital of south China’s Guangxi Zhuang Autonomous Region, May 13, 2021. (China Railway Nanning Group Co., Ltd./Handout via Xinhua)