Connect with us

Economy

ထိုင်ဝမ် အနေဖြင့် သင့်လျော်သော အမည် စာရင်းဖြင့် AIIB သို့ ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ပြောကြား

တရုတ် နိုင်ငံတော် ကောင်စီ ထိုင်ဝမ်ရေးရာဌာန ပြောရေးဆိုခွင့်ရှိသူ မာရှောက်ကွမ်း (Ma Xiaoguang) သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Xinhua)

ပေကျင်း ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ထိုင်ဝမ် အနေဖြင့် အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သို့ မူရင်း အဖွဲ့ဝင် အဖြစ် ပါဝင်နိုင်ခြင်း မရှိခဲ့သော်လည်း အဖွဲ့ဝင်သစ် အနေဖြင့် ပါဝင်နိုင်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီ ထိုင်ဝမ် ရေးရာဌာန ပြောရေး ဆိုခွင့်ရှိသူ မာရှောက်ကွမ်း (Ma Xiaoguang) က ပြောကြား ခဲ့သည်။ မာရှောက်ကွမ်းမှ AIIB သည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် အလျှောက် ပွင့်လင်း သော အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း ထို့ကြောင့် ထိုင်ဝမ် အနေဖြင့် သင့်လျော်သော အမည် စာရင်းဖြင့် ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

မာရှောက်ကွမ်းမှ ထိုင်ဝမ် အနေဖြင့် AIIB သို့ ပါဝင်မည့် ပုံစံနှင့် အမည်ကို အဘက်ဘက်က အကြံ ပေးမှုများကို လက်ခံသွား မည်ဖြစ်ပြီး ထိုင်ဝမ်မှ AIIB သို့ ဝင်ရောက်ခြင်း ကိစ္စကို ကိုင်တွယ် ဖြေရှင်း သွားမည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာမှ စည်းကမ်း သတ်မှတ် ချိန်တွင် ထိုင်ဝမ် အနေဖြင့် AIIB သို့ ဝင်ရောက်သည့် ကိစ္စ အပေါ် ဆွေးနွေး တိုင်ပင်ကာ သင့်လျော်သော အမည်ဖြင့် ပါဝင် နိုင်ရန် ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ဟောင်ကောင် သတင်းဌာန၏ ထုတ်ပြန် ချက်တွင် AIIB ယာယီ အတွင်းရေးမှူးချုပ်ရုံး တာဝန်ရှိသူကို မေးမြန်းခဲ့ရာ နိုင်ငံတကာ လုပ်ငန်းဆောင်ရွက်မှု အစဉ်အလာ အရ မူလ အဖွဲ့ဝင် နိုင်ငံများ တိုင်ပင် ဆွေးနွေးမှု ပြုလုပ်ပြီး အဖွဲ့ဝင် သစ်များ ဝင်ရောက် ခြင်း အပေါ် စည်းကမ်း သတ်မှတ်ခြင်းများကို ဆောင်ရွက် နေဆဲ ဖြစ်ကြောင်း ၊ AIIB သည် ပွင့်လင်းမြင်သာမှု ရှိပြီး နားလည်မှု ရှိသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်သောကြောင့် ထိုင်ဝမ် အပါအဝင် အခြား မူလ အဖွဲ့ဝင် အဖြစ် မပါဝင် နိုင်ခဲ့သူများ ကို တားဆီမှု များပြုလုပ် သွားမည် မဟုတ်ကြောင်း၊ ထိုင်ဝမ်ဘက်မှ အလေးထားမှု များကိုလည်း သက်ဆိုင်ရာမှ စည်းကမ်း သတ်မှတ်မှု ပြုလုပ်ရာတွင် ထည့်သွင်း စဉ်စား သွားမည်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့်လည်း ၎င်းကိစ္စ နှင့် ပတ်သက်ပြီး ကြိုးစား အားထုတ်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ရေးသား ဖော်ပြ ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.