Connect with us

Economy

စီးပွားရေး လုပ်ငန်း ပေါင်း နှစ်သောင်းကျော် ၁၁၇ ကြိမ်မြောက် ကွမ်ကျိုး ကုန်စည် ပြပွဲတွင် ပါဝင်

၁၁၇ ကြိမ်မြောက် ကွမ်ကျိုး ကုန်စည် ပြပွဲ မြင်ကွင်း (ဆင်ဟွာ)

ကွမ်ကျုံး ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ၏ အဓိက ပြပွဲ ဖြစ်သည့် ၁၁၇ ကြိမ်မြောက် တရုတ် ပို့ကုန် သွင်းကုန် ကုန်စည် ပြပွဲကို ဧပြီလ (၁၅) ရက်နေ့တွင် ကွမ်ကျိုး မြို့၌ ကျင်းပ ခဲ့သည်။ ယခု အကြိမ် ပြပွဲသည် အကျယ်အဝန်း ဧရိယာ ၁.၁၈ သန်း စတုရန်း မီတာ ကျယ်ဝန်း ပြီး ပြခန်းပေါင်း ၆၀,၂၂၈ ခု ရှိခဲ့သည်။ ပြည်တွင်း ပြည်ပမှ စီးပွားရေး လုပ်ငန်းစုစုပေါင်း ၂၄,၇၁၃ ခု ပါဝင် ပြသခဲ့သည်။ ပို့ကုန် များအား အမျိုးအစား အလိုက် နေရာ ပေါင်း ၅၀ ခွဲ၍ ပြသခဲ့သည်။ ထ့ိုပြင် စတုရန်း ဧရိယာ မီတာ နှစ်သောင်း ခန့်အား သွင်းကုန် ပြသရန် သီးသန့် ထားရှိ ခဲ့သည်။

ကွမ်ကျိုး ကုန်စည် ပြပွဲ ဒုတိယ ဥက္ကဌ စီးပွားရေး ဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု ညှိနှိုင်း ရေး ကိုယ်စားလှယ် ဒုတိယ ဝန်ကြီး ကျုံးစမ်း (Zhong Shan) မှ ယခုနှစ် ပြည်ပ ကုန်သွယ်ရေး အခြေအနေမှာ အလွန် ရှုပ်ထွေးပြီး မျှော်လင့် ထားသည်ထက် ပိုမို ခက်ခဲ နိုင်ကြောင်း ပြောကြား ခဲ့သည်။

ကွမ်ကျိုး ကုန်စည် ပြပွဲ ပြန်ကြားရေး ပြောရေး ဆိုခွင့် ရှိသူ လျိုကျန်ကျွင်း (Liu Jianjun) မှ လက်ရှိ ကမ္ဘာ့ စီးပွားရေး အခြေအနေ အလွန် ရှုပ်ထွေး နေကြောင်း ၊ ခန့်မှန်းခြေ ယခု အကြိမ်တွင် နိုင်ငံခြား လုပ်ငန်း များ ပြပွဲ သို့ ပါဝင်မှုသည် ယမန်နှစ်များထက် လျော့ကျကြောင်း၊ သို့သော် ကုန်သွယ် မှု ပမာဏ တည်ငြိမ်မှုရှိ နိုင်ကြောင်း ပြောကြားခဲ့သည်။အကောက်ခွန် ဝန်ကြီး ဌာန မှ နောက်ဆုံး ထုတ်ပြန်ချက် အရ ယခုနှစ် ပထမ သုံးလပတ် အတွင်း ပို့ကုန် သွင်းကုန် တန်ဖိုး စုစုပေါင်း ၆ % ကျဆင်းကြောင်း ၊ မတ်လ၏ ကုန်သွယ်မှု ပမာဏသည် ယခင်နှစ် မတ်လထက် ၁၃.၅% ကျဆင်းကြောင်း ပြောကြားခဲ့သည်။

ထိုကြောင့် ယခု အကြိမ် ကုန်စည်ပြပွဲတွင် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ကာ ပြည်ပ ကုန်သွယ်ရေး တိုးမြင့် စေပြီး ကုန်သွယ်မှု နိုင်ငံကြီး မှ ကုန်သွယ်မှု အင်းအားကြီး နိုင်ငံ သို့ တက်လှမ်း နိုင်ရန် ကြိုးစား အားထုတ် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.