Connect with us

China

မြန်မာ နိုင်ငံ အပါအဝင် အာရှအခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) သဘောတူညီမှု စာချုပ် တရားဝင် ချုပ်ဆို

တရုတ် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး လျိုကျိဝေ ( Lou Jiwei ) မှ “AIIB သဘောတူညီချက်” အား တရုတ် နိုင်ငံတော် ကိုယ်စားလှယ် အဖြစ် လက်မှတ် ရေးထိုး နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အာရှအခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ်(AIIB) ၏ မူလ အဖွဲ့ဝင် ၅၇ နိုင်ငံ သည် ပေကျင်းမြို့တွင် ကျင်းပသော “အာရှအခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ်(AIIB) သဘောတူညီချက်” ရေးထိုးပွဲ အခမ်းအနား ကို တက်ရောက် ခဲ့သည်။ AIIB ၏ အခြေခံ စည်းကမ်း သတ်မှတ်ချက်ကြီးများကို လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး AIIB ထူထောင်ရေး အတွက် အရေးကြီးဆုံး ခြေလှမ်းအား တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်သည်။

ယခု အကြိမ် ချုပ်ဆို ခဲ့သော AIIB သဘောတူညီချက် တွင် အခန်းပေါင်း ၁၁ ခန်းပါဝင်ပြီး အချက် ပေါင်း ၆၀ ပါဝင်သည်။ အဖွဲ့ဝင် နိုင်ငံ ၏ အရည်အချင်း ၊ ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု နှင့် မဲပေးခွင့် ၊ လုပ်ငန်း လည်ပတ်မှု ၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ ဖွဲ့စည်းမှု နှင့် ဆုံးဖြတ်ချက် ချမှတ် သည့် စနစ် စသော အဓိက ကျသည့် အချက်များအား အသေးစိတ် စည်းကမ်း သတ်မှတ် ခဲ့ခြင်းအားဖြင့် AIIB လုပ်ငန်း စောလျှင်စွာ လည်ပတ် နိုင်ရန် ခိုင်မာ သည့် အခြေခံ ဥပဒေ များ သတ်မှတ် နိုင်ခဲ့သည်။

စာချုပ် အတွင်း မူလ အဖွဲ့ဝင် နိုင်ငံများ စိတ်ဝင်စား ခဲ့သည့် အချက်မှာ ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု နှင့် မဲပေးနိုင်ခွင့် ဖြစ်သည်။ AIIB ၏ ဥပဒေ သတ်မှတ် ချက်တွင် ရှယ်ယာ စုစုပေါင်း ၏ ရင်းနှီးမြှုပ်နှံမှု အား အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံ သတ်မှတ်ခဲ့ပြီး ဒေသတွင်း နှင့် ဒေသအပြင် ၏ ရင်းနှီးမြှုပ်နှံမှု အချိုးအား ၇၅ း ၂၅ ဟု သတ်မှတ် ခဲ့သည်။ ဒေသအပြင် အဖွဲ့ဝင် ၏ ရှယ်ယာ ပိုင်ဆိုင်မှုအား ၎င်းနိုင်ငံ၏ GDP အပေါ်မူတည်၍ ခွဲတမ်းချမှတ် မည်ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံ ၏ သဘောထားကိုလည်း အလေးထား ဆောင်ရွက်မည် ဖြစ်သည်။

စာချုပ် အတွင်း သတ်မှတ် ထားသော စည်းကမ်း သတ်မှတ်ချက် များအရ တရုတ် နိုင်ငံ သည် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ၂၉.၇၈၀၄ ဘီလီယံ ဖြင့် မဲပေးခွင့် ၂၆.၀၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး AIIB ၏ ရှယ်ယာ ပိုင်ဆိုင်မှု အများဆုံး နှင့် မဲပေးနိုင်သည့် ရာခိုင်နှုန်း အများဆုံး နိုင်ငံ ဖြစ်ခဲ့သည်။
လက်ရှိအချိန် တွင် AIIB ရုံးချုပ်အား တရုတ် နိုင်ငံ ပေကျင်းမြို့တွင် ထားရှိရန် ဆုံးဖြတ်ချက် ချခဲ့ပြီး နောင်အချိန် တွင် AIIB ၏ လုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး လိုအပ် ချက် အရ အခြားဒေသ များတွင် ရုံးခွဲများ ဖွင့်လှစ် သွားမည် ဖြစ်သည်။ AIIB သဘောတူူညီမှု စာချုပ်တွင် ဥက္ကဌ ရာထူးအား အာရှဒေသတွင်း အဖွဲ့ဝင် နိုင်ငံ အတွင်းမှ ရွေးချယ် သွားမည် ဖြစ်ပြီး သက်တမ်း အား ၅ နှစ် သတ်မှတ် ထားကာ ဆက်တိုက်ဝင်ရွေးခွင့် နှင့် တာဝန် ထမ်းဆောင်ခွင့် တစ်ကြိမ် ရရှိမည် ဖြစ်သည်။

ယခု အကြိမ် သဘောတူညီမှု စာချုပ် ချုပ်ဆိုရာတွင် မူလ အဖွဲ့ဝင် ၅၇ နိုင်ငံမှ နိုင်ငံ ပေါင်း ၅၀ က စာချုပ်တွင် လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ အခြား လက်မှတ် ရေးထိုးရန် ကျန်ရှိသော နိုင်ငံ များ အနေဖြင့် ၂၀၁၅ ခုနှစ် နှစ်ကုန် မတိုင်မည် လက်မှတ်ရေးထိုးသွား ရမည် ဖြစ်သည်။ ထို့ပြင် မူလ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာ မိမိနိုင်ငံ၏ လွှတ်တော် မှ ခွင့်ပြုမိန့် ရရှိထား ရမည် ဖြစ်ပြီး ခွင့်ပြုမိန့် ရရှိပြီး မှသာ AIIB ၏ မူလ အဖွဲ့ဝင် နိုင်ငံ အဖြစ် သတ်မှတ် နိုင်မည် ဖြစ်သည်။

AIIB စတင် ဖွင့်လှစ် လည်ပတ် နိုင်ရန် အထက်ဖော်ပြ ထားသည့် အချိန် အထိ ကြာမြင့်မည် မဟုတ်ဘဲ ။ သဘောတူညီမှု စာချုပ် တွင် အနည်းဆုံး အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံ လက်မှတ်ရေးထိုးပြီး ရှယ်ယာ စုစုပေါင်း ၏ ရင်းနှီးမြှုပ်နှံမှု ၅၀ ရာခိုင်နှုန်း ပြည့်ပါက ယခုနှစ်နှစ် ကုန် တွင် AIIB အား စတင် ဖွင့်လှစ် လည်ပတ်တော့ မည်ဖြစ်သည်။

ယခု ပြုလုပ်သော လက်မှတ် ရေးထိုးပွဲ တွင် မူူလ အဖွဲ့ဝင် ၅၇ နိုင်ငံလုံး လက်မှတ်ရေးထိုးပွဲ သို့တက်ရောက် ခဲ့ပြီး လွှတ်တော်မှ ခွင့်ပြုမိန့် ရရှိပြီးသော နိုင်ငံ ၅၀ မှ လက်မှတ် ရေးထိုးခဲ့ကြသည်။ လက်မှတ်ရေးထိုး ခဲ့သည့် နိုင်ငံ များမှာ အဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ အစ္စရေး၊ ဂျော်ဒန်၊ ကာဇက်စတန်၊ တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ လာအို ၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ အိုမန်၊ ပါကစ္စတန်၊ ကာတာ၊ ဆော်ဒီ အာရေဗျ ၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ဂျော်ဂျီယာ၊ တူရကီ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဥဇဘက်၊ ဗီယက်နမ် ၊ တာဂျစ်စတန် ၊ သြစတြီးယား၊ ပြင်သစ်၊ ဖင်လန်၊ ဂျာမနီ၊ အိုက်စလန်၊ အီတလီ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နော်ဝေး၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူနိုက်တက် ကင်းဒမ်း ၊ မော်လ်တာ ၊ သြစတြေးလျ ၊ နယူးဇီလန် ၊ ဘရာဇီး နှင့် အီဂျစ် တို့ဖြစ်ကြသည်။

ထိုင်း ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ကူဝိတ် ၊ ဒိန်းမတ် ၊ ပိုလန် နှင့် တောင်အာဖရိက စသည့် လွှတ်တော် မှ ခွင့်ပြုမိန့် မကျသေးသော နိုင်ငံ များ အနေဖြင့် ယခု နှစ် မကုန်ခင် အထိ လက်မှတ် ရေးထိုးနိုင်မည် ဖြစ်သည်။ အခမ်းအနားတွင် တရုတ် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးမှ တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖြစ် လက်မှတ် ရေးထိုးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117