Connect with us

Media

တရုတ်နိုင်ငံ နှင့် ဗဟိုအာရှနိုင်ငံများ၏ ဆက်ဆံရေးသည် အလားအလာကောင်းများဖြင့် တိုးတက်လျက်ရှိကြောင်းဝမ်ရိဆို

ပေကျင်း၊မတ် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ဗဟိုအာရှ ၅ နိုင်ငံ၏ ဆက်ဆံရေးသည် ယခု ကာလတွင် ရွှေရောင်သက်တမ်း ဖြစ်သည့် နှစ်ပေါင်း ၃၀ သို့ ရောက်ရှိလာပြီဖြစ်ကာ အလားအလာကောင်းများဖြင့်တိုးတက်လျက်ရှိကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝမ်ရိက မတ် ၇ ရက်တွင်ပြောကြားခဲ့ကြောင်း သိရသည်။
“ဗဟိုအာရှနိုင်ငံတွေမှာ တိုးတက်ဖို့၊ စည်ပင်ဝပြောဖို့၊ တည်ငြိမ်မှုရှိဖို့နဲ့ အားကောင်းတဲ့ဖွံ့ဖြိုးမှုတွေရှိဖို့ဆိုတာ တရုတ်နိုင်ငံ နဲ့ ဒေသတွင်းရှိ အခြားနိုင်ငံတွေ ရဲ့ ဘုံ အကျိုးစီးပွားဖြစ်ပါတယ်” ဟု ဝမ်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ဗဟိုအာရှ ၅ နိုင်ငံဖြစ်သည့် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့မန်နစ္စတန် နှင့် ဥစဘက်ကစ္စတန် နိုင်ငံများအကြားသံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်ပေါင်း ၃၀ ပြည့်မြောက်သည့်အထိမ်းအမှတ်အခါသမယဖြစ်သည်။
တရုတ်နိုင်ငံက အပြန်အလှန်လေးစားခြင်း၊ ကောင်းမွန်သည့်အိမ်နီးချင်း ချစ်ကြည်ဆက်ဆံရေးကိုကျင့်သုံးခြင်း၊ စည်းလုံးညီညွတ်မှုရှိစေဖို့ကြိုးပမ်းခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေခြင်းတို့ဖြင့် ဗဟိုအာရှနိုင်ငံများနှင့်အတူလက်တွဲကြိုးပမ်းကာ ကြွယ်ဝသည့်အရင်းအမြစ်များ၊ အသီးအပွင့်ကောင်းများနှင့်အတူ အဓွန့်ရှည်သည့်ချစ်ကြည်ဆက်ဆံရေး ကို ဖော်ညွှန်းသည့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုကိုထူထောင်လျက်ရှိသည့်အပြင် တရုတ်-ဗဟိုအာရှနိုင်ငံများအတွက် အတူမျှဝေခံစားနိုင်သည့် ကံကြမ္မာအကျိုးတူအသိုက်အဝန်း တစ်ခုကိုဖော်ဆောင်ဖို့ ကြိုးပမ်းလျက်ရှိပါကြောင်းဝမ်ကဆိုသည်။
တရုတ်- ဗဟိုအာရှနိုင်ငံများ၏ ချစ်ကြည်ရေးကို နောက်ထပ် ဆယ်စုနှစ်၃ ခု အတွင်း ကြီးမားစွာအောင်မြင်စေဖို့ တရုတ်နိုင်ငံကလည်း ကပ်ရောဂါ တားဆီးထိန်းချုပ်ရေး၊ ထုတ်လုပ်မှုစွမ်းရည်များ၊ စွမ်းအင်များ၊လယ်ယာစိုက်ပျိုးရေး၊ လူသားချင်းစာနာမှု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု စသည့်ကဏ္ဍများတွင် အဆိုပါ ၅ နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကိုချဲ့ထွင်သွားရန်ဆန္ဒရှိပါကြောင်းဝမ်က ပြောကြားခဲ့သည်။ (Xinhua)

………………………..
(English Version)
GLOBALink | China-Central Asia relations enjoy bright prospect of vibrant growth: Chinese FM

BEIJING, March 7 (Xinhua) — China’s relations with five Central Asian countries, which are now at a golden age of 30, enjoy a bright prospect of vibrant growth, State Councilor and Foreign Minister Wang Yi said Monday.
“A growing, prosperous, stable and dynamic Central Asia is in the common interest of China and other countries in the region,” Wang told a press conference.
This year marks the 30th anniversary of the establishment of diplomatic ties between China and the five Central Asian nations of Kazakhstan, Kyrgyzstan, Tajikistan, Turkmenistan and Uzbekistan.
China will continue to follow the principles of mutual respect, good-neighborly friendship, solidarity in trying times and mutual benefit as it works with Central Asian countries to forge a strategic partnership featuring rich substance, fruitful results and enduring friendship and build a China-Central Asia community with a shared future, said Wang.
To usher in another three decades of great achievements for China-Central Asia relations, China is willing to expand cooperation with the five countries in the fields of COVID-19 pandemic response, production capacity, energy, agriculture, humanity, digital economy and green development, according to Wang.

Produced by Xinhua Global Service