Connect with us

Media

တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်-အမေရိကန် ဆက်ဆံရေး လမ်းကြောင်းမှန်ပေါ်သို့ပြန်လည် ရောက်ရှိစေရန် တိုက်တွန်း

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဝမ်ရိက မတ် ၇ ရက်တွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ၎င်းတို့၏ တရုတ်နိုင်ငံဆိုင်ရာမူဝါဒအပေါ် လက်တွေ့ကျမှုနှင့် ကျိုးကြောင်းစီလျော်မှု ကို ဦးတည်ကာ လမ်းကြောင်းမှန်ပေါ်သို့ပြန်လည်တွန်းတင်ရန် နှင့် နှစ်နိုင်ငံချစ်ကြည်ဆက်ဆံရေးကို ကောင်းမွန် ပြီး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေမည့်လမ်းကြောင်းမှန်ပေါ်သို့ပြန်လည်ရောက်ရှိစေရန် လုပ်ဆောင်ဖို့လိုအပ်ကြောင်းတိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု၏ ဆက်ဆံရေးတွင် “အားပြိုင်မှု – ပူးပေါင်းကြံစည်မှု – ဆန့်ကျင်ဘက်ပြုမှု ” ဟူသည့် သုံးပွင့်ဆိုင် သဘောမူဝါဒနေရာ၌ အပြန်အလှန်လေးစားမှု ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမှု စသည့် မူဝါဒ ၃ ခုအား အစားထိုးသင့်ကြောင်း ဝမ်ကဆိုသည်။

အင်အားကြီးနိုင်ငံများအကြား ယှဉ်ပြိုင်မှုများသည် အစဉ်အလာတစ်ခုမဖြစ်သင့်ကြောင်း နှင့် အရှုံးအနိုင်မပေါ်သောပြိုင်ဆိုင်မှုက မှန်ကန်သည့် ရွေးချယ်မှုတစ်ခုမဟုတ်ကြောင်း ဝမ်ကဆိုသည်။
ဂလိုဘယ်လိုက်ဇေးရှင်း နှင့် အပြန်အလှန်အမှီသဟဲပြုနေရသည့် ကမ္ဘာကြီးတွင် နှစ်နိုင်ငံအနေဖြင့် မှန်ကန် ပြီး ရှေ့ဆက်လျှောက်ရမည့်လမ်းကြောင်းကိုမည်သို့ရှာဖွေရမည် နှင့် အတူယှဉ်တွဲလျှောက်လှမ်းရန် ထိန်းကြောင်းမှုသည် နှစ်ဖက်စလုံးအတွက် လူသားဆန်မှုမေးခွန်းအသစ်တစ်ခုဖြစ်လာရာ တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့သည် အတူတကွ ကြိုးပမ်းလုပ်ဆောင်ခြင်းအားဖြင့် အဆိုပါ မေးခွန်းကို အဖြေထုတ်နိုင်မည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။ (Xinhua)

……………………………………..
(English Version)
GLOBALink | Chinese FM urges bringing China-U.S. relations back on right track
BEIJING, March 7 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi on Monday urged the United States to return its China policy to the right track guided by reason and pragmatism, and bring bilateral relations back on the right path of healthy and stable development.
China and the United States must replace the “competitive-collaborative-adversarial” trichotomy with the three principles of mutual respect, peaceful coexistence and win-win cooperation, said Wang.
Competition between major countries should not be the order of the day and zero-sum game is not the right choice, Wang said.
In a globalized and interdependent world, how will the two countries find the right way forward and manage to get along is both a new question for humanity and a formulation that must be worked out by China and the United States together, Wang added.

Produced by Xinhua Global Service