Connect with us

Media

ပေကျင်းဆောင်းရာသီအိုလံပစ်အတွက် မြန်နှုန်းမြင့်ရထားစတင်ပြေးဆွဲ

ပေကျင်း ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ပေကျင်း ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲအတွက် အထူးပြုလုပ်ဖန်တီးထားသည့် ပထမဆုံးမီးရထားသည် ကြာသပတေးနေ့ (ဇန်နဝါရီ ၆ ရက်) က စတင်ပြေးဆွဲခဲ့သည်။
အဆိုပါ မြန်နှုန်းမြင့်ရထားလမ်းကြီးသည် ယခုလာမည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ်ပူးတွဲကျင်းပမည့် ပေကျင်းမြို့နှင့် ကျန်းကျားခို မြို့များကို ဆက်သွယ်ထားသည်။
ရထားကို ဆောင်းရာသီအိုလံပစ်ကို ဖော်ကျုးသည့် ပစ္စည်းများနှင့် အလှဆင်ထားပြီး အထူးပြုလုပ်ထားသည့် အထောက်အကူပြုပစ္စည်းများကိုလည်း တပ်ဆင်ထားသည်။
ရထားတွင် နှင်းလျှောစီးပစ္စည်းများ သိမ်းဆည်းထည့်ထားနိုင်ရန် လော်ကာ (Locker) များ၊ ဘီးတပ်ကုလားထိုင်များ အဝင်အထွက် လုပ်ရန်နေရာလွတ်များအပြင် 5G နည်းပညာသုံး တိုက်ရိုက်ထုတ်လွှင့်နိုင်သည့် သတင်းခန်းလည်း ပါဝင်သည်။
ရထားကို အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲနိုင်ရန် ပုံစံထုတ်လုပ်ဖန်တီးထားသည်။
ရထားသည် အိုလံပစ်ပြိုင်ပွဲတွင် အဓိက ယှဉ်ပြိုင်ပွဲများ ပြုလုပ်မည့် မြို့၃ မြို့ဖြစ်ကြသော ပေကျင်းမြို့လယ်၊ ပေကျင်း မြို့အနောက်မြောက်ဘက် ယန်ချင်းဒေသ နှင့် တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ကျန်းကျားခိုမြို့များကို ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲမည် ဖြစ်သည်။

“ အခုကျည်ဆန်ရထားက အလိုအလျောက်မောင်းနှင်တဲ့စနစ်ကိုပဲသုံးထားတယ်။
တစ်နာရီကို ၃၅၀ ကီလိုမီတာပြေးဆွဲပါတယ်။ ဒါ့အပြင် ရထားပေါ်မှာ 5G နဲ့ 4K နည်းပညာတွေ အသုံးပြုလို့ရအောင် စီစဉ်ထားပါတယ်။ မြန်နှုန်းမြင့်ရထားပေါ်မှာ ကမ္ဘာ့ပထမဆုံး 5G သုံး အလွန်ကောင်းမွန်တဲ့ HD မိုဘိုင်းစတူဒီယိုလည်းပါတယ်”

“ဒီရထားရဲ့စွမ်းအင်ချွေတာတဲ့နည်းပညာတွေအရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်
သဟဇာတကိုက်ညီမှု များစွာရှိတဲ့အပြင် မြေကြီးထဲပျော်ဝင်တဲ့ ပစ္စည်းများနဲ့ လည်းပြုလုပ်ထားပါတယ်။ဒါကြောင့်ရထားရဲ့အတွင်းအင်အားသုံးထားသည့်ပစ္စည်းများ (၇၅)ရာခိုင်နှန်းကိုပြန်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရထားခေါင်းက သွက်သွက်လက်လက် ခုတ်မောင်းသွားလာလှုပ်ရှားနိုင်တယ်”
“မီးရထားစက်ခေါင်းက စွမ်းအင်သုံးစွဲမှု ၁၀ ရာခိုင်နှုန်းကိုလျှော့ချပေးနိုင်တယ်။ ဆိုလိုတာက ရထားဟာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နှစ်ကို ၁.၈ သန်း Kilowatt-hours ချွေတာစုဆောင်းနိုင်တယ်” (Xinhua)

………………………………….
(English Version)

GLOBALink | High-speed train designed for Beijing Winter Olympics makes first journey

The first train custom-made for the Beijing Winter Olympics set off on Thursday on the high-speed railway linking Beijing and Zhangjiakou, the co-host cities of the upcoming 2022 Winter Games.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.