Connect with us

Media

ရုရှားစစ်လေယာဉ်များ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအား တင်ဆောင်လျက် ကာဇက်စတန်နိုင်ငံသို့ ပျံသန်းထွက်ခွာ

မော်စကို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ လေတပ်မှ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ် အစိတ်အပိုင်းတစ်ခုအဖြစ် ကာဇက်စတန်နိုင်ငံသို့ တပ်ဖွဲ့တစ်ဖွဲ့အားစေလွှတ်ခဲ့ကြောင်း စစ်တပ်အသိုင်းအဝိုင်းမှ ဇန်နဝါရီ ၆ ရက်တွင်ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့၌ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့ပါဝင်ကြောင်း၊ ရုရှားဦးဆောင်သည့် CSTO က ၎င်းတို့၏ အင်တာနက်စာမျက်နှာမှ တစ်ဆင့်ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အဆိုပါ မစ်ရှင်၏ အဓိက လုပ်ငန်းများမှာ အရေးကြီးသည့် နိုင်ငံနှင့်စစ်တပ်ပိုင်ပစ္စည်းများအားထိန်းသိမ်းရန်နှင့် အခြေအနေတည်ငြိမ်မှုရှိစေရန် ကာဇက်စတန်နိုင်ငံ၏ ဥပဒေ စိုးမိုးမှုရှိစေရေးအေဂျင်စီများအား ကူညီပေးရန် ဖြစ်ပြီး တပ်ဖွဲ့များ၏ အင်အားကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ကာဇက်စတန်နိုင်ငံ၏ အဓိကမြို့ကြီးတစ်မြို့ဖြစ်သော အယ်လ်မတ်တီမြို့တွင် အဓိကဖြစ်ပွားနေသည့် အကြမ်းဖက်ဆန္ဒပြမှုများကြောင့် ပြီးခဲ့သည့်ရက်များအတွင်း လူပေါင်းများစွာသေဆုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်များအရသိရသည်။

အဓိကရုဏ်းအား အဆုံးသတ်ရန်အလို့ငှာ ကာဇက်စတန်နိုင်ငံ သမ္မတ ကာဆန် ဂျိုမတ် တိုကာယက် (Kassym-Jomart Tokayev) က ဇန်နဝါရီ၅ ရက်တွင် အစိုးရအဖွဲ့အားနုတ်ထွက်ခွင့်ပြုခဲ့ပြီး CSTO ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

……………………..

(English Version)

GLOBALink | Russian planes fly peacekeepers to Kazakhstan: CSTO

MOSCOW, Jan. 6 (Xinhua) — The Russian Aerospace Forces are delivering a contingent to Kazakhstan as part of a peacekeeping mission organized by the Collective Security Treaty Organization (CSTO), the military bloc said Thursday.

The Collective Peacekeeping Forces include troops from Russia, Belarus, Armenia, Tajikistan and Kyrgyzstan, the Moscow-led CSTO said in a statement on its website.

The mission’s main tasks are to protect important state and military facilities, and to provide assistance to the Kazakh law enforcement agencies to stabilize the situation, it added, without disclosing the scale of the forces.

Violent protests in Kazakhstan, particularly in the country’s largest city of Almaty, have caused multiple deaths over the past days, according to various reports.

In order to put an end to the riots, Kazakh President Kassym-Jomart Tokayev accepted the government’s resignation on Wednesday, and then seek help from the CSTO.  Enditem