Connect with us

Media

တရုတ်နိုင်ငံ တောင်ပိုင်း ဆန်းကျန့်မြို့တွင် EVTOL လေယာဉ် ပထမဆုံး မြို့ချင်းချိတ်ဆက် သရုပ်ပြပျံသန်းမှုပြီးစီး

ဆန်းကျန့်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ AutoFlight နည်းပညာကုမ္ပဏီမှ ထုတ်လုပ်ထားပြီး Prosperity ဟု အမည်ပေးထားသည့် eVTOL (ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်သော လျှပ်စစ်လေယာဉ်) သည် နိုင်ငံတောင်ပိုင်း ဆန်းကျန့်မြို့ Shekou Cruise Home ဆိပ်ကမ်းမှ ကျူးဟိုင်မြို့ Jiuzhou ဆိပ်ကမ်းသို့ ပထမဆုံး မြို့ချင်းချိတ်ဆက်ပျံသန်းနိုင်သော လျှပ်စစ်လေယာဉ်တက္ကစီ၏ သရုပ်ပြပျံသန်းမှု ပြီးစီးခဲ့ကြောင်း သိရသည်။

အများဆုံးအကွာအဝေး ကီလိုမီတာ ၂၅၀ အထိ ပျံသန်းနိုင်သော လျှပ်စစ်စွမ်းအင်သုံး Prosperity လေယာဉ်သည် လူ ၅ ဦးကို တင်ဆောင်နိုင်ပြီး အမြန်နှုန်းအနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
EVTOL aircraft completes first inter-city demonstration flight in south China’s Shenzhen
The eVTOL aircraft, developed by a high-tech company AutoFlight and named as Prosperity, completed its first inter-city electric air-taxi demonstration flight from Shekou Cruise Home port in Shenzhen to Jiuzhou Port in Zhuhai.
With a maximum range of 250 kilometers, the electric-powered Prosperity is capable of carrying 5 people with a cruise speed of up to 200 kilometers per hour.