Connect with us

Media

တရုတ်နိုင်ငံ၏ COMAC လေယာဉ်များ အရှေ့တောင်အာရှတွင် သရုပ်ပြပျံသန်းမှုများ စတင်

ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်းလီမိတက် (COMAC) က ထုတ်လုပ်သည့် C919 နှင့် ARJ21 ခရီးသည်တင်ဂျက်လေယာဉ်ကြီးများက အရှေ့တောင်အာရှ၌ သရုပ်ပြပျံသန်းမှုများအား ဖေဖော်ဝါရီ ၂၇ ရက်က စတင်ခဲ့ပြီး ယင်းခရီးသည်တင်ဂျက်လေယာဉ်ကြီးနှစ်စင်းက လာမည့်နှစ်ပတ်အတွင်း ဗီယက်နမ်၊ လာအို ၊ ကမ္ဘောဒီးယား ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့၌ သရုပ်ပြပျံသန်းမည့် အစီအစဉ် ရှိကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပျံသန်းမှုများက အရှေ့တောင်အာရှရှိ လေဆိပ်များနှင့် လမ်းကြောင်းများတွင် တရုတ်နိုင်ငံထုတ် စီးပွားဖြစ်လေယာဉ်၏ လိုက်လျောညီထွေရှိခြင်းအား ထပ်မံအတည်ပြုနိုင်မည် ဖြစ်ကြောင်းနှင့် ကုမ္ပဏီ၏ အရှေ့တောင်အာရှဈေးကွက် ထပ်မံရှာဖွေရေးအတွက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း COMAC က ပြောကြားခဲ့သည်။
C919 နှင့် ARJ21 ခရီးသည်တင်ဂျက်လေယာဉ်ကြီးများက ဖေဖော်ဝါရီ ၂၅ ရက်က ပြီးဆုံးခဲ့သည့် စင်္ကာပူလေကြောင်းပြပွဲ ၂၀၂၄ ၌ စိတ်ဝင်စားမှုအများအပြား ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China’s COMAC airplanes kick off demonstration flights in Southeast Asia
C919 and ARJ21 jetliners produced by the Commercial Aircraft Corporation of China, Ltd. (COMAC) on Tuesday kicked off demonstration flights in Southeast Asia. The two jetliners have a tight schedule in the next two weeks in Vietnam, Laos, Cambodia, Malaysia and Indonesia.
COMAC said on Tuesday the demonstration flights can further verify the adaptability of China-made commercial aircraft to airports and routes in Southeast Asia, and lay a foundation for the company’s future exploration of the Southeast Asian market.
The two models garnered wide attention at the Singapore Airshow 2024 that concluded Sunday.
Xinhua News Agency correspondents reporting from Shanghai, China.(XHTV)