Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆီရာလီယွန်နိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် သမ္မတနှစ်ဦး ဆွေးနွေးပွဲမတိုင်မီ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က ဆီရာလီယွန်နိုင်ငံ သမ္မတ Julius Maada Bio နှင့် ဇနီး Fatima Bio တို့အား ကြိုဆိုပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အလည်အပတ်ရောက်ရှိလာသော ဆီရာလီယွန်နိုင်ငံ သမ္မတ Julius Maada Bio နှင့် ပေကျင်းမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ဆီရာလီယွန်နိုင်ငံတို့သည် ကာလကြာရှည် ချစ်ကြည်ရင်းနှီးမှုရှိကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ပင်မအကျိုးစီးပွားများနှင့် အဓိကစိုးရိမ်ပူပန်မှုများဆိုင်ရာ ကိစ္စရပ်များ၌ အချင်းချင်းထောက်ခံအားပေးခဲ့ကြကြောင်း၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်များ၌ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်လျက်ရှိကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့ ကိစ္စရပ်များကို အနီးကပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အီဘိုလာနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးကိုလည်း အတူတကွဆောင်ရွက်ခဲ့ကြကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အလည်အပတ်ရောက်ရှိနေသော ဆီရာလီယွန်နိုင်ငံ သမ္မတ Julius Maada Bio တို့ ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ဆုံဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

…………………………………
(English Version)
Xi holds talks with Sierra Leonean president
BEIJING, Feb. 28 (Xinhua) — Chinese President Xi Jinping held talks with President of the Republic of Sierra Leone Julius Maada Bio, who is on a state visit to China, in Beijing on Wednesday.
Noting that China and Sierra Leone enjoy a time-honored friendship, Xi said the two sides have supported each other on issues concerning their core interests and major concerns, carried out efficient cooperation in the fields of economic and social development, coordinated closely on issues such as world peace and development, and worked together to fight against Ebola and the COVID-19 pandemic.
Photo 1: Chinese President Xi Jinping and his wife Peng Liyuan hold a welcome ceremony for President of the Republic of Sierra Leone Julius Maada Bio and his wife Fatima Bio prior to the talks between Xi and Julius Maada Bio at the Great Hall of the People in Beijing, capital of China, Feb. 28, 2024. (Xinhua/Huang Jingwen)
Photo 2: Chinese President Xi Jinping holds talks with President of the Republic of Sierra Leone Julius Maada Bio, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, Feb. 28, 2024. (Xinhua/Yin Bogu)